ညစာစားပွဲ အဖိတ်မခံရလို့ လေ့ကျင့်ရေးကွင်းကနေ မာတစ်ထွက်ခဲ့

Photo- Internet
Photo- Internet

မန်ယူအသင်းကွင်းလယ်လူ မာတစ်ဟာ မနေ့တုန်းကပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ၂၄ မိနစ်သာပါဝင်ပြုလုပ်ပြီးနောက် လေ့ကျင့်ရေးကွင်းကနေထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသင်းလိုက်ညစာစားပွဲ ပြုလုပ်ခဲ့ရာမှာ မာတစ်ကိုဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း မာတစ်ဟာ မန်ယူရဲ့ညစာစားပွဲနေ့မှာ သူ့မိတ်ဆွေဖြစ်တဲ့ ဝုဗ်တိုက်စစ်မှူ း ပက်ထရစ်ကူထရိုနီနဲ့ သာညစာစားရင်း အချိန်ကုန်ခဲ့ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ၂၄ မိနစ်သာပြုလုပ်ပြီးနောက် သူ့ရဲ့မာစီးဒီးကားနဲ့ ထွက်ခွာသွားမှုဟာ ညစာစားပွဲအဖိတ်မခံရမှု နဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်ပါတယ်။

Photo- Internet

ချဲလ်ဆီးကွင်းလယ်လူဟောင်းဖြစ်တဲ့ မာတစ်ဟာ ဒီရာသီနည်းပြဆိုးလ်ရှားလက်အောက်မှာ ပုံမှန်နေရာမရဘဲ ဖရက်ဒ်၊ တွန်မီနေးနဲ့ ပါရဲရား တို့နောက်ကိုရောက်နေကာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာပွဲထွက်ကစားခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း မန်ယူကနေထွက်ဖို့ နီးစပ်လာပြီး သူ့ဆရာဟောင်းရှိရာ စပါးကိုလာမယ့် ဇန်နဝါရီမှာရောက်လိမ့်မယ်လို့လည်း သတင်းထွက်နေပါတယ်။

Photo- Internet

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဆားဘီးယားလက်ရွေးစင် မာတစ်ကို အင်တာမီလန်အသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လေ့ကျင့်ရေးကွင်းကနေ မာတစ်ထွက်ခွာသွားပြီးနောက် ကျန်တဲ့ မန်ယူအသင်းသားတွေဟာ အပေါ့စားလေ့ကျင့်ရေး တွေကိုဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

Photo- Internet

သူ့လုပ်ရပ်ကြောင့် ကလပ်ရဲ့စည်းကမ်းပိုင်းအရ အရေးယူခံရမလားဆိုတာ သေချာမသိရသေးပေမယ့် ဇန်နဝါရီဈေးကွက်ထဲမှာ မာတစ်ထွက်ခွာဖို့ကတော့ ပိုမိုနီးစပ်လာတာတော့ သေချာပါတယ်။ သူသာမန်ယူက ထွက်မယ်ဆိုရင် ခေါ်ယူလိုတဲ့ကလပ်တွေများပြားလိမ့် မယ်လို့လည်း သုံးသပ်နေကြပါတယ်။

Photo- Internet

Zawgyi

ညစာစားပြဲ အဖိတ္မခံရလို႔ ေလ႔က်င့္ေရးကြင္းကေန မာတစ္ထြက္ခဲ့

မန္ယူအသင္းကြင္းလယ္လူ မာတစ္ဟာ မေန႔တုန္းကျပဳလုပ္ခဲ့တဲ႔ အသင္းရဲ႕ေလ႔က်င့္ခန္းအစီအစဥ္ကို ၂၄ မိနစ္သာပါ၀င္ျပဳလုပ္ၿပီးေနာက္ ေလ႔က်င့္ေရးကြင္းကေနထြက္ခြာသြားခဲ့တယ္လို႔ သိရပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ႔တနလၤာေန႔က အသင္းလိုက္ညစာစားပြဲ ျပဳလုပ္ခဲ့ရာမွာ မာတစ္ကိုဖိတ္ၾကားျခင္း မရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္း မာတစ္ဟာ မန္ယူရဲ႕ညစာစားပြဲေန႔မွာ သူ႔မိတ္ေဆြျဖစ္တဲ႔ ၀ုဗ္တိုက္စစ္မွဴ း ပက္ထရစ္ကူထရိုနီနဲ႔ သာညစာစားရင္း အခ်ိန္ကုန္ခဲ့ရပါတယ္။ ေလ႔က်င့္ေရးကြင္းမွာ ၂၄ မိနစ္သာျပဳလုပ္ၿပီးေနာက္ သူ႔ရဲ႕မာစီးဒီးကားနဲ႔ ထြက္ခြာသြားမႈဟာ ညစာစားပြဲအဖိတ္မခံရမႈ နဲ႔တိုက္ရိုက္သက္ဆိုင္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းျဖစ္တဲ႔ မာတစ္ဟာ ဒီရာသီနည္းျပဆိုးလ္ရွားလက္ေအာက္မွာ ပုံမွန္ေနရာမရဘဲ ဖရက္ဒ္၊ တြန္မီေနးနဲ႔ ပါရဲရား တို႔ေနာက္ကိုေရာက္ေနကာ ပရီးမီးယားလိဂ္မွာ ၂ ပြဲသာပြဲထြက္ကစားခဲ့ရပါေသးတယ္။ ဒါေၾကာင့္လည္း မန္ယူကေနထြက္ဖို႔ နီးစပ္လာၿပီး သူ႔ဆရာေဟာင္းရွိရာ စပါးကိုလာမယ္႔ ဇန္န၀ါရီမွာေရာက္လိမ္႔မယ္လို႔လည္း သတင္းထြက္ေနပါတယ္။

အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ႔ ဆားဘီးယားလက္ေရြးစင္ မာတစ္ကို အင္တာမီလန္အသင္းကလည္းေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ ေလ႔က်င့္ေရးကြင္းကေန မာတစ္ထြက္ခြာသြားၿပီးေနာက္ က်န္တဲ႔ မန္ယူအသင္းသားေတြဟာ အေပါ့စားေလ႔က်င့္ေရး ေတြကိုဆက္လက္ျပဳလုပ္ခဲ့ၾကပါတယ္။

သူ႔လုပ္ရပ္ေၾကာင့္ ကလပ္ရဲ႕စည္းကမ္းပိုင္းအရ အေရးယူခံရမလားဆိုတာ ေသခ်ာမသိရေသးေပမယ္႔ ဇန္န၀ါရီေစ်းကြက္ထဲမွာ မာတစ္ထြက္ခြာဖို႔ကေတာ႔ ပိုမိုနီးစပ္လာတာေတာ႔ ေသခ်ာပါတယ္။ သူသာမန္ယူက ထြက္မယ္ဆိုရင္ ေခၚယူလိုတဲ႔ကလပ္ေတြမ်ားျပားလိမ့္ မယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။