ဇီဇာကြောင်လွန်းတဲ့ နာမည်ကျော်ဘောလုံးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဇီဇာကြောင်တဲ့လူတွေကို တွေ့ဖူးကြမှာပေ့ါ။ တချို့ဆိုရင် ဇီဇာကြောင်လွန်းလို့ အပေါင်းအသင်း သိပ်မရှိတဲ့သူတွေလည်း ရှိကြတယ်။ ဒါဟာ သာမန်လူတွေတင် မဟုတ်ပါဘူး။ တကယ့်ကို ကမ္ဘာကျော်ဘောလုံးသမား တချို့မှာလည်း ဇီဇာကြောင်တဲ့ အကျင့်စရိုက်တွေရှိကြတယ်။ အဲဒီသူတွေက ဘယ်သူတွေလဲဆိုတာ ပရိသတ်တွေအတွက် ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ် . . .

ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်နဲ့ ဘာစီလိုနာ ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒင်ဟိုဟာ ကစားသမားဘ၀ အဆုံးသတ်ခါနီးမှာ မက္ကဆီကိုကလပ် Querétaro အသင်းမှာ တစ်ရာသီ ကစားခဲ့ဖူးတယ်။ သူ့ကို ခေါ်ဖို့ Querétaro အသင်း ရင်းခဲ့ရတာက မနည်းပါဘူး။ ရော်နယ်လ်ဒင်ဟိုက အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆွေနွေးတဲ့အထဲမှာ သူ့ကို ခေါ်မယ်ဆိုရင် ရေကူးကန်ပါတဲ့ အိမ်၊ သဲသောင်ပြင်ဘောလုံးကွင်းနဲ့ ဘောလုံးကွင်းအသေးစား တစ်ခု၊ အိမ်အကူ (၄)ယောက် စီစဉ်သတ်မှတ်ပေးရမယ်လို့ တောင်းဆိုခဲ့လို့ပါပဲ။

ဂျာဗင်ဟို

ဂျာဗင်ဟိုကလည်း ရော်နယ်လ်ဒင်ဟို လိုပါပဲ။ တရုတ်စူပါလိဂ်ကလပ် ဟိုင်ဘေဖော်ကျွန်းအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေတုန်းမှာ သူက သီးသန့်ကမ်းခြေတစ်ခု၊ သူ့မိသားစုနေဖို့အတွက် အကောင်းစား အိမ်ကြီးရခိုင်တစ်လုံး၊ ရဟတ်ယာဉ်တစ်စင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ အိုင်ဗရီကို့စ်ကို ပြန်ချင်တဲ့အချိန်ပြန်လို့ရအောင် လေယာဉ်လက်မှတ် စီစဉ်ပေးရမယ်ဆိုတာကလည်း ပါပါသေးတယ်။

နေမာ

PSG အသင်းနဲ့ နေမာရဲ့ အပြောင်းအရွှေ့ကိစ္စမှာ လူသိပ်မသိတဲ့အချက်တွေ ရှိခဲ့တယ်။ နေမာဟာ သူပေးရမယ့် အခွန်ငွေကို ကာမိအောင်လို့ (၁)နှစ်လစာကို ယူရို(၂၅)သန်း တောင်းဆိုခဲ့တဲ့အပြင် ပါရီမှာ သူ့နာမည်နဲ့ ဟိုတယ်တချို့ တည်ဆောက်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်။ PSG အသင်းပိုင်ရှင်အယ်လ်ခီလိုင်ဖီက သဘောမတူခဲ့လို့ အစောပိုင်းမှာ ဆွေးနွေးမှု ကြန့်ကြာခဲ့ပေမယ့် နောက်ပိုင်းမှတော့ ဘယ်လိုဖြစ်သွားလဲမသိ၊ နေမာလည်း PSG အသင်းကို ပြောင်းရွှေခဲ့ပါတယ်။

စီရော်နယ်လ်ဒို

နာမည်ကြီး ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုရဲ့ သူ့ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်ကမှ တကယ့်ကို အံ့အားသင့်စရာ။ သူ့ အိမ်မှာ အလုပ်လုပ်မယ့် အိမ်အလုပ်သမားတွေကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတစ်ခု သတ်မှတ်ထားတယ်။ အဲဒါကတော့ သူ့ရဲ့ ပြင်ပဘဝနေထိုင်ပုံတွေ၊ အိမ်တွင်းရေး လျှို့ဝှက်ချက်တွေကို စီရော်နယ်လ်ဒို ဒါမှမဟုတ် သူ့ရဲ့နောက်ဆုံး ဆွေမျိုးတွေ သေဆုံးပြီးတဲ့နောက် နှစ်ပေါင်း(၇၀)အထိ အပြင်မှာ မပေါက်ကြားအောင် ထိန်းသိမ်းထားဖို့ပါပဲ။ ဘာတွေများ လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိလဲတော့ မသိပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇီဇာေၾကာင္လြန္းတဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား

ကြၽန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္မွာ ဇီဇာေၾကာင္တဲ့လူေတြကို ေတြ႕ဖူးၾကမွာေပ့ါ။ တခ်ိဳ႕ဆိုရင္ ဇီဇာေၾကာင္လြန္းလို႔ အေပါင္းအသင္း သိပ္မရွိတဲ့သူေတြလည္း ရွိၾကတယ္။ ဒါဟာ သာမန္လူေတြတင္ မဟုတ္ပါဘူး။ တကယ့္ကို ကမာၻေက်ာ္ေဘာလုံးသမား တခ်ိဳ႕မွာလည္း ဇီဇာေၾကာင္တဲ့ အက်င့္စ႐ိုက္ေတြရွိၾကတယ္။ အဲဒီသူေတြက ဘယ္သူေတြလဲဆိုတာ ပရိသတ္ေတြအတြက္ ဗဟုသုတရေအာင္ ေဖာ္ျပလိုက္ပါတယ္ . . .

ေရာ္နယ္လ္ဒင္ဟို
ဘရာဇီးလ္နဲ႔ ဘာစီလိုနာ ဂႏၴဝင္ကစားသမား ေရာ္နယ္လ္ဒင္ဟိုဟာ ကစားသမားဘ၀ အဆုံးသတ္ခါနီးမွာ မကၠဆီကိုကလပ္ Querétaro အသင္းမွာ တစ္ရာသီ ကစားခဲ့ဖူးတယ္။ သူ႔ကို ေခၚဖို႔ Querétaro အသင္း ရင္းခဲ့ရတာက မနည္းပါဘူး။ ေရာ္နယ္လ္ဒင္ဟိုက အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေဆြေႏြးတဲ့အထဲမွာ သူ႔ကို ေခၚမယ္ဆိုရင္ ေရကူးကန္ပါတဲ့ အိမ္၊ သဲေသာင္ျပင္ေဘာလုံးကြင္းနဲ႔ ေဘာလုံးကြင္းအေသးစား တစ္ခု၊ အိမ္အကူ (၄)ေယာက္ စီစဥ္သတ္မွတ္ေပးရမယ္လို႔ ေတာင္းဆိုခဲ့လို႔ပါပဲ။

ဂ်ာဗင္ဟို
ဂ်ာဗင္ဟိုကလည္း ေရာ္နယ္လ္ဒင္ဟို လိုပါပဲ။ တ႐ုတ္စူပါလိဂ္ကလပ္ ဟိုင္ေဘေဖာ္ကြၽန္းအသင္းနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥ ေဆြးေႏြးေနတုန္းမွာ သူက သီးသန႔္ကမ္းေျခတစ္ခု၊ သူ႔မိသားစုေနဖို႔အတြက္ အေကာင္းစား အိမ္ႀကီးရခိုင္တစ္လုံး၊ ရဟတ္ယာဥ္တစ္စင္း ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး၊ အိုင္ဗရီကို႔စ္ကို ျပန္ခ်င္တဲ့အခ်ိန္ျပန္လို႔ရေအာင္ ေလယာဥ္လက္မွတ္ စီစဥ္ေပးရမယ္ဆိုတာကလည္း ပါပါေသးတယ္။

ေနမာ
PSG အသင္းနဲ႔ ေနမာရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥမွာ လူသိပ္မသိတဲ့အခ်က္ေတြ ရွိခဲ့တယ္။ ေနမာဟာ သူေပးရမယ့္ အခြန္ေငြကို ကာမိေအာင္လို႔ (၁)ႏွစ္လစာကို ယူ႐ို(၂၅)သန္း ေတာင္းဆိုခဲ့တဲ့အျပင္ ပါရီမွာ သူ႔နာမည္နဲ႔ ဟိုတယ္တခ်ိဳ႕ တည္ေဆာက္ေပးရမယ္လို႔ ေတာင္းဆိုခဲ့တယ္။ PSG အသင္းပိုင္ရွင္အယ္လ္ခီလိုင္ဖီက သေဘာမတူခဲ့လို႔ အေစာပိုင္းမွာ ေဆြးေႏြးမႈ ၾကန႔္ၾကာခဲ့ေပမယ့္ ေနာက္ပိုင္းမွေတာ့ ဘယ္လိုျဖစ္သြားလဲမသိ၊ ေနမာလည္း PSG အသင္းကို ေျပာင္းေ႐ႊခဲ့ပါတယ္။

စီေရာ္နယ္လ္ဒို
နာမည္ႀကီး ေပၚတူဂီကစားသမား စီေရာ္နယ္လ္ဒိုရဲ႕ သူ႔ အလုပ္သမားေတြကို သတ္မွတ္ထားတဲ့ စည္းကမ္းသတ္မွတ္ခ်က္ကမွ တကယ့္ကို အံ့အားသင့္စရာ။ သူ႔ အိမ္မွာ အလုပ္လုပ္မယ့္ အိမ္အလုပ္သမားေတြကို ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈတစ္ခု သတ္မွတ္ထားတယ္။ အဲဒါကေတာ့ သူ႔ရဲ႕ ျပင္ပဘဝေနထိုင္ပုံေတြ၊ အိမ္တြင္းေရး လွ်ိဳ႕ဝွက္ခ်က္ေတြကို စီေရာ္နယ္လ္ဒို ဒါမွမဟုတ္ သူ႔ရဲ႕ေနာက္ဆုံး ေဆြမ်ိဳးေတြ ေသဆုံးၿပီးတဲ့ေနာက္ ႏွစ္ေပါင္း(၇၀)အထိ အျပင္မွာ မေပါက္ၾကားေအာင္ ထိန္းသိမ္းထားဖို႔ပါပဲ။ ဘာေတြမ်ား လွ်ိဳ႕ဝွက္ခ်က္ ႀကီးႀကီးမားမား ရွိလဲေတာ့ မသိပါဘူး။