ညကြီးအချိန်မတော် အိမ်ထိလာအားပေးကြတဲ့ ပရိသတ်တွေကို တလေးတစားနဲ့ ထွက်ပြီးနှုတ်ဆက်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားနိုင်ငံရဲ့ ဘောလုံးနတ်ဘုရားလို့ တင်စားရလောက်တဲ့ မက်ဆီ ဟာ ညကြီးအချိန်မတော် သူ့ရဲ့နေအိမ်ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေကို တလေးတစားနဲ့ ထွက်တွေ့ကာ နှုတ်ဆက်ခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပထမဆုံးဆုဖလားအောင်မြင်မှုရရှိခဲ့ပြီးနောက် မက်ဆီ ရဲ့ ပရိသတ်တွေဟာ အခုချိန်ထိ သူတို့ idol ရဲ့ အောင်မြင်မှုကို လမ်းမတွေပေါ်မှာ အောင်ပွဲခံနေကြဆဲဖြစ်ပါတယ်။

မနေ့ညကတော့ ပရိသတ်အချို့ဟာ ရိုဆာရီယိုမြို့က မက်ဆီ နေထိုင်ရာအိမ်ထိ သွားရောက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။

နေအိမ်အုတ်တံတိုင်းပေါ်တွေကို တွယ်တက်ပြီး မက်ဆီ ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတွေကို သံပြိုင်ဆိုနေခဲ့ကြပါတယ်။

ပရိသတ်တွေရောက်နေတာကို သိပြီးတဲ့နောက်မှာတော့ မက်ဆီ ကနေအိမ်ထဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်။

တလေးတစားနဲ့ ပြန်လည်နှုတ်ဆက်ခဲ့ပြီး အမှတ်တရလက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။

ပရိသတ်တွေရဲ့ ဂျာစီအင်္ကျီတွေ ၊ ဘောလုံးတွေအပြင် ခြံထဲကိုပစ်ပေးသမျှ ပစ္စည်းတိုင်းကို လိုက်ကောက်ကာ လက်မှတ်ထိုးပေးခဲ့ပြီး ပိုင်ရှင်တွေကို ပြန်ပေးခဲ့တာကို ကြည်နူးဖွယ်တွေ့ရပါတယ်။

ကိုပါအမေရိကဖလားရခဲ့ပြီးနောက် မက်ဆီ ရဲ့ နေ့ရက်တိုင်းဟာ ကြည်နူးစရာနေ့တွေဖြစ်နေခဲ့တယ်လို့ဆိုရမှာပါ။

သံသယမျက်လုံးတွေနဲ့ ဝေဖန်သံတွေကို ပိတ်စေခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာကို မက်ဆီ အနေနဲ့သက်သေပြနိုင်ခဲ့တာကြောင့် နေ့ရက်တိုင်းကို ဖိအားကင်းကင်းနဲ့ ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပြီပဲ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းနဲ့လည်း မကြာခင်မှာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ညႀကီးအခ်ိန္မေတာ္ အိမ္ထိလာအားေပးၾကတဲ့ ပရိသတ္ေတြကို တေလးတစားနဲ႔ ထြက္ၿပီးႏႈတ္ဆက္ခဲ့တဲ့ မက္ဆီ

အာဂ်င္တီးနားႏိုင္ငံရဲ႕ ေဘာလုံးနတ္ဘုရားလို႔ တင္စားရေလာက္တဲ့ မက္ဆီ ဟာ ညႀကီးအခ်ိန္မေတာ္ သူ႔ရဲ႕ေနအိမ္ကို လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြကို တေလးတစားနဲ႔ ထြက္ေတြ႕ကာ ႏႈတ္ဆက္ခဲ့ပါတယ္။

ကိုပါအေမရိကၿပိဳင္ပြဲမွာ ဗိုလ္စြဲၿပီး အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းနဲ႔ ပထမဆုံးဆုဖလားေအာင္ျမင္မႈရရွိခဲ့ၿပီးေနာက္ မက္ဆီ ရဲ႕ ပရိသတ္ေတြဟာ အခုခ်ိန္ထိ သူတို႔ idol ရဲ႕ ေအာင္ျမင္မႈကို လမ္းမေတြေပၚမွာ ေအာင္ပြဲခံေနၾကဆဲျဖစ္ပါတယ္။

မေန႔ညကေတာ့ ပရိသတ္အခ်ိဳ႕ဟာ ႐ိုဆာရီယိုၿမိဳ႕က မက္ဆီ ေနထိုင္ရာအိမ္ထိ သြားေရာက္ကာ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ေနအိမ္အုတ္တံတိုင္းေပၚေတြကို တြယ္တက္ၿပီး မက္ဆီ ကို ဂုဏ္ျပဳစပ္ဆိုထားတဲ့ သီခ်င္းေတြကို သံၿပိဳင္ဆိုေနခဲ့ၾကပါတယ္။

ပရိသတ္ေတြေရာက္ေနတာကို သိၿပီးတဲ့ေနာက္မွာေတာ့ မက္ဆီ ကေနအိမ္ထဲကေနအျပင္ကိုထြက္လာခဲ့ပါတယ္။ တေလးတစားနဲ႔ ျပန္လည္ႏႈတ္ဆက္ခဲ့ၿပီး အမွတ္တရလက္မွတ္ေတြ ေရးထိုးေပးခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ ဂ်ာစီအက်ႌေတြ ၊ ေဘာလုံးေတြအျပင္ ၿခံထဲကိုပစ္ေပးသမွ် ပစၥည္းတိုင္းကို လိုက္ေကာက္ကာ လက္မွတ္ထိုးေပးခဲ့ၿပီး ပိုင္ရွင္ေတြကို ျပန္ေပးခဲ့တာကို ၾကည္ႏူးဖြယ္ေတြ႕ရပါတယ္။

ကိုပါအေမရိကဖလားရခဲ့ၿပီးေနာက္ မက္ဆီ ရဲ႕ ေန႔ရက္တိုင္းဟာ ၾကည္ႏူးစရာေန႔ေတြျဖစ္ေနခဲ့တယ္လို႔ဆိုရမွာပါ။ သံသယမ်က္လုံးေတြနဲ႔ ေဝဖန္သံေတြကို ပိတ္ေစခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားဆိုတာကို မက္ဆီ အေနနဲ႔သက္ေသျပႏိုင္ခဲ့တာေၾကာင့္ ေန႔ရက္တိုင္းကို ဖိအားကင္းကင္းနဲ႔ ေပ်ာ္႐ႊင္စြာျဖတ္ေက်ာ္ႏိုင္ၿပီပဲ ျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းနဲ႔လည္း မၾကာခင္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။