ဇီယက်ချ်အတွက် ပေါင် ၃၈ သန်းတည်းသာ ချဲလ်ဆီးပေးရမှာမို့ အေဂျက်ပရိသတ်တွေမယုံနိုင်ဖြစ်
photo-gettyimages
photo-gettyimages
အသင်းကြယ်ပွင့်ကစားသမားဇီယက်ချ်အတွက် ချဲလ်ဆီးဘက်က ပေါင် ၃၈ သန်းတည်းနဲ့ကမ်းလှမ်းလာမှုကို သတင်းတွေအရ အေဂျက်က လက်ခံခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အေဂျက်ပရိသတ်တွေဟာ မယုံကြည်နိုင်ဖြစ်နေပြီး အဲဒီအတွက် ဝေဖန်ပြစ်တင်မှုတွေပြုလုပ်နေကြပါတယ်။ သတင်းတွေအရဆိုရင် ချဲလ်ဆီးဟာ ဥရောပရဲ့ထိပ်တန်းကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ယောက်ကို ဈေးပေါပေါနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
photo-gettyimages
အသက် ၂၆ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင်ဖြစ်တဲ့ဇီယက်ချ်ဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၈ ဂိုးသွင်း၊ ၂၁ ဂိုးဖန်တီးပေးထားပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း အေဂျက်အတွက် ၂၁ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီးပေးခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၄-၄ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ကတည်းက ချဲလ်ဆီးဟာ ဇီယက်ချ်ရဲ့ခြေစွမ်းကို သဘောကျခဲ့တာပါ။ လက်ရှိမှာလည်း ဇီယက်ချ်အသင်းပြောင်းမယ်ဆိုတာကို အေဂျက်နည်းပြအဲရစ်တန်ဟက်က အတည်ပြုထားပါတယ်။
photo-gettyimages
ဒါပေမဲ့ အေဂျက်ပရိသတ်တွေကတော့ ဇီယက်ချ်ကို ဈေးပေါပေါနဲ့ လက်လွှတ်မယ့်အပေါ်ကို မကျေမနပ်ဖြစ်နေကြပါတယ်။ အေဂျက်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကွင်းလယ်လူဖရန်ကီဒီဂျောင်ကို ဘာစီလိုနာဆီရောင်းရာမှာ ပေါင် ၆၅ သန်းရရှိခဲ့ပါတယ်။ ဒီလိုပဲ နောက်ခံလူဒီလစ်ကို ဂျူဗင်တပ်ဆီရောင်းချရာမှာလည်း ပေါင် ၆၇ သန်းရရှိခဲ့ပါတယ်။
[Zawgyi]
ဇီယက်ခ်ျအတွက် ပေါင် ၃၈ သန်းတည်းသာ ချဲလ်ဆီးပေးရမှာမို့ အေဂျက်ပရိသတ်တွေမယုံနိုင်ဖြစ်
အသက် ၂၆ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင်ဖြစ်တဲ့ဇီယက်ခ်ျဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၈ ဂိုးသွင်း၊ ၂၁ ဂိုးဖန်တီးပေးထားပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း အေဂျက်အတွက် ၂၁ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီးပေးခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၄-၄ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ကတည်းက ချဲလ်ဆီးဟာ ဇီယက်ခ်ျရဲ့ခြေစွမ်းကို သဘောကျခဲ့တာပါ။ လက်ရှိမှာလည်း ဇီယက်ခ်ျအသင်းပြောင်းမယ်ဆိုတာကို အေဂျက်နည်းပြအဲရစ်တန်ဟက်က အတည်ပြုထားပါတယ်။