ဇီဒန်းနဲ့တွေ့တိုင်း မရှုံးသေးတဲ့ တူချယ်နဲ့ ပူလီဆစ် စံချိန်သစ်တင်ခဲ့ပြီး တီမိုဝါနာ အဆဲခံလိုက်ရတဲ့ စပိန်မြေက သရေပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကတော့ ပထမပိုင်းသွင်းဂိုူးတွေနဲ့ ၁-၁ သရေကျသွားခဲ့ပါတယ်။

ဒီသရေပွဲကြောင့် ချဲလ်ဆီးနည်းပြ တူချယ်ဟာ ရီးရဲလ်နည်းပြ ဇီဒန်းနဲ့ ၅ကြိမ် တွေဆုံးထားပြီး ၁ပွဲနိုင် ၄ပွဲသရေ ရှုံးပွဲမရှိ မှတ်တမ်းကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံးလူစုံထုတ်ခဲ့ကြပြီး ရီးရဲလ်မှာ ဟာဇက်ကို အရန်အဖြစ်ပဲ အသုံးပြုခဲ့ပြီး ချဲလ်ဆီးမှာလည်း ဟာဗက်ဇ်နဲ့ ဇီယက်ချ်တို့ကို ဒုတိယပိုင်းကျမှ အသုံးပြုခဲ့ပါတယ်။

ဒီပွဲမှာ ဦးဆောင်ဂိုးစရသွားတာက ဧည့်သည်ချဲလ်ဆီးအသင်းဖြစ်ပြီး ၁၄မိနစ်မှာ ပူလီဆစ်က တစ်ကိုယ်တော်အစွမ်းနဲ့ ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်ကို လိမ်ပြီးသွင်းခဲ့တာပါ။

ဒီဂိုးကြောင့် ပူလီဆစ်ဟာ စံချိန်မှတ်တမ်းတွေ ရခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းဖက်ကို ပြိုင်ပွဲစုံမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အမေရိကန်ကစားသမားဖြစ်ခဲ့သလို

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ပထမဆုံးဂိုးသွင်းနိုင်တဲ့ အမေရိကန် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ပူလီဆစ်ဟာ လက်ရှိမှာ ချန်ပီယံလိဂ် သွင်းဂိုး ၅ဂိုးရသွားပြီး အမေရိကန်ဘောလုံးသမားတွေထဲက ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းနိုင်တဲ့သူလည်း ဖြစ်လာခဲ့ပါတယ်။

ရီးရဲလ်အတွက် ချေပဂိုးကို ဘင်ဇီမာက ၂၆မိနစ်မှာ ထေင့်ကန်ဘောကနေတဆင့် Volly ဆွဲပြီး ကန်သွင်းရယူသွားခဲ့တာပါ။

ဒီပွဲမှာ အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင် ချဲလ်ဆီးအတွက် ရွှေအခွင့်အရေးလို့ဆိုနိုင်မယ့် အပိုင်အခွင့်အရေးတစ်ခုကို ထုံးစံအတိုင်း တိုက်စစ်မှုး တီမိုဝါနာပဲ လွဲချော်ခဲ့ပါတယ်။

၆ကိုက်စည်းထဲမှာ အပိုင်ကန်သွင်းခဲ့ရပေမယ့် ရီးရဲ်ဂိုးသမား ကော်တွိုက်ကာကွယ်နိုင်လောက်အောင် သူ့ရဲ့ကန်ချက်က ညံ့ဖျင်းလွန်းခဲ့တာပါ။

ဒါကြောင့်လည်း ပွဲအပြီး ဆိုရှယ်မီဒီယာတွေမှာ ချဲလ်ဆီးပရိသတ်တွေက တီမိုဝါနာကို ဝိုင်းပြီး ပြစ်တင်ပြောဆိုထားတာတွေ ပလူပျံနေခဲ့တာပါ။

ဒီပွဲမှာ တိုက်ဆိုင်တာတစ်ခုကတော့ တူချယ်နဲ့ ဇီဒန်းဟာ ဒုတိယပိုင်း ၆၆မိနစ်မှာ နှစ်ဖက်စလုံး လူစားလဲလှယ်တာတွေ ပြုလုပ်ခဲ့တာပါပဲ။

ရီးရဲလ်က ဟာဇက်တစ်ယောက်တည်းက အရင် လူစားလဲခဲ့ပေမယ့် ချဲလ်ဆီးကတော့ ဟာဗက်ဇ်၊ ဇီယက်ချ်၊ ဂျေဆီဂျိန်းတို့ ၃ယောက်စလုံးကို တပြိုင်တည်း လူစားလဲခဲ့ပါတယ်။

ဒီပွဲမှာ ၁-၁ သရေကျသွားတဲ့အတွက် ချဲလ်ဆီးဟာ အဝေးဂိုးရခဲ့ပြီး ဒုတိယအကျော့အတွက် အနည်းငယ် အလေးသာသွားတယ်လို့ ပြောနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇီဒန္းနဲ႔ေတြ႕တိုင္း မရႈံးေသးတဲ့ တူခ်ယ္နဲ႔ ပူလီဆစ္ စံခ်ိန္သစ္တင္ခဲ့ၿပီး တီမိုဝါနာ အဆဲခံလိုက္ရတဲ့ စပိန္ေျမက သေရပြဲ

ခ်န္ပီယံလိဂ္ဘုရင္ ရီးရဲလ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲကေတာ့ ပထမပိုင္းသြင္းဂိုူးေတြနဲ႔ ၁-၁ သေရက်သြားခဲ့ပါတယ္။

ဒီသေရပြဲေၾကာင့္ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ ရီးရဲလ္နည္းျပ ဇီဒန္းနဲ႔ ၅ႀကိမ္ ေတြဆုံးထားၿပီး ၁ပြဲႏိုင္ ၄ပြဲသေရ ရႈံးပြဲမရွိ မွတ္တမ္းေကာင္းကို ဆက္ထိန္းသြားႏိုင္ခဲ့ပါတယ္။

ႏွစ္သင္းစလုံးလူစုံထုတ္ခဲ့ၾကၿပီး ရီးရဲလ္မွာ ဟာဇက္ကို အရန္အျဖစ္ပဲ အသုံးျပဳခဲ့ၿပီး ခ်ဲလ္ဆီးမွာလည္း ဟာဗက္ဇ္နဲ႔ ဇီယက္ခ်္တို႔ကို ဒုတိယပိုင္းက်မွ အသုံးျပဳခဲ့ပါတယ္။

ဒီပြဲမွာ ဦးေဆာင္ဂိုးစရသြားတာက ဧည့္သည္ခ်ဲလ္ဆီးအသင္းျဖစ္ၿပီး ၁၄မိနစ္မွာ ပူလီဆစ္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္ကို လိမ္ၿပီးသြင္းခဲ့တာပါ။

ဒီဂိုးေၾကာင့္ ပူလီဆစ္ဟာ စံခ်ိန္မွတ္တမ္းေတြ ရခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဖက္ကို ၿပိဳင္ပြဲစုံမွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး အေမရိကန္ကစားသမားျဖစ္ခဲ့သလို

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ပထမဆုံးဂိုးသြင္းႏိုင္တဲ့ အေမရိကန္ ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ ပူလီဆစ္ဟာ လက္ရွိမွာ ခ်န္ပီယံလိဂ္ သြင္းဂိုး ၅ဂိုးရသြားၿပီး အေမရိကန္ေဘာလုံးသမားေတြထဲက ခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆုံး သြင္းႏိုင္တဲ့သူလည္း ျဖစ္လာခဲ့ပါတယ္။

ရီးရဲလ္အတြက္ ေခ်ပဂိုးကို ဘင္ဇီမာက ၂၆မိနစ္မွာ ေထင့္ကန္ေဘာကေနတဆင့္ Volly ဆြဲၿပီး ကန္သြင္းရယူသြားခဲ့တာပါ။

ဒီပြဲမွာ အခြင့္အေရးအေနနဲ႔ ၾကည့္မယ္ဆိုရင္ ခ်ဲလ္ဆီးအတြက္ ေ႐ႊအခြင့္အေရးလို႔ဆိုႏိုင္မယ့္ အပိုင္အခြင့္အေရးတစ္ခုကို ထုံးစံအတိုင္း တိုက္စစ္မႈး တီမိုဝါနာပဲ လြဲေခ်ာ္ခဲ့ပါတယ္။

၆ကိုက္စည္းထဲမွာ အပိုင္ကန္သြင္းခဲ့ရေပမယ့္ ရီးရဲ္ဂိုးသမား ေကာ္တြိဳက္ကာကြယ္ႏိုင္ေလာက္ေအာင္ သူ႔ရဲ႕ကန္ခ်က္က ညံ့ဖ်င္းလြန္းခဲ့တာပါ။

ဒါေၾကာင့္လည္း ပြဲအၿပီး ဆိုရွယ္မီဒီယာေတြမွာ ခ်ဲလ္ဆီးပရိသတ္ေတြက တီမိုဝါနာကို ဝိုင္းၿပီး ျပစ္တင္ေျပာဆိုထားတာေတြ ပလူပ်ံေနခဲ့တာပါ။

ဒီပြဲမွာ တိုက္ဆိုင္တာတစ္ခုကေတာ့ တူခ်ယ္နဲ႔ ဇီဒန္းဟာ ဒုတိယပိုင္း ၆၆မိနစ္မွာ ႏွစ္ဖက္စလုံး လူစားလဲလွယ္တာေတြ ျပဳလုပ္ခဲ့တာပါပဲ။

ရီးရဲလ္က ဟာဇက္တစ္ေယာက္တည္းက အရင္ လူစားလဲခဲ့ေပမယ့္ ခ်ဲလ္ဆီးကေတာ့ ဟာဗက္ဇ္၊ ဇီယက္ခ်္၊ ေဂ်ဆီဂ်ိန္းတို႔ ၃ေယာက္စလုံးကို တၿပိဳင္တည္း လူစားလဲခဲ့ပါတယ္။

ဒီပြဲမွာ ၁-၁ သေရက်သြားတဲ့အတြက္ ခ်ဲလ္ဆီးဟာ အေဝးဂိုးရခဲ့ၿပီး ဒုတိယအေက်ာ့အတြက္ အနည္းငယ္ အေလးသာသြားတယ္လို႔ေျပာႏိုင္ပါတယ္။