ဇီဒန်း ၊ ပီယာလို မှ ဆိုးလ်ရှား လက်အောက်သို့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၃၆ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို က သူ့ရဲ့ကစားသမားဘဝတလျှောက် နည်းပြတွေအများကြီးနဲ့ လက်တွဲခဲ့ဖူးပါတယ်။

ဖာဂူဆန် ၊ မော်ရင်ဟို ၊ အန်ဆယ်လော့တီ ၊ အယ်လီဂရီ ၊ ဆန်းတို့စ် စတဲ့ ဝါရင့်နည်းပြကြီးတွေနဲ့ လက်တွဲခဲ့ဖူးသလို ဇီဒန်း ၊ ပီယာလို တို့လို လူငယ်နည်းပြတွေရဲ့ လက်အောက်မှာလည်း ကစားခဲ့ဖူးတယ်။

ဇီဒန်း နဲ့ ပီယာလို တို့ဆိုတာ ကွင်းထဲမှာ ပြိုင်ဖက်အဖြစ် သူရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေဖြစ်ပါတယ်။

အခုတော့ ရော်နယ်ဒို က ပထမဆုံးအကြိမ်အဖြစ် သူနဲ့အတူတွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ကစားရတော့မှာပါ။

ရော်နယ်ဒို နဲ့ ဆိုးလ်ရှား တို့ဟာ မန်ယူနိုက်တက် အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ၄ နှစ်ကြာ ဂန္တဝင် နည်းပြကြီး ဖာဂူဆန် ရဲ့ လက်အောက်မှာ အတူတွဲကစားခဲ့ကြဖူးပါတယ်။

ဇီဒန်း လက်အောက်မှာ ကစားခဲ့စဉ်တုန်းကတော့ ရော်နယ်ဒို ဟာ ပြိုင်ပွဲစုံပွဲပေါင်း ၁၁၄ ပွဲမှာ ၁၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီး အကြိမ် ၃၀ အထိ ပြုလုပ်ပေးခဲ့ကာ ကစားသမားဘဝ အမြင့်မားဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

အသင်းလိုက်အောင်မြင်မှုမှာလည်း ချန်ပီယံလိဂ်ဖလားကို စံချိန်တင် ၃ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့တဲ့အထိ ဇီဒန်း နဲ့ ရော်နယ်ဒို တို့ရဲ့ လက်တွဲမှုက အောင်မြင်ခဲ့ပါတယ်။

ပီယာလို လက်အောက်မှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၄ ပွဲမှာလည်း ရော်နယ်ဒို ဟာ ၃၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပေမဲ့ ဆုဖလားအောင်မြင်မှုကတော့ ကိုပါအီတာလီယာ ဖလား ၁ ကြိမ် နဲ့ အီတလီ စူပါဖလား ၁ ကြိမ်တို့ကိုသာ ရယူပေးနိုင်ခဲ့ပါတယ်။

ပီယာလို နဲ့ လက်တွဲမှုက မျှော်မှန်းထားသလို ဆုဖလားအောင်မြင်မှု မရခဲ့ဘူးဆိုပေမဲ့ သူ့ရဲ့သွင်းဂိုးတွေကတော့ လျော့သွားခဲ့ခြင်းမရှိခဲ့တာကြောင့် အသင်းအပေါ် တာဝန်ကျေခဲ့တယ်လို့ ဆိုရမှာပါ။

အခုတခါ အသင်းဖော်ဟောင်း ဆိုးလ်ရှား နဲ့ လက်တွဲမှုမှာရော ပရိသတ်တွေ မျှော်လင့်နေကြသလို ရော်နယ်ဒို စွမ်းဆောင်ပေးနိုင်အုံးမလား ဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။

မန်ယူနိုက်တက် ရဲ့ ဂန္တဝင်ကစားသမားဖြစ်နေပြီးသား ရော်နယ်ဒို အနေနဲ့ နောက်ထပ် သက်သေပြစရာတွေတော့ သိပ်မရှိတော့ပါဘူး။

ဒါပေမဲ့ ဆုဖလားတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ အသင်းကို အောင်မြင်မှုတွေပြန်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒို ရဲ့ နာမည်ဟာ မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ရင်ထဲမှာအမြဲထာဝရတည်ရှိသွားမယ်ဆိုတာကတော့ သေချာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇီဒန္း ၊ ပီယာလို မွ ဆိုးလ္ရွား လက္ေအာက္သို႔

အသက္ ၃၆ ႏွစ္အ႐ြယ္ ဝါရင့္တိုက္စစ္မႉး ေရာ္နယ္ဒို က သူ႔ရဲ႕ကစားသမားဘဝတေလွ်ာက္ နည္းျပေတြအမ်ားႀကီးနဲ႔ လက္တြဲခဲ့ဖူးပါတယ္။ ဖာဂူဆန္ ၊ ေမာ္ရင္ဟို ၊ အန္ဆယ္ေလာ့တီ ၊ အယ္လီဂရီ ၊ ဆန္းတို႔စ္ စတဲ့ ဝါရင့္နည္းျပႀကီးေတြနဲ႔ လက္တြဲခဲ့ဖူးသလို ဇီဒန္း ၊ ပီယာလို တို႔လို လူငယ္နည္းျပေတြရဲ႕ လက္ေအာက္မွာလည္း ကစားခဲ့ဖူးတယ္။

ဇီဒန္း နဲ႔ ပီယာလို တို႔ဆိုတာ ကြင္းထဲမွာ ၿပိဳင္ဖက္အျဖစ္ သူရင္ဆိုင္ခဲ့ဖူးတဲ့ ကစားသမားေဟာင္းေတြျဖစ္ပါတယ္။ အခုေတာ့ ေရာ္နယ္ဒို က ပထမဆုံးအႀကိမ္အျဖစ္ သူနဲ႔အတူတြဲကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္း ဆိုးလ္ရွား ရဲ႕ လက္ေအာက္မွာ ကစားရေတာ့မွာပါ။ ေရာ္နယ္ဒို နဲ႔ ဆိုးလ္ရွား တို႔ဟာ မန္ယူႏိုက္တက္ အသင္းမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အတြင္း ၄ ႏွစ္ၾကာ ဂႏၲဝင္ နည္းျပႀကီး ဖာဂူဆန္ ရဲ႕ လက္ေအာက္မွာ အတူတြဲကစားခဲ့ၾကဖူးပါတယ္။

ဇီဒန္း လက္ေအာက္မွာ ကစားခဲ့စဥ္တုန္းကေတာ့ ေရာ္နယ္ဒို ဟာ ၿပိဳင္ပြဲစုံပြဲေပါင္း ၁၁၄ ပြဲမွာ ၁၁၂ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီး အႀကိမ္ ၃၀ အထိ ျပဳလုပ္ေပးခဲ့ကာ ကစားသမားဘဝ အျမင့္မားဆုံးစြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ပါတယ္။ အသင္းလိုက္ေအာင္ျမင္မႈမွာလည္း ခ်န္ပီယံလိဂ္ဖလားကို စံခ်ိန္တင္ ၃ ႀကိမ္ဆက္ ဆြတ္ခူးႏိုင္ခဲ့တဲ့အထိ ဇီဒန္း နဲ႔ ေရာ္နယ္ဒို တို႔ရဲ႕ လက္တြဲမႈက ေအာင္ျမင္ခဲ့ပါတယ္။

ပီယာလို လက္ေအာက္မွာ ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၄၄ ပြဲမွာလည္း ေရာ္နယ္ဒို ဟာ ၃၆ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ေပမဲ့ ဆုဖလားေအာင္ျမင္မႈကေတာ့ ကိုပါအီတာလီယာ ဖလား ၁ ႀကိမ္ နဲ႔ အီတလီ စူပါဖလား ၁ ႀကိမ္တို႔ကိုသာ ရယူေပးႏိုင္ခဲ့ပါတယ္။ ပီယာလို နဲ႔ လက္တြဲမႈက ေမွ်ာ္မွန္းထားသလို ဆုဖလားေအာင္ျမင္မႈ မရခဲ့ဘူးဆိုေပမဲ့ သူ႔ရဲ႕သြင္းဂိုးေတြကေတာ့ ေလ်ာ့သြားခဲ့ျခင္းမရွိခဲ့တာေၾကာင့္ အသင္းအေပၚ တာဝန္ေက်ခဲ့တယ္လို႔ ဆိုရမွာပါ။

အခုတခါ အသင္းေဖာ္ေဟာင္း ဆိုးလ္ရွား နဲ႔ လက္တြဲမႈမွာေရာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကသလို ေရာ္နယ္ဒို စြမ္းေဆာင္ေပးႏိုင္အုံးမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာေကာင္းလွပါတယ္။ မန္ယူႏိုက္တက္ ရဲ႕ ဂႏၲဝင္ကစားသမားျဖစ္ေနၿပီးသား ေရာ္နယ္ဒို အေနနဲ႔ ေနာက္ထပ္ သက္ေသျပစရာေတြေတာ့ သိပ္မရွိေတာ့ပါဘူး။ ဒါေပမဲ့ ဆုဖလားေတြနဲ႔ ေဝးကြာေနတာၾကာၿပီျဖစ္တဲ့ အသင္းကို ေအာင္ျမင္မႈေတြျပန္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေရာ္နယ္ဒို ရဲ႕ နာမည္ဟာ မန္ယူႏိုက္တက္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာအၿမဲထာဝရတည္ရွိသြားမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။