ညစာအတူစားပြီး လမ်းပတ်နဲ့ စကားပြောချင်တဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမားလည်း ဖြစ်တဲ့ လမ်းပတ်ဟာ ဆာရီရဲ့ နည်းပြ နေရာကို ဆက်ခံခဲ့ပြီးနောက် ၁၈လ အကြာမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကလပ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့်လည်း လမ်းပတ်ဟာ အထုတ်ခံရတဲ့ ဘေးဒဏ်ကိုတော့ မရှောင်လွဲနိုင်ခဲ့ပါဘူး။

လမ်းပတ်ထုတ်ပယ်ခံရတာကြောင့် နည်းပြတချို့လည်း စိတ်မကောင်းကြပါဘူး။ လမ်းပတ်ကိစ္စနဲ့ ပတ်သက်ပြီးသတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဂွာဒီယိုလာက ” အသက်ငယ်တဲ့ မန်နေဂျာပဲဖြစ်ဖြစ် ၊ ဝါရင့် မန်နေဂျာပဲ ဖြစ်ဖြစ် ၊ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ရင် နိုင်ပွဲတွေရရှိအောင် လုပ်ဆောင်ပြနိုင်ရပါမယ်။

စီမံကိန်းတွေ ၊ အနာဂတ် အစီအစဉ်တွေ ၊ အိုင်ဒီယာတွေ ရှိတယ်ဆိုတာက အရေးမကြီးပါဘူး”

”တကယ်တမ်း နည်းပြတစ်ယောက် လုပ်ဆောင်ပြရမယ့် အရေးကြီးတဲ့အလုပ်ကတော့အသင်း အနိုင်ရအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ရှူံးပွဲတွေဆက်၊ ရလဒ်မကောင်းရင်တော့ ရာထူးကနေ အထုတ်ခံရမှာပါပဲ။

ချဲလ်ဆီး အသင်းရဲ့ ဆုံးဖြတ်ချက်ကိုဘာမှမပြောချင်ပါဘူး။ လမ်းပတ်အတွက် ကျွန်တော်ပေးနိုင်တာကတော့ နွေးထွေးတဲ့ နှစ်သိမ့်ပေးမှုပါပဲ”

“လော့ဒေါင်းတွေပြီးသွားတဲ့အချိန်မှာ ကျွန်တော်သူ့ကိုနောက်တစ်ကြိမ်တွေ့ဖို့ စားသောက်ဆိုင်ကိုသွားနိုင်ပါတယ်။ စားသောက်ဆိုင် တစ်ဆိုင်မှာပဲ ဖြစ်ဖြစ် ၊ ဘယ်မှာပဲဖြစ်ဖြစ်ပါကျွန်တော် သူနဲ့အတူ ထိုင်ပြီး စကားပြောချင်ပါသေးတယ်။ ပြီးတော့ မကြာခင်မှာ သူ့ကို မန်နေဂျာလောကမှာ ပြန်မြင်ရဖို့ မျှော်လင့်ပါတယ်။”

“သူ့ကိုချယ်လ်ဆီးက နည်းပြအဖြစ် ခန့်အပ်တုန်းကလည်း လူတွေက ထိုက်တန်တယ်လို့ ဆိုခဲ့ကြတာပါပဲ။အဓိကကတော့ ရလဒ်တွေအပေါ်မှာပဲမူတည်ပါတယ်။ဒါကြောင့် နည်းပြဖြစ်လာရင်လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က ရလဒ်ကောင်းရဖို့ပါပဲ။ အဲဒီလိုမှ မဟုတ်ရင် ရှေ့က နည်းပြတွေလိုပဲ ခင်ဗျားလည်း အထုတ်ခံရပါလိမ့်မယ်”လို့ပြောဆိုထားပါတယ်။

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းနည်းပြဟောင်း ဂွာ‌ဒီယိုလာ ကတော့ သူ့ရဲ့နည်းပြသက်တမ်း(၁၂)နှစ်အတွင်းမှာ တစ်ခါမှ ထုတ်ပယ်ခံခဲ့ရခြင်းမရှိပါဘူး။ချယ်လ်ဆီး အသင်းဟာ ကြားရက်မှာ ဝုလ်ဗ်ဗာဟမ်တန်နဲ့ကစားရမှာဖြစ်ပြီး၊ မန်စီးတီး အသင်းကတော့ ဝက်စ် ရွမ်း အသင်းနဲ့ ပရီးမီးယားလိဂ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ညစာအတူစားၿပီး လမ္းပတ္နဲ႔ စကားေျပာခ်င္တဲ့ ဂြာဒီယိုလာ

ခ်ယ္လ္ဆီးအသင္း ဂႏၲဝင္ကစားသမားလည္း ျဖစ္တဲ့ လမ္းပတ္ ဟာ ဆာရီရဲ႕ နည္းျပ ေနရာကို ဆက္ခံခဲ့ၿပီးေနာက္ ၁၈လ အၾကာမွာပဲ နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။ ကလပ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ခဲ့ေပမယ့္လည္း လမ္းပတ္ဟာ အထုတ္ခံရတဲ့ ေဘးဒဏ္ကိုေတာ့ မေရွာင္လြဲႏိုင္ခဲ့ပါဘူး။

လမ္းပတ္ထုတ္ပယ္ခံရတာေၾကာင့္ နည္းျပတခ်ိဳ႕လည္း စိတ္မေကာင္းၾကပါဘူး။ လမ္းပတ္ကိစၥနဲ႔ ပတ္သက္ၿပီးသတင္းစာ ရွင္းလင္းပြဲမွာ နည္းျပ ဂြာဒီယိုလာက ” အသက္ငယ္တဲ့ မန္ေနဂ်ာပဲျဖစ္ျဖစ္ ၊ ဝါရင့္ မန္ေနဂ်ာပဲ ျဖစ္ျဖစ္ ၊ ပရီးမီးယားလိဂ္ ကလပ္ေတြကို ကိုင္တြယ္ရင္ ႏိုင္ပြဲေတြရရွိေအာင္ လုပ္ေဆာင္ျပႏိုင္ရပါမယ္။စီမံကိန္းေတြ ၊ အနာဂတ္ အစီအစဥ္ေတြ ၊ အိုင္ဒီယာေတြ ရွိတယ္ဆိုတာက အေရးမႀကီးပါဘူး”

”တကယ္တမ္း နည္းျပတစ္ေယာက္ လုပ္ေဆာင္ျပရမယ့္ အေရးႀကီးတဲ့အလုပ္ကေတာ့အသင္း အႏိုင္ရေအာင္ လုပ္ေဆာင္ေပးဖို႔ ျဖစ္ပါတယ္။ အဲဒီလိုမွ မဟုတ္ဘဲ ရႉံးပြဲေတြဆက္၊ ရလဒ္မေကာင္းရင္ေတာ့ ရာထူးကေန အထုတ္ခံရမွာပါ ပဲ။ခ်ဲလ္ဆီး အသင္း ရဲ႕ ဆုံးျဖတ္ခ်က္ ကိုဘာမွမေျပာခ်င္ပါဘူး။ လမ္းပတ္အတြက္ ကြၽန္ေတာ္ေပးႏိုင္တာကေတာ့ ေႏြးေထြးတဲ့ ႏွစ္သိမ့္ေပးမႈပါပဲ” “ေလာ့ေဒါင္းေတြၿပီးသြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္သူ႔ကိုေနာက္တစ္ႀကိမ္ေတြ႕ဖို႔ စားေသာက္ဆိုင္ကိုသြားႏိုင္ပါတယ္။စားေသာက္ဆိုင္ တစ္ဆိုင္မွာပဲ ျဖစ္ျဖစ္ ၊ ဘယ္မွာပဲျဖစ္ျဖစ္ပါကြၽန္ေတာ္ သူနဲ႔အတူ ထိုင္ၿပီး စကားေျပာခ်င္ပါေသးတယ္။ၿပီးေတာ့ မၾကာခင္မွာ သူ႔ကို မန္ေနဂ်ာ ေလာကမွာ ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။”

“သူ႔ကိုခ်ယ္လ္ဆီးက နည္းျပအျဖစ္ ခန႔္အပ္တုန္းကလည္း လူေတြက ထိုက္တန္တယ္လို႔ ဆိုခဲ့ၾကတာပါပဲ။အဓိကကေတာ့ ရလဒ္ေတြအေပၚမွာပဲမူတည္ပါတယ္။ဒါေၾကာင့္ နည္းျပျဖစ္လာရင္လုပ္ရမယ့္ တစ္ခုတည္းေသာ အလုပ္ က ရလဒ္ေကာင္း ရဖို႔ပါပဲ ။ အဲဒီလိုမွ မဟုတ္ရင္ ေရွ႕က နည္းျပေတြလိုပဲ ခင္ဗ်ားလည္း အထုတ္ခံရပါလိမ့္မယ္”လို႔ေျပာဆိုထားပါတယ္။

ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းနည္းျပေဟာင္း ဂြာ‌ဒီယိုလာ ကေတာ့ သူ႔ရဲ႕နည္းျပသက္တမ္း(၁၂)ႏွစ္အတြင္းမွာ တစ္ခါမွ ထုတ္ပယ္ခံခဲ့ရျခင္းမရွိပါဘူး။ခ်ယ္လ္ဆီး အသင္းဟာ ၾကားရက္မွာ ဝုလ္ဗ္ဗာဟမ္တန္နဲ႔ကစားရမွာျဖစ္ၿပီး၊ မန္စီးတီး အသင္းက ​ေတာ့ ဝက္စ္ ႐ြမ္း အသင္းနဲ႔ ပရီးမီးယားလိဂ္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။