ဇာဟာ အတြက္အာဆင္နယ္ရဲ႕ကမး္လွမ္းမႈကို ရြိဳင္းေဟာ႔ဂ္ဆန္ေလွာင္ေျပာင္

ခရစၥတယ္ပဲေလ႔စ္အသင္းနည္းျပ ရြိဳင္းေဟာ႔ဂ္ဆန္က ေတာင္ပံကစားသမား ဇာဟာအတြက္အာဆင္နယ္ရဲ႕ကမး္လွမး္မႈတန္ေၾကးကိုေလွာင္ေျပာင္လိုက္ၿပီး ပဲေလ႔စ္လိုျခင္တဲ႔ ေစ်းကိုဖင္ဖ်ားေတာင္မမီဘူးလို႔ ေျပာလိုက္ပါတယ္။

ခရစၥတယ္ပဲေလ႔စ္ဟာ အိုင္ဗရီကို႔စ္လက္ေရြးစင္ျဖစ္သူ ဇာဟာအတြက္ေပါင္သန္း ၈၀ အလိုရွိေနေပမယ္႔ အာဆင္နယ္ဘက္က ကမ္းလွမ္းမႈဟာေပါင္သန္း ၄၀ သာျဖစ္ပါတယ္။ ဇာဟာ ကိုယ္တိုင္ကအာဆင္နယ္ကိုေျပာင္းခ်င္ေနေပမယ္႔ ကလပ္ႏွစ္ခုၾကာသေဘာတူညီခ်က္ရဖို႔က ေစ်းႏႈန္းကအႀကီးမားဆုံးအတားအဆီးျဖစ္ေနပါတယ္။

ေဟာ႔ဂ္ဆန္က”က်ြန္ေတာ္တို႔ဘက္က သတ္မွတ္ထားတဲ႔တန္ေၾကးကို အာဆင္နယ္ရဲ႕ကမး္လွမး္မႈကဖင္ဖ်ားေတာင္မမီပါဘူး။ ကလပ္ကကစားသမားတစ္ဦးကို လိုျခင္တဲ႔သူေတြရွိလာရင္ က်ြန္ေတာ္တို႔တားမွာမဟုတ္ပါဘူး။ ဒါေပမယ္႔ ေစ်းကြက္တန္ဖိုးအတိုင္းေပးမွရမွာပါ။ ဒါကိုလည္း ဇာဟာကိုေသခ်ာေျပာထားၿပီးသားပါ” လို႔ေျပာသြားပါတယ္။

အာဆင္နယ္ဟာ ဒီႏွစ္ေႏြရာသီေစ်းကြက္အတြင္းမွာ ကလပ္ရဲ႕အသုံးစားရိတ္မ်ားစြာနည္းပါးေနၿပီး ေပါင္ ၄၅ သန္းသာရွိေနတာပါ။ ဒါေၾကာင့္လည္း ကစားသမားေတြကို ကမး္လွမ္းရာမွာအခက္ေတြ႔ေနၿပီး ဆဲလ္တစ္အသင္းဆိုရင္လည္း သူတို႔ေနာက္ခံလူ ကီရန္တီယာေနးအတြက္ အာဆင္နယ္ရဲ႕ကမ္းလွမ္းမႈကို မေက်မနပ္ျဖစ္ေနၿပီး ပယ္ခ်ခဲ့ပါေသးတယ္။

ဆဲလ္တစ္ဟာ တီယာေနးအတြက္ေပါင္ ၃၅ သန္းအလိုရွိေနေပမယ္႔ အာဆင္နယ္ကမး္လွမ္းတဲ႔ေစ်းကေပါင္သန္း ၂၀ သာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လာမယ္႔ရာသီအတြက္ ၄ ေနရာေလာက္အင္အားျဖည့္တင္းရမွာျဖစ္ေပမယ္႔ အသုံးစားရိတ္ေၾကာင့္ အခက္ေတြ႔ေနရပါတယ္။

Unicode

ဇာဟာ အတွက်အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို ရွိုင်းဟော့ဂ်ဆန်လှောင်ပြောင်
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်က တောင်ပံကစားသမား ဇာဟာအတွက်အာဆင်နယ်ရဲ့ကမ်းလှမ်းမှုတန်ကြေးကိုလှောင်ပြောင်လိုက်ပြီး ပဲလေ့စ်လိုခြင်တဲ့ ဈေးကိုဖင်ဖျားတောင်မမီဘူးလို့ ပြောလိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ အိုင်ဗရီကို့စ်လက်ရွေးစင်ဖြစ်သူ ဇာဟာအတွက်ပေါင်သန်း ၈၀ အလိုရှိနေပေမယ့် အာဆင်နယ်ဘက်က ကမ်းလှမ်းမှုဟာပေါင်သန်း ၄၀ သာဖြစ်ပါတယ်။ ဇာဟာ ကိုယ်တိုင်ကအာဆင်နယ်ကိုပြောင်းချင်နေပေမယ့် ကလပ်နှစ်ခုကြာသဘောတူညီချက်ရဖို့က ဈေးနှုန်းကအကြီးမားဆုံးအတားအဆီးဖြစ်နေပါတယ်။

ဟော့ဂ်ဆန်က”ကျွန်တော်တို့ဘက်က သတ်မှတ်ထားတဲ့တန်ကြေးကို အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကဖင်ဖျားတောင်မမီပါဘူး။ ကလပ်ကကစားသမားတစ်ဦးကို လိုခြင်တဲ့သူတွေရှိလာရင် ကျွန်တော်တို့တားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဈေးကွက်တန်ဖိုးအတိုင်းပေးမှရမှာပါ။ ဒါကိုလည်း ဇာဟာကိုသေချာပြောထားပြီးသားပါ” လို့ပြောသွားပါတယ်။

အာဆင်နယ်ဟာ ဒီနှစ်နွေရာသီဈေးကွက်အတွင်းမှာ ကလပ်ရဲ့အသုံးစားရိတ်များစွာနည်းပါးနေပြီး ပေါင် ၄၅ သန်းသာရှိနေတာပါ။ ဒါကြောင့်လည်း ကစားသမားတွေကို ကမ်းလှမ်းရာမှာအခက်တွေ့နေပြီး ဆဲလ်တစ်အသင်းဆိုရင်လည်း သူတို့နောက်ခံလူ ကီရန်တီယာနေးအတွက် အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို မကျေမနပ်ဖြစ်နေပြီး ပယ်ချခဲ့ပါသေးတယ်။

ဆဲလ်တစ်ဟာ တီယာနေးအတွက်ပေါင် ၃၅ သန်းအလိုရှိနေပေမယ့် အာဆင်နယ်ကမ်းလှမ်းတဲ့ဈေးကပေါင်သန်း ၂၀ သာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် ၄ နေရာလောက်အင်အားဖြည့်တင်းရမှာဖြစ်ပေမယ့် အသုံးစားရိတ်ကြောင့် အခက်တွေ့နေရပါတယ်။