ဇာဗီရဲ့ ဆုဖလားသိမ်းစွမ်းဆောင်နိုင်စွမ်းက ဘာစီလိုနာ နည်းပြ ဖြစ်ထိုက်နေပြီလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိမှာ ကာတာ စူပါကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ ပြီးခဲ့တဲ့ ၂၃ရက်နေ့မှာ သူ့ရဲ့ နည်းပြဘဝ သတ္တမမြောက် ဆုဖလားကို အရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဇာဗီဟာ အယ်ဆတ်အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာတာလိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့လက်ထက်မှာ

အယ်ဆတ်အသင်းဟာ ကာတာလိဂ် ချန်ပီယံ ၁ကြိမ် ၊ ကာတာဖလား ၂ကြိမ် ၊ ကာတာလိဂ်ဖလား ၂ကြိမ် ၊ ကာတာကြယ်ပွင့်ဖလား ၁ကြိမ်နဲ့ ကာတာ စူပါဖလား ၁ကြိမ်တို့ကို ရရှိထားပါတယ်။

ဒါ့အပြင် အယ်ဆတ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ကာတာလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်နေပြီး ၇ပွဲ ကစား ၇ပွဲစလုံး နိုင်ထားကာ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

ဇာဗီကတော့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာကို နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရဖို့က သူ့ဘဝရဲ့ အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းကို မခန့်အပ်ခင်က အသင်းတာဝန်ရှိသူတွေအနေနဲ့ ဇာဗီကို နည်းပြအဖြစ်

ခန့်အပ်ဖို့လုပ်ဆောင်ခဲ့ပေမယ့် အသင်းဒါရိုက်တာတွေကြားမှာ သဘောထားကွဲလွဲမှုကြောင့် မခန့်အပ်ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ဇာဗီက ” ကျွန်တော့်အနေနဲ့ ဘာမှ ဖုံးကွယ်ထားစရာမလိုပါဘူး။

ဘာစီလိုနာအသင်းကို နည်းပြလုပ်ခွင့်ရဖို့ဆိုတာ ကျွန်တော့်ရဲ့ ရည်မှန်းချက်အိပ်မက်ပါ။

သူတို့က အချိန်လိုသေးတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြလို့သာ အသင်းကို ကိုင်တွယ်ခွင့်မရသေးတာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဲလ်ဆတ်အသင်းအတွက် အပြည့်အဝ အာရုံစိုက်ထားသလို ပျော်လည်းပျော်ရွှင်နေပါတယ် ” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇာဗီရဲ႕ ဆုဖလားသိမ္းစြမ္းေဆာင္ႏိုင္စြမ္းက ဘာစီလိုနာ နည္းျပ ျဖစ္ထိုက္ေနၿပီလား?

လက္ရွိမွာ ကာတာ စူပါကလပ္ အယ္ဆတ္အသင္းကို ကိုင္တြယ္ေနတဲ့ ဘာစီလိုနာအသင္းနဲ႔ စပိန္လက္ေ႐ြးစင္ အသင္းတို႔ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ဇာဗီဟာ ၿပီးခဲ့တဲ့ ၂၃ရက္ေန႔မွာ သူ႔ရဲ႕ နည္းျပဘဝ သတၱမေျမာက္ ဆုဖလားကို အရယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ဇာဗီဟာ အယ္ဆတ္အသင္းကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ကာတာလိဂ္ ခ်န္ပီယံ ျဖစ္ေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့သလို သူ႔ရဲ႕လက္ထက္မွာ

အယ္ဆတ္အသင္းဟာ ကာတာလိဂ္ ခ်န္ပီယံ ၁ႀကိမ္ ၊ ကာတာဖလား ၂ႀကိမ္ ၊ ကာတာလိဂ္ဖလား ၂ႀကိမ္ ၊ ကာတာၾကယ္ပြင့္ဖလား ၁ႀကိမ္နဲ႔ ကာတာ စူပါဖလား ၁ႀကိမ္တို႔ကို ရရွိထားပါတယ္။

ဒါ့အျပင္ အယ္ဆတ္အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ကာတာလိဂ္ ခ်န္ပီယံ ျဖစ္ဖို႔ နီးစပ္ေနၿပီး ၇ပြဲ ကစား ၇ပြဲစလုံး ႏိုင္ထားကာ အာရွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ အသင္းေတြထဲမွာ ပါဝင္ေနပါတယ္။

ဇာဗီကေတာ့အသင္းေဟာင္းျဖစ္တဲ့ ဘာစီလိုနာကို နည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရဖို႔က သူ႔ဘဝရဲ႕ အိပ္မက္တစ္ခုျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ လက္ရွိ ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္ကိုးမန္းကို မခန႔္အပ္ခင္က အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဇာဗီကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔လုပ္ေဆာင္ခဲ့ေပမယ့္ အသင္းဒါ႐ိုက္တာေတြၾကားမွာ သေဘာထားကြဲလြဲမႈေၾကာင့္ မခန႔္အပ္ျဖစ္ခဲ့တာလို႔လည္း သိရပါတယ္။

ဇာဗီက ” ကြၽန္ေတာ့္အေနနဲ႔ ဘာမွ ဖုံးကြယ္ထားစရာမလိုပါဘူး။ ဘာစီလိုနာအသင္းကို နည္းျပလုပ္ခြင့္ရဖို႔ဆိုတာ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္အိပ္မက္ပါ။ သူတို႔က အခ်ိန္လိုေသးတယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ၾကလို႔သာ အသင္းကို ကိုင္တြယ္ခြင့္မရေသးတာပါ။ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အဲလ္ဆတ္အသင္းအတြက္ အျပည့္အဝ အာ႐ုံစိုက္ထားသလို ေပ်ာ္လည္းေပ်ာ္႐ႊင္ေနပါတယ္ ” ဆိုၿပီး ေျပာထားပါတယ္။