ဇာဟာ၊ ချီဝဲလ်နဲ့ ဝါနာတို့အတွက် ပေါင်သန်း ၁၅၀ သုံးဖို့ ချဲလ်ဆီး စိတ်ဝင်စားနေဟုဆို

Photo Credit

Photo Credit

ဗြိတိန်သတင်းစာ The Sun ရဲ့ရေးသားဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ တကယ်လို့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ပြစ်ဒဏ် လျှော့ပေါ့ပယ်ဖျက်ခံရရင် လာမယ့်ဇန်နဝါရီလအတွင်း နာမည်ကြီးကစားသမား ၃ဦးကို ခေါ်ယူဖို့ ကြိုတင်စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit

နည်းပြလမ်းပတ်ရဲ့အဝယ်စာရင်းထဲမှာ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ၊ လက်စတာဘယ်နောက်ခံလူ ချီဝဲလ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာတို့ ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကွင်းလယ်လူ ကိုဗာဆစ်ကို ရီးရဲလ်ကနေ အပြီးသတ်ခေါ်ယူခွင့်ရရှိခဲ့ပြီးနောက် ဆောင်းရာသီဈေးကွက်ပြန်ဖွင့်ချိန်မှာ ကစားသမားသစ်ခေါ်ယူရေအတွက် ပေါင်သန်း ၁၅၀ အထိ သုံးစွဲဖွယ်ရှိနေပါတယ်။

Photo Credit

ချဲလ်ဆီးဟာ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ စည်းမျဉ်းတွေချိုးဖောက်ခဲ့လို့ အပြောင်းအရွှေ့ဈေးကွက် ၂ခုအတွင်း ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရတာပါ။

Photo Credit

ဒါပေမဲ့ ချဲလ်ဆီးဟာ အဲဒီပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ အားကစားဆိုင်ရာအထူးခုံရုံး(CAS)ထံ အယူခံတင်သွင်းထားပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်တော့မှာဖြစ်ရာ လမ်းပတ်က ဇန်နဝါရီလအတွင်း သွက်သွက်လက်လက်လှုပ်ရှားဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်နေတာပါ။

Photo Credit

ဇာဟာကလည်း ပြီးခဲ့တဲ့နွေရာသီအတွင်း အာဆင်နယ်နဲ့ အဲဗာတန်တို့ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းကို ရောက်ဖွယ်ရှိနေပါတယ်။

Photo Credit

ပဲလေ့စ်က ယူနိုက်တက်ကစားသမားဟောင်းအတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းလာရင် လက်သင့်ခံဖွယ်ရှိနေပြီး လက်စတာအသင်းကလည်း အင်္ဂလန်လက်ရွေးစင် ချီဝဲလ်အတွက် ပေါင်သန်း ၅၀ ဝန်းကျင် တောင်းဆိုဖွယ်ရှိနေပါတယ်။

Photo Credit

ယူနိုက်တက်နဲ့ လီဗာပူးတို့ကပါ စိတ်ဝင်စားနေတဲ့ ဂျာမနီလက်ရွေးစင် ဝါနာဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း လိုက်ပ်ဇစ်နဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၂၅သန်းပဲရှိတယ်လို့ သိရပါတယ်။

Photo Credit

Zawgyi

ဇာဟာ၊ ခ်ီ၀ဲလ္နဲ႔ ၀ါနာတို႔အတြက္ ေပါင္သန္း ၁၅၀ သုံးဖုိ႔ ခ်ဲလ္ဆီး စိတ္၀င္စားေနဟုဆို

ၿဗိတိန္သတင္းစာ The Sun ရဲ႕ေရးသားေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ တကယ္လုိ႔ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတဲ့ျပစ္ဒဏ္ ေလွ်ာ့ေပါ့ပယ္ဖ်က္ခံရရင္ လာမယ့္ဇန္န၀ါရီလအတြင္း နာမည္ႀကီးကစားသမား ၃ဦးကို ေခၚယူဖို႔ ႀကိဳတင္စီစဥ္ေနတယ္လုိ႔ သိရပါတယ္။
နည္းျပလမ္းပတ္ရဲ႕အ၀ယ္စာရင္းထဲမွာ ပဲေလ့စ္ေတာင္ပံကစားသမား ဇာဟာ၊ လက္စတာဘယ္ေနာက္ခံလူ ခ်ီ၀ဲလ္နဲ႔ လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမုိ၀ါနာတုိ႔ ပါ၀င္ေနေၾကာင္း သိရပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ကြင္းလယ္လူ ကိုဗာဆစ္ကို ရီးရဲလ္ကေန အၿပီးသတ္ေခၚယူခြင့္ရရွိခဲ့ၿပီးေနာက္ ေဆာင္းရာသီေစ်းကြက္ျပန္ဖြင့္ခ်ိန္မွာ ကစားသမားသစ္ေခၚယူေရအတြက္ ေပါင္သန္း ၁၅၀ အထိ သံုးစဲြဖြယ္ရွိေနပါတယ္။
ခ်ဲလ္ဆီးဟာ အသက္မျပည့္ေသးတဲ့ ကစားသမားေတြကို ေခၚယူရာမွာ စည္းမ်ဥ္းေတြခ်ိဳးေဖာက္ခဲ့လို႔ အေျပာင္းအေရႊ႕ေစ်းကြက္ ၂ခုအတြင္း ကစားသမားသစ္ေခၚယူခြင့္ ပိတ္ပင္ခံထားရတာပါ။
ဒါေပမဲ့ ခ်ဲလ္ဆီးဟာ အဲဒီျပစ္ဒဏ္ကို ပယ္ဖ်က္ေပးဖို႔ အားကစားဆုိင္ရာအထူးခုံ႐ုံး(CAS)ထံ အယူခံတင္သြင္းထားၿပီး ႏို၀င္ဘာလ ၂၀ ရက္ေန႔မွာ အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္ေတာ့မွာျဖစ္ရာ လမ္းပတ္က ဇန္န၀ါရီလအတြင္း သြက္သြက္လက္လက္လႈပ္ရွားဖို႔ အခုကတည္းက ႀကိဳတင္ျပင္ဆင္ေနတာပါ။
ဇာဟာကလည္း ၿပီးခဲ့တဲ့ေႏြရာသီအတြင္း အာဆင္နယ္နဲ႔ အဲဗာတန္တုိ႔ရဲ႕စိတ္၀င္စားျခင္းခံခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးအသင္းကို ေရာက္ဖြယ္ရွိေနပါတယ္။
ပဲေလ့စ္က ယူႏုိက္တက္ကစားသမားေဟာင္းအတြက္ ေပါင္သန္း ၇၀ နဲ႔ ကမ္းလွမ္းလာရင္ လက္သင့္ခံဖြယ္ရွိေနၿပီး လက္စတာအသင္းကလည္း အဂၤလန္လက္ေရြးစင္ ခ်ီ၀ဲလ္အတြက္ ေပါင္သန္း ၅၀ ၀န္းက်င္ ေတာင္းဆုိဖြယ္ရွိေနပါတယ္။
ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ကပါ စိတ္၀င္စားေနတဲ့ ဂ်ာမနီလက္ေရြးစင္ ၀ါနာဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း လုိက္ပ္ဇစ္နဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခ့ဲေပမယ့္ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႕ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၂၅သန္းပဲရွိတယ္လုိ႔ သိရပါတယ္။