ဇီဒန်းကို လေးစားပေမယ့် ရီးရဲလ်ကို ရင်ဆိုင်ရမှာ မကြောက်တဲ့ တူချယ်က ဗာရာနီကိုလည်း မန်ယူနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိ၈်မှာ ရီးရဲလ်နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲဟာ စိတ်ကူးအိပ်မက်ထဲကအတိုင်း တကယ်ဖြစ်လာတဲ့ပွဲစဉ်ဖြစ်ပြီး

မကြောက်မရွံ့စတမ်း ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ တူချယ်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။

နည်းပြဇီဒန်းရဲ့ ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ အင်အားကြီးမားတဲ့ အသင်းဖြစ်ပြီး ချဲလ်ဆီးအနေနဲ့

ခြေတစ်လှမ်းပဲ လိုတော့တဲ့ ဗိုလ်လုပွဲအတွက် အစွမ်းကုန်ရင်ဆိုင်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

တူချယ်က ” ဇီဒန်းဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိ၈် ၃ကြိမ်ဆက်တိုက် ရယူပေးထားတဲ့ နည်းပြဖြစ်ပြီး ဒီလို မဖြစ်နိုင်တဲ့အရာကို လုပ်ပြထားနိုင်ခဲ့တာ ချီးကျူးရမှာပါ။

ကျွန်တော်တို့အနေနဲ့ ဆီမီဖိုင်နယ်ရောက်နေတာဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာရှိနေပါတယ်။

ရီးရဲလ်နဲပ့ွဲက ခက်ခဲမယ်လို့ မထင်ပါဘူး။ သူတို့က အေတွေ့အကြုံအရှိဆုံးဖြစ်ပြီး ယုံကြည်မှုအပြည့်နဲ့ ကစားမှာပါ။

လေယလေယဆယ်မှာလည်း ၁၆ပွဲ ဆက်တိုက်ရှုံးပွဲမရှိပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ကလည်း အက်ဖ်အေဖလားမှာ လုပ်ပြခဲ့သလို ပရီးမီးယားလိဂ်မှာ လုပ်ပြနေသလို

ချန်ပီယံလိ၈်မှာလည်း အစွမ်းကုန် လုပ်ပြသွားဖို့ ရှိပါတယ်။

ဒီပွဲက စိန်ခေါ်မှု ကြီးမားတဲ့ပွဲဖြစ်ပြီး ရီးရဲလ်လိုအသင်းမျိုးနဲ့ ဒီလိုအဆင့်မှာ ယှဉ်ပြိုင်ကစားရဖို့က အိပ်မက်ပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းဟာ မန်ယူက ခေါ်ယူဖို့စောင့်ကြည့်နေတဲ႔ ရီးရဲ်နောက်ခံလူ ဗာရာနီကိုလည်း

ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်၊

ဗာရာနီဟာ ရီးရဲလ်နဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ ရီးရဲလ်က စာချုပ်သစ်ချုပ်ဆိုဖို့ထက်

ရောင်းထုတ်ပြီး ငွေကြေးရှာဖွေချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရာနီဟာ ဇီဒန်းအားအကိုးရဆုံးကစားသမားအဖြစ် ရှိနေပေမယ့် ကစားသမားကိုယ်တိုင်က

မတူညီတဲ့လိဂ်တစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ဖွင့်ဟထားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ဗာရာနီအတွက် ပေါင် ၆၁ သန်းအထိ ပေးချေဖို့အသင့်ရှိနေပြီး မန်ယူ အတွက်ပြိုင်ဘက်အသင်း တစ်သင်းတိုးလာတာပဲဖြစ်လာပါတယ်။

ရီးရဲလ်ကလည်း လာမယ့်ရာသီအတွက် အလာဘာကို ခေါ်ယူထားပြီးဖြစ်တာကြောင့် ဗာရာနီအတွက် ငွေကြေးမြိုးမြိုးမြက်မြက်ရရှိမယ်ဆိုရင် ရောင်းထုတ်သွားဖို့ရှိနေပါတယ်။

တူချယ်က သူ့ရဲ့ဗဟိုခံစစ်မှာ ခရစ္စတီယန်ဆန်၊ ရူဒီဂါနဲ့ သီယာဂိုဆေးလ်ဗားတို့ရှိနေပေမယ့် ဆေးလ်ဗားက အသက်အရွယ်ရနေပြီဖြစ်သလို

ကျန်ကစားသမားနှစ်ဦးရဲ့ ခြေစွမ်းကတည်း တည်ငြိမ်မှုလိုအပ်နေတာကြောင့် ဗဟိုခံစစ်မှူးတစ်ဦးကို အလိုရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi









ရီးရဲလ်နဲပွဲ့က ခက်ခဲမယ်လို့ မထင်ပါဘူး။







တဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းဟာ မန်ယူက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့

ရီးရ်ဲနောက်ခံလူ ဗာရာနီကိုလည်း ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်၊










