ဉာဏ်ကောင်းတဲ့ဘောကောက်ကောင်လေးကို အသင်းသားတွေနဲ့နေလည်စာစားဖို့ ဖိတ်ခဲ့တဲ့ မော်ရင်ဟို

photo-sport bible

photo-tottenham

စပါးနည်းပြမော်ရင်ဟိုဟာ ကြားရက်ချန်ပီယံလိဂ်ပွဲတုန်းက အလျင်အမြန်စဉ်းစားပြီး အသင်းကိုအကူအညီပေးနိုင်ခဲ့တဲ့ ဘောကောက်ကောင်လေးကို အသင်းသားတွေနဲ့ နေ့လည်စာစားဖို့ ဖိတ်ခဲ့ပြီး သူ့ရဲ့သူရဲကောင်းဆန်တဲ့အပြုအမူအတွက် ပြန်လည်ချီးမြှောက်ခဲ့တာပါ။ ၁၅ နှစ်အရွယ် စပါးအသင်းဘောကောက်ကောင်လေးဟာ အိုလံပီယာကို့စ်ကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်တုန်းက အသင်းရှုံးနေချိန်မှာ အရေးပါတဲ့ဘောလုံးပစ်ပေးမှုပြုလုပ်ခဲ့တာပါ။

photo-gettyimages

၁-၂ ဂိုးနဲ့ ရှုံးနေချိန်ဖြစ်တဲ့ အဲဒီပွဲရဲ့ဒုတိယပိုင်းပြန်အစ ၄ မိနစ်မှာ စပါးဟာ လက်ပစ်ဘောမြှောက်ခွင့်ရခဲ့ပါတယ်။ ရှုံးနေချိန်ဆိုတော့ အဲဒီဘောကောက်ကောင်လေးကို စပါးနောက်ခံလူအော်ရီယာဆီ ဘောလုံးကို အလျင်အမြန်ပစ်ပေးခဲ့ပြီး အော်ရီယာကလည်း လူးကပ်စ်မိုရာဆီ လျင်မြန်စွာနဲ့ ပြန်လည်ပစ်ပေးခဲ့ကာ မိုရာရဲ့ဖြတ်တင်ဘောကနေ ဟယ်ရီကိန်းရဲ့သွင်းယူမှုနဲ့ ၂-၂ ဖြစ်စေမယ့် ချေပဂိုးကိုရရှိခဲ့တာပါ။ အဲဒီနောက် ချက်ချင်းပဲ မော်ရင်ဟိုဟာ အဲဒီကောင်လေးရှိရာဆီ သွားရောက်ပြီး လက်ဝါးချင်းရိုက်သလို ပွေ့ဖက်ပြီးတော့လည်း သူ့ရဲ့လုပ်ဆောင်မှုအတွက် အသိအမှတ်ပြုခဲ့ပါတယ်။

photo-gettyimages

ပွဲပြီးတော့ မော်ရင်ဟိုဟာ အဲဒီဘောကောက်လေးကို အသင်းအဝတ်အစားလဲခန်းဆီ ဖိတ်ဖို့လိုက်ရှာခဲ့ပေမယ့် မရှိတော့ဘဲ ကောင်လေးကလည်း နောက်တစ်နေ့ သင်္ချာစာမေးပွဲရှိနေတာကြောင့် အသင်းနဲ့အတူ အောင်ပွဲမခံနိုင်ဘဲ အလျင်အမြန်အိမ်ပြန်သွားခဲ့တာဖြစ်ကာ အခုမှသာ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် အသင်းသားတွေနဲ့နေ့လည်စာစားဖို့ ဖိတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ”ပွဲမတိုင်ခင် နေ့လည်စာအတွက် သူလာမှာပါ။ ကလေးတွေအတွက် ပျော်ရွှင်စရာရက်တွေရှိဖို့လိုပြီး သူ့ရဲ့ကျန်ဘဝတစ်လျှောက်လုံးမှာ အံ့အားသင့်ဖွယ်အမှတ်တရတွေ ကျွန်တော်တို့ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်။ သူ့အတွက် အရမ်းကို လှပမှာပါ”လို့ ဘောကောက်လေးကို နေ့လည်စာဖိတ်ခဲ့တဲ့ မော်ရင်ဟိုက ပြောခဲ့တာပါ။

[Zawgyi]

ဥာဏ္ေကာင္းတဲ့ေဘာေကာက္ေကာင္ေလးကို အသငး္သားေတြနဲ႔ေနလည္စာစားဖုိ႔ ဖိတ္ခဲ့တဲ့ ေမာ္ရင္ဟို

စပါးနည္းျပေမာ္ရင္ဟိုဟာ ၾကားရက္ခ်န္ပီယံလိဂ္ပြဲတုန္းက အလ်င္အျမန္စဥ္းစားၿပီး အသင္းကိုအကူအညီေပးႏိုင္ခဲ့တဲ့ ေဘာေကာက္ေကာင္ေလးကို အသင္းသားေတြန႔ဲ ေန႔လည္စာစားဖို႔ ဖိတ္ခဲ့ၿပီး သူ႔ရဲ႕သူရဲေကာင္းဆန္တဲ့အျပဳအမူအတြက္ ျပန္လည္ခ်ီးေျမွာက္ခဲ့တာပါ။ ၁၅ ႏွစ္အရြယ္ စပါးအသင္းေဘာေကာက္ေကာင္ေလးဟာ အိုလံပီယာကို႔စ္ကို ၄-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တုန္းက အသင္းရႈံးေနခ်ိန္မွာ အေရးပါတဲ့ေဘာလုံးပစ္ေပးမႈျပဳလုပ္ခဲ့တာပါ။

၁-၂ ဂိုးနဲ႔ ရႈံးေနခ်ိန္ျဖစ္တဲ့ အဲဒီပြဲရဲ႕ဒုတိယပိုင္းျပန္အစ ၄ မိနစ္မွာ စပါးဟာ လက္ပစ္ေဘာေျမွာက္ခြင့္ရခဲ့ပါတယ္။ ရႈံးေနခ်ိန္ဆိုေတာ့ အဲဒီေဘာေကာက္ေကာင္ေလးကို စပါးေနာက္ခံလူေအာ္ရီယာဆီ ေဘာလုံးကို အလ်င္အျမန္ပစ္ေပးခဲ့ၿပီး ေအာ္ရီယာကလည္း လူးကပ္စ္မိုရာဆီ လ်င္ျမန္စြာနဲ႔ ျပန္လည္ပစ္ေပးခဲ့ကာ မိုရာရဲ႕ျဖတ္တင္ေဘာကေန ဟယ္ရီကိန္းရဲ႕သြင္းယူမႈနဲ႔ ၂-၂ ျဖစ္ေစမယ့္ ေခ်ပဂိုးကိုရရွိခဲ့တာပါ။ အဲဒီေနာက္ ခ်က္ခ်င္းပဲ ေမာ္ရင္ဟိုဟာ အဲဒီေကာင္ေလးရွိရာဆီ သြားေရာက္ၿပီး လက္၀ါးခ်င္းရိုက္သလို ေပြ႔ဖက္ၿပီးေတာ့လည္း သူ႔ရဲ႕လုပ္ေဆာင္မႈအတြက္ အသိအမွတ္ျပဳခဲ့ပါတယ္။

ပြဲၿပီးေတာ့ ေမာ္ရင္ဟိုဟာ အဲဒီေဘာေကာက္ေလးကို အသင္းအ၀တ္အစားလဲခန္းဆီ ဖိတ္ဖို႔လိုက္ရွာခဲ့ေပမယ့္ မရွိေတာ့ဘဲ ေကာင္ေလးကလည္း ေနာက္တစ္ေန႔ သခ်ၤာစာေမးပြဲရွိေနတာေၾကာင့္ အသင္းနဲ႔အတူ ေအာင္ပဲြမခံႏိုင္ဘဲ အလ်င္အျမန္အိမ္ျပန္သြားခဲ့တာျဖစ္ကာ အခုမွသာ ဘုန္းေမာက္နဲ႔ပြဲမတုိင္ခင္ အသင္းသားေတြနဲ႔ေန႔လည္စာစားဖို႔ ဖိတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ”ပြဲမတိုင္ခင္ ေန႔လည္စာအတြက္ သူလာမွာပါ။ ကေလးေတြအတြက္ ေပ်ာ္ရႊင္စရာရက္ေတြရွိဖို႔လုိၿပီး သူ႔ရဲ႕က်န္ဘ၀တစ္ေလွ်ာက္လုံးမွာ အ့ံအားသင့္ဖြယ္အမွတ္တရေတြ ကၽြန္ေတာ္တို႔ေပးႏိုင္မယ္လို႔  ေမွ်ာ္လင့္ပါတယ္။ သူ႔အတြက္ အရမ္းကို လွပမွာပါ”လို႔ ေဘာေကာက္ေလးကို ေန႔လည္စာဖိတ္ခဲ့တဲ့ ေမာ္ရင္ဟိုက ေျပာခဲ့တာပါ။