ဇွန်လမှာ စာချုပ်သက်တမ်းကိုယ်စီ ကုန်တော့မယ့် အဂူရိုနဲ့ ဂီရောက်ဒ့် အလဲအထပ်ဖြစ်လာမလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မန်စီးတီးတိုက်စစ်မှုး အဂူရိုကို ပီအက်စ်ဂျီအပါအဝင် ဥရောပထိပ်တန်းကလပ်အသင်း အတော်များများက စောင့်ကြည့်နေကြတာပါ။ ဘာစီလိုနာအသင်းကလည်း မက်ဆီထွက်မသွားအောင် သူရဲ့ နိုင်ငံအသင်းဖော်လည်းဖြစ်သလို သူငယ်ချင်းလည်းဖြစ်တဲ့ အဂူရိုကို အရခေါ်ဆောင်ပေးဖို့ ဥက္ကဌအသစ် လာပေါ်တာက စီစဉ်နေပါတယ်။

အခု အဂူရိုရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းထဲကို ဝင်ရောက်လာတဲ့အသင်းကတော့ ချဲလ်ဆီးပါ။ ဒါပေမယ့် ချဲလ်ဆီးက အဂူရိူကို သီးသန့်ခေါ်မှာမျိုးမဟုတ်ဘဲ သူတို့ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ဂီရောဒ့်နဲ့ အလဲအထပ်ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ အဂူရိုနဲ့ ဂီရောဒ့်တို့ ၂ဦးဟာ အသက်အရွယ်အရ အဂူရိုက ၃၂နှစ်ရှိပြီး ၂နှစ်ငယ်ပါတယ်။
အဂူရိုဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ပွဲ သာ ကစားထားရပြီး ၁ဂိုးသာ သွင်းယူထားနိုင်တာပါ။

နည်းပြ ဂြာဒီယိုလာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲလာတဲ့ အခြေအနေရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာလိုတဲ့ သဘောမှာရှိနေပါတယ်။

ဂွာဒီယိုလာဟာ ဒဏ်ရာမကြာခဏရနေတဲ့ အဂူရိုကို စိတ်ပျက်နေပြီး သူရဲ့နာမည်ကြီးကစားကွက်ဖြစ်တဲ့ တိုက်စစ်မှုးစစ်စစ်မပါတဲ့ False 9 ကစားကွက်မှာ ဒီဘရူနီ၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးဗားလ်၊ စတာလင်းတို့ အားလုံးကို တိုက်စစ်အတွက် ထိုးဖောက်စေတာကြောင့် အဂူရိုရဲ့ အနေအထားက ပိုပြီးဘေးရောက်လာပါတယ်။

မန်စီးတီးမှာ ၁၀နှစ်ကြာကစားထားပြီး ပရီးမီးယားလိဂ်ချန်ပီယံ ၄ကြိမ်ဖြစ်ထားတဲ့ အဂူရိုကို ချဲလ်ဆီးနည်းပြ တူချယ်က နှစ်သက်ပြီး လာမယ့်နွေရာသီဈေးကွက်မှာ
အရခေါ်နိုင်ဖို့ စိုင်းပြင်းနေတာလည်းဖြစ်ပါတယ်။ ဂီရောက်ဒ့်ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်ဇွန်လမှာ ကုန်ဆုံးဖို့ရှိနေတဲ့အတွက် အစားထိုးဖို့ အဂူရိုကို
ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂီရောက်ဒ့်ဟာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှာ လူစားဝင်အဖြစ် အရေးကြီးတဲ့အချိန်တွေမှာ အားကိုးရဆဲဖြစ်တာကြောင့် တူချယ်အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဂူရိုနဲ့ ဂီရောက်ဒ့်တို့၂ဦးရဲ့ ဂိုးသွင်းစွမ်းဆောင်ရည် အပိုင်းမှာတော့ အင်ဒီပန့်တီ၊ အက်သက်တီကိုနဲ့ မန်စီးတီးတို့မှာ ၆၇၄ပွဲ ကစားပြီး ၃၈၁ဂိုး သွင်းယူထားတဲ့ အဂူရိုက ကလပ်အသင်းအတွက် ၅၇၅ပွဲမှာ ၂၃၄ဂိုး သွင်းယူထားတဲ့ ဂီရောက်ဒ့်ထက် အနည်းငယ် ပိုသာနေပါတယ်။

နိုင်ငံအသင်းအတွက် အောင်မြင်မှုအပိုင်းမှာ အိုလံပစ်ဆုတံဆိပ်သာရဖူးတဲ့ အဂူရီုထက် ၂၀၁၈ ကမ္ဘာ့ဖလား ရယူထားတဲ့ ဂီရောက့်ဒ်က သာလွန်ပြီး သွင်းဂိုးအပိုင်းမှာတော့ ပြင်သစ်အတွက် ၁၀၅ပွဲမှာ ၄၄ဂိုးသွင်းထားတဲ့ ဂီရောက်ဒ့်နဲ့ အာဂျင်တီးနားအတွက် ၉၇ပွဲမှာ ၄၁ဂိုး သွင်းထားတဲ့ အဂူရိုတို့အကြား အကြိတ်အနယ်ပါပဲ။

ဒဏ်ရာရတဲ့အပိုင်းမှာတော့ ဂီရောက်ဒ့်က ပိုပြီးကြံံ့ခိုင်မှုပြည့်ဝတာကို တွေ့ရမှာဖြစ်ပြီး သူရဲ့ကစားသမားဘဝတစ်လျှောက်မှာ ဒဏ်ရာကြောင့် ရက်ပေါင်း ၂၈၅ရက် အနားယူရတဲ့အချိန်မှာ အဂူရိုက သူရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ၆၀၈ရက် အထိ အနားယူခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ မန္စီးတီးတိုက္စစ္မႈး အဂူ႐ိုကို ပီအက္စ္ဂ်ီအပါအဝင္ ဥေရာပထိပ္တန္းကလပ္အသင္း အေတာ္မ်ားမ်ားက ေစာင့္ၾကည့္ေနၾကတာပါ။ ဘာစီလိုနာအသင္းကလည္း မက္ဆီထြက္မသြားေအာင္ သူရဲ႕ ႏိုင္ငံအသင္းေဖာ္လည္းျဖစ္သလို သူငယ္ခ်င္းလည္းျဖစ္တဲ့ အဂူ႐ိုကို အရေခၚေဆာင္ေပးဖို႔ ဥကၠဌအသစ္ လာေပၚတာက စီစဥ္ေနပါတယ္။

အခု အဂူ႐ိုရဲ႕ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းထဲကို ဝင္ေရာက္လာတဲ့အသင္းကေတာ့ ခ်ဲလ္ဆီးပါ။ ဒါေပမယ့္ ခ်ဲလ္ဆီးက အဂူ႐ိူကို သီးသန႔္ေခၚမွာမ်ိဳးမဟုတ္ဘဲ
သူတို႔ရဲ႕ တိုက္စစ္မႈးျဖစ္တဲ့ ဂီေရာဒ့္နဲ႔ အလဲအထပ္ပုံစံမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အဂူ႐ိုနဲ႔ ဂီေရာဒ့္တို႔ ၂ဦးဟာ အသက္အ႐ြယ္အရ အဂူ႐ိုက ၃၂ႏွစ္ရွိၿပီး ၂ႏွစ္ငယ္ပါတယ္။

အဂူ႐ိုဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ပြဲ သာ ကစားထားရၿပီး ၁ဂိုးသာ သြင္းယူထားႏိုင္တာပါ။ နည္းျပ ၈ြာဒီယိုလာလက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ခက္ခဲလာတဲ့ အေျခအေနရွိေနၿပီး ကစားသမားကိုယ္တိုင္ကလည္း အသင္းကေန ထြက္ခြာလိုတဲ့ သေဘာမွာရွိေနပါတယ္။ ဂြာဒီယိုလာဟာ ဒဏ္ရာမၾကာခဏရေနတဲ့ အဂူ႐ိုကို စိတ္ပ်က္ေနၿပီး သူရဲ႕နာမည္ႀကီးကစားကြက္ျဖစ္တဲ့ တိုက္စစ္မႈးစစ္စစ္မပါတဲ့ False 9 ကစားကြက္မွာ ဒီဘ႐ူနီ၊ ဂန္ဒိုဂန္၊ ဘာနာဒိုေဆးဗားလ္၊ စတာလင္းတို႔ အားလုံးကို တိုက္စစ္အတြက္ ထိုးေဖာက္ေစတာေၾကာင့္ အဂူ႐ိုရဲ႕ အေနအထားက ပိုၿပီးေဘးေရာက္လာပါတယ္။

မန္စီးတီးမွာ ၁၀ႏွစ္ၾကာကစားထားၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံ ၄ႀကိမ္ျဖစ္ထားတဲ့ အဂူ႐ိုကို ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က ႏွစ္သက္ၿပီး လာမယ့္ေႏြရာသီေဈးကြက္မွာ
အရေခၚႏိုင္ဖို႔ စိုင္းျပင္းေနတာလည္းျဖစ္ပါတယ္။ ဂီေရာက္ဒ့္ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း လာမယ့္ဇြန္လမွာ ကုန္ဆုံးဖို႔ရွိေနတဲ့အတြက္ အစားထိုးဖို႔ အဂူ႐ိုကို
ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

၃၄ႏွစ္ရွိၿပီျဖစ္တဲ့ ဂီေရာက္ဒ့္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္မွာ လူစားဝင္အျဖစ္ အေရးႀကီးတဲ့အခ်ိန္ေတြမွာ အားကိုးရဆဲျဖစ္တာေၾကာင့္ တူခ်ယ္အေနနဲ႔ ဘယ္လိုဆုံးျဖတ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ အဂူ႐ိုနဲ႔ ဂီေရာက္ဒ့္တို႔၂ဦးရဲ႕ ဂိုးသြင္းစြမ္းေဆာင္ရည္ အပိုင္းမွာေတာ့ အင္ဒီပန႔္တီ၊ အက္သက္တီကိုနဲ႔ မန္စီးတီးတို႔မွာ ၆၇၄ပြဲ ကစားၿပီး ၃၈၁ဂိုး သြင္းယူထားတဲ့ အဂူ႐ိုက ကလပ္အသင္းအတြက္ ၅၇၅ပြဲမွာ ၂၃၄ဂိုး သြင္းယူထားတဲ့ ဂီေရာက္ဒ့္ထက္ အနည္းငယ္ ပိုသာေနပါတယ္။

ႏိုင္ငံအသင္းအတြက္ ေအာင္ျမင္မႈအပိုင္းမွာ အိုလံပစ္ဆုတံဆိပ္သာရဖူးတဲ့ အဂူ႐ီုထက္ ၂၀၁၈ ကမာၻ႔ဖလား ရယူထားတဲ့ ဂီေရာက့္ဒ္က သာလြန္ၿပီး သြင္းဂိုးအပိုင္းမွာေတာ့ ျပင္သစ္အတြက္ ၁၀၅ပြဲမွာ ၄၄ဂိုးသြင္းထားတဲ့ ဂီေရာက္ဒ့္နဲ႔ အာဂ်င္တီးနားအတြက္ ၉၇ပြဲမွာ ၄၁ဂိုး သြင္းထားတဲ့ အဂူ႐ိုတို႔အၾကား အႀကိတ္အနယ္ပါပဲ။ ဒဏ္ရာရတဲ့အပိုင္းမွာေတာ့ ဂီေရာက္ဒ့္က ပိုၿပီးႀကံံ့ခိုင္မႈျပည့္ဝတာကို ေတြ႕ရမွာျဖစ္ၿပီး သူရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာ ဒဏ္ရာေၾကာင့္ ရက္ေပါင္း ၂၈၅ရက္ အနားယူရတဲ့အခ်ိန္မွာ အဂူ႐ိုက သူရဲ႕ကစားသမားဘဝသက္တမ္းတစ္ေလွ်ာက္ ၆၀၈ရက္ အထိ အနားယူခဲ့ရတာပါ။