ဇီဇာမကြောင်ပါဘူး၊ ခံစစ်နေရာအားဖြည့်မှာပါ – ကလော့ပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးရဲ့ ဗဟိုခံစစ်နေရာအတွက် အခက်အခဲတွေက ဆက်လက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ နောက်ခံလူ ဂျိုးလ် မာတစ် အနေနဲ့ စပါး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာ ရရှိခဲ့တာကြောင့် ဒုတိယပိုင်းအရောက်မှာ ဆက်လက် မကစားနိုင်တော့ဘဲ အသင်းဖော် နောက်ခံ ကစားသမားဖြစ်သူ နသန်နီးရယ်လ် ဖီးလစ်ပ် နဲ့ လူစားလဲခဲ့ရပါတယ်။

လီဗာပူး နည်းပြ ဖြစ်သူ ကလော့ပ် ကလည်း ပွဲအပြီး အင်တာဗျုးမှာ မာတစ် တစ်ယောက် ရရှိခဲ့တဲ့ ဒဏ်ရာဟာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပြီးတော့ အဲဒီကစားသမားဟာ ကာလရှည် အနားယူသွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၉နှစ်အရွယ် နောက်ခံလူဟာ ဒဏ်ရာပြဿနာပြင်းထန်မှုကို အသေးစိတ်ဆေးစစ်မှုခံယူသွားရမှာဖြစ်ပါတယ်။လီဗာပူး အသင်းအနေနဲ့ ဒီရာသီမှာ အဓိက ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ‌ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးလ် ဂိုးမက်ဇ် တို့ကို လက်လွှတ်ထားရသလို၊ ဖာဘင်ဟိုကလည်း စပါး အသင်းနဲ့ ပွဲစဉ်မှာ အသေးစားကြွက်သား ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ မတူညီတဲ့ ခံစစ်အတွဲအဖက်ကို ပွဲတော်တော်များများမှာ အသုံးပြုနေရတာဖြစ်သလို ပရီးမီးယားလိဂ် ပွဲ ၂၀မှာ ၁၁ပွဲ မတူညီတဲ့ ခံစစ်အတွဲနဲ့ ပွဲထွက်ထားခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက်အင်အားဖြည့်မယ့် ကိစ္စကို နည်းပြကလော့ပ်က “ကျွန်တော်တို့ အားလုံးကို ခြုံငုံစဉ်းစားနေပါတယ်။ တစ်ချိန်လုံးပဲ ကျွန်တော်တို့ စဉ်းစားနေတာပါ။”

“ကျွန်တော်က ဇီဇာကြောင်တဲ့ လူတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မှန်ကန်တဲ့ ကစားသမားကို ရှာဖွေနိုင်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် ခံစစ်ပိုင်းမှာ ဖြစ်နေတာတွေက လုံးဝ မယုံနိုင်ချင်စရာပါပဲ ” လို့ ပြောဆိုပါတယ်။

အခုဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်နောက်ဆုံးကစားထားတဲ့ ၅ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်ကို အကောင်းဆုံးခြေစွမ်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄နေရာကို ပြန်ရောက်လာခဲ့ပြီး အဆင့် ၁က မန်စီးတီးနဲ့ ၄မှတ်သာကွာဟနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးရဲ႕ ဗဟိုခံစစ္ေနရာအတြက္ အခက္အခဲေတြက ဆက္လက္ရွိေနဆဲပဲ ျဖစ္ပါတယ္။ လီဗာပူး အသင္းရဲ႕ ေနာက္ခံလူ ဂ်ိဳးလ္ မာတစ္ အေနနဲ႔ စပါး အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပြဲထြက္ခြင့္ ရရွိခဲ့ေပမယ့္လည္း ဒဏ္ရာျပႆနာ ရရွိခဲ့တာေၾကာင့္ ဒုတိယပိုင္းအေရာက္မွာ ဆက္လက္ မကစားႏိုင္ေတာ့ဘဲ အသင္းေဖာ္ ေနာက္ခံ ကစားသမားျဖစ္သူ နသန္နီးရယ္လ္ ဖီးလစ္ပ္ နဲ႔ လူစားလဲခဲ့ရပါတယ္။

လီဗာပူး နည္းျပ ျဖစ္သူ ကေလာ့ပ္ ကလည္း ပြဲအၿပီး အင္တာဗ်ဳးမွာ မာတစ္ တစ္ေယာက္ ရရွိခဲ့တဲ့ ဒဏ္ရာဟာ ႀကီးမားတဲ့ ျပႆနာတစ္ခု ျဖစ္ေၾကာင္း ဝန္ခံေျပာဆိုသြားခဲ့ၿပီးေတာ့ အဲဒီကစားသမားဟာ ကာလရွည္ အနားယူသြားရေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၉ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဒဏ္ရာျပႆနာျပင္းထန္မႈကို အေသးစိတ္ေဆးစစ္မႈခံယူသြားရမွာျဖစ္ပါတယ္။လီဗာပူး အသင္းအေနနဲ႔ ဒီရာသီမွာ အဓိက ခံစစ္ ကစားသမားေတြ ျဖစ္ၾကတဲ့ ‌ဗာဂ်ယ္ဗန္ဒိုက္ နဲ႔ ဂ်ိဳးလ္ ဂိုးမက္ဇ္ တို႔ကို လက္လႊတ္ထားရသလို၊ ဖာဘင္ဟိုကလည္း စပါး အသင္းနဲ႔ ပြဲစဥ္မွာ အေသးစားႂကြက္သား ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ဒီရာသီမွာ မတူညီတဲ့ ခံစစ္အတြဲအဖက္ကို ပြဲေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳေနရတာျဖစ္သလို ပရီးမီးယားလိဂ္ ပြဲ ၂၀မွာ ၁၁ပြဲ မတူညီတဲ့ ခံစစ္အတြဲနဲ႔ ပြဲထြက္ထားခဲ့ပါတယ္။ ခံစစ္ပိုင္းအတြက္အင္အားျဖည့္မယ့္ ကိစၥကို နည္းျပကေလာ့ပ္က “ကြၽန္ေတာ္တို႔ အားလုံးကို ၿခဳံငုံစဥ္းစားေနပါတယ္။ တစ္ခ်ိန္လုံးပဲ ကြၽန္ေတာ္တို႔ စဥ္းစားေနတာပါ။”

“ကြၽန္ေတာ္က ဇီဇာေၾကာင္တဲ့ လူေတာ့ မဟုတ္ပါဘူး၊ ဒါေပမယ့္ မွန္ကန္တဲ့ ကစားသမားကို ရွာေဖြႏိုင္ဖို႔ေတာ့ လိုပါတယ္။ ကြၽန္ေတာ္တို႔မွာ ကစားသမားေတြ အမ်ားႀကီး က်န္ပါေသးတယ္၊ ဒါေပမယ့္ ခံစစ္ပိုင္းမွာ ျဖစ္ေနတာေတြက လုံးဝ မယုံႏိုင္ခ်င္စရာပါပဲ ” လို႔ ေျပာဆိုပါတယ္။

အခုဆိုရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္ေနာက္ဆုံးကစားထားတဲ့ ၅ပြဲမွာ ႏိုင္ပြဲေပ်ာက္ဆုံးေနတာကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္ကို အေကာင္းဆုံးေျခစြမ္းနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ေနရာကို ျပန္ေရာက္လာခဲ့ၿပီး အဆင့္ ၁က မန္စီးတီးနဲ႔ ၄မွတ္သာကြာဟေနပါတယ္။