ဇာနီရိုလိုနဲ့ စမောလင်းကို အလဲအလှယ်လုပ်ဖို့စဉ်းစားနေတဲ့ မန်ယူအသင်း

photo internet

မန်ယူအသင်းဟာ ကစားသမားအပြောင်းအရွှေ့လုပ်ဖို့လိုအပ်နေတာကြောင့် ဘယ်ကစားသမားကို ခေါ်ယူပြီး ဘယ်ကစားသမားကို ပြောင်းပစ်ရမယ်ဆိုတာ စဉ်းစားနေပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းများအရတော့ ရိုးမားအသင်းကို အငှားကစားသမားအဖြစ်ရောက်ရှိနေတဲ့ စမောလင်းကိုပေးပြီး လူငယ်ကစားသမား ဇာနီရိုလိုကို ခေါ်မယ်ဆိုပြီးသိရပါတယ်။

photo internet

မန်ယူနည်းပြဆိုးလ်ရှားဟာ လူငယ်ခြေတက်တွေကို ပိုမိုအားထားသူဖြစ်ပါတယ်။ ပွဲစဉ်များမှာ လူငယ်ကစားသမားတွေကို နေရာပေးတတ်လေ့ရှိပါတယ်။ အခုလည်းနောက်ထပ်အပြောင်းအရွှေ့အတွက် အသက် 20 အရွယ် ဇာနီရိုလိုကိုချိန်ရွယ်နေတာဖြစ်ပါတယ်။ လူငယ်ကစားသမားလေး ဇာနီရိုလိုဟာလည်း ခေသူတော့မဟုတ်ပါဘူး။ နာမည်ကျော်ကစားသမားကြီးတော့တီနဲ့ နှိုင်းယှဉ်ခံရသူဖြစ်ပြီး၊ အခုဘောလုံးရာသီမှာလည်း စီးရီးအေသွင်းဂိုး 3 ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

photo internet

အသက် 30 အရွယ်ရှိပြီဖြစ်တဲ့ စမောလင်းဟာ ရိုးမားအသင်းရဲ့နောက်ခံကစားသမားအဖြစ် ကစားနေသူဖြစ်ပြီး၊ ရိုးမားအသင်းအတွက်လည်းအကောင်းဆုံးကစားပေးနေတာကြောင့် မန်ယူအသင်းက အလဲအလှယ်ကိစ္စ အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မန်ယူဟာ ရိုးမားအသင်းနဲ့အမြန်ဆုံးဆွေးနွေးပွဲစတင်နိုင်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ကစားသမားနှစ်ယောက်စလုံးဟာ ရိုးမားအတွက် အထောက်အကူများစွာပေးနေသလို၊ တစ်ဖက်မှာလည်း ဇာနီရိုလိုကို မျက်စိကျပြီးခေါ်ယူချင်နေတဲ့ အသင်းကြီးတွေရှိနေလို့ဖြစ်ပါတယ်။

photo internet

ပြောင်းရွှေ့ကြေးကိစ္စနဲ့ပတ်သက်လို့တော့ စမောလင်းအတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဟာ ပေါင် 36 သန်းဝန်းကျင်ဖြစ်နိုင်ပြီး၊ ဇာနီရိုလိုကတော့ ပေါင် သန်း50 ဝန်းကျင်အထိဈေးမြင့်နိုင်ပါတယ်။ စမောလင်းဟာ မန်ယူနဲ့ 2022 ခုနှစ်အထိစာချုပ်သက်တမ်း ရှိပြီး၊ ဇာနီရိုလိုကတော့ ရိုးမားအသင်းနဲ့ 2024 ခုနှစ်အထိစာချုပ် သက်တမ်းရှိပါတယ်။ မန်ယူနဲ့ရိုးမားတို့ရဲ့ အလဲအလှယ်၊အပြောင်းအရွှေ့စကားဝိုင်းအောင်မြင်မှုရှိ၊ မရှိစောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

ဇာနီရိုလိုနဲ႔ စေမာလင္းကို အလဲအလွယ္လုပ္ဖုိ႔စဥ္းစားေနတဲ့ မန္ယူအသင္း

မန္ယူအသင္းဟာ ကစားသမားအေျပာင္းအေရႊ႕လုပ္ဖို႔လုိအပ္ေနတာေၾကာင့္ ဘယ္ကစားသမားကို ေခၚယူၿပီး ဘယ္ကစားသမားကို ေျပာင္းပစ္ရမယ္ဆိုတာ စဥ္းစားေနပါတယ္။ အခုထြက္ေပၚလာတဲ့သတင္းမ်ားအရေတာ့ ရိုးမားအသင္းကို အငွားကစားသမားအျဖစ္ေရာက္ရိွေနတဲ့ စေမာလင္းကိုေပးၿပီး လူငယ္ကစားသမား ဇာနီရိုလိုကို ေခၚမယ္ဆိုၿပီးသိရပါတယ္။

မန္ယူနည္းျပဆုိးလ္ရွားဟာ လူငယ္ေျခတက္ေတြကို ပိုမိုအားထားသူျဖစ္ပါတယ္။ ပြဲစဥ္မ်ားမွာ လူငယ္ကစားသမားေတြကို ေနရာေပးတတ္ေလ့ရိွပါတယ္။ အခုလည္းေနာက္ထပ္အေျပာင္းအေရႊ႕အတြက္ အသက္ 20 အရြယ္ ဇာနီရိုလိုကိုခ်ိန္ရြယ္ေနတာျဖစ္ပါတယ္။ လူငယ္ကစားသမားေလး ဇာနီရိုလိုဟာလည္း ေခသူေတာ့မဟုတ္ပါဘူး။ နာမည္ေက်ာ္ကစားသမားႀကီးေတာ့တီနဲ႔ ႏိႈင္းယွဥ္ခံရသူျဖစ္ၿပီး၊ အခုေဘာလုံးရာသီမွာလည္း စီးရီးေအသြင္းဂိုး 3 ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

အသက္ 30 အရြယ္ရိွၿပီျဖစ္တဲ့ စေမာလင္းဟာ ရိုးမားအသင္းရဲ႕ေနာက္ခံကစားသမားအျဖစ္ ကစားေနသူျဖစ္ၿပီး၊ ရိုးမားအသင္းအတြက္လည္းအေကာင္းဆုံးကစားေပးေနတာေၾကာင့္ မန္ယူအသင္းက အလဲအလွယ္ကိစၥ အတြက္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ မန္ယူဟာ ရိုးမားအသင္းနဲ႔အျမန္ဆုံးေဆြးေႏြးပြဲစတင္ႏိုင္ဖို႔လုိပါတယ္။ လက္ရိွအခ်ိန္မွာ ကစားသမားႏွစ္ေယာက္စလုံးဟာ ရုိးမားအတြက္ အေထာက္အကူမ်ားစြာေပးေနသလုိ၊ တစ္ဖက္မွာလည္း ဇာနီရိုလုိကို မ်က္စိက်ၿပီးေခၚယူခ်င္ေနတဲ့ အသင္းႀကီးေတြရိွေနလုိ႔ျဖစ္ပါတယ္။

ေျပာင္းေရႊ႕ေၾကးကိစၥနဲ႔ပတ္သက္လုိ႔ေတာ့ စေမာလင္းအတြက္ အျမင့္ဆုံးေျပာင္းေရႊ႕ေၾကးဟာ ေပါင္ 36 သန္း၀န္းက်င္ျဖစ္ႏိုင္ၿပီး၊ ဇာနီရိုလိုကေတာ့ ေပါင္ သန္း50 ၀န္းက်င္အထိေစ်းျမင့္ႏိုင္ပါတယ္။ စေမာလင္းဟာ မန္ယူနဲ႔ 2022 ခုႏွစ္အထိစာခ်ဳပ္သက္တမ္း ရိွၿပီး၊ ဇာနီရိုလိုကေတာ့ ရိုးမားအသင္းနဲ႔ 2024 ခုႏွစ္အထိစာခ်ဳပ္ သက္တမ္းရိွပါတယ္။ မန္ယူနဲ႔ရိုးမားတို႔ရဲ႕ အလဲအလွယ္၊အေျပာင္းအေရႊ႕စကား၀ုိင္းေအာင္ျမင္မႈရိွ၊ မရိွေစာင့္ၾကည့္ရပါမယ္။