ဇာတိဆွီဒင်မှာ သူခိုးလိုက်ဖမ်းပေးပုံအကြောင်း ဖွင့်ဟလိုက်တဲ့ မန်ယူနောက်ခံလူလင်ဒီလော့ဖ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဆွီဒင်ကိုပြန်ရောက်နေခိုက် အသက် ၉၀ အရွယ်သူ့အဒေါ်ဆီကနေ ပိုက်ဆံအိတ်လုခဲ့တဲ့ သူခိုးတစ်ယောက်ကို သူဘယ်လိုဖမ်းပေးခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ မန်ယူနောက်ခံလူလင်ဒီလော့ဖ်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက အဲဒီမန်ယူနောက်ခံလူဟာ ဇာတိမြေကိုပြန်ရောက်နေတာဖြစ်ပြီး  အသက်ကြီးပြီဖြစ်တဲ့ သူ့အဒေါ်ဆီကနေ စက်ဘီးစီးလာသူတစ်ယောက်က ပိုက်ဆံအိတ်ဆွဲလုသွားတာကို တွေ့လိုက်ရပါတယ်။

photo-credit

ရုတ်တရတ်သူ့မျက်စိရှေ့မှာတင်ဖြစ်သွားတာဆိုပေမယ့် အသက် ၂၆ နှစ်အရွယ် လင်ဒီလော့ဖ်ဟာ ကြောင်အမ်းအမ်းဖြစ်မနေခဲ့ပါဘူး။ ချက်ချင်းပဲ အဲဒီသူခိုးနောက်ကိုပြေးလိုက်ပြီး ရဲတွေမလာခင်အချိန်ထိ ဖမ်းချုပ်ထားနိုင်ခဲ့ပါတယ်။

photo-credit

”အရာအားလုံးက အရမ်းမြန်မြန်ဖြစ်သွားခဲ့တာပါ။ ကျွန်တော်အများကြီးမစဉ်စားခဲ့ပါဘူး။ ကျွန်တော့်အဒေါ်ကို သူ့အိတ်ပြန်ရအောင်ပဲ ကူညီပေးချင်ခဲ့တာပါ။ အဲဒါထက် ဘာမှမပိုပါဘူး။ ကျွန်တော်က ကူညီပေးချင်ရုံပါပဲ”လို့ လင်ဒီလော့ဖ်က ပြန်ပြောင်းပြောပြခဲ့တာပါ။

photo-credit

လင်ဒီလော့ဖ်ရဲ့အဒေါ်ဖြစ်သူကလည်း သူ့တူရဲ့ကူညီပေးမှုအတွက် အတော်လေးကိုကျေးဇူးတင်ခဲ့ပြီး နေ့လည်စာကျွေးဖိတ်ဖို့ စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်အရွယ်ကြီးပြီဖြစ်တဲ့သူ့အဒေါ်ဟာ နေ့လည်စာဖိတ်ကျွေးဖို့ အခွင့်မသာဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဇာတိဆီြဒင္မွာ သူခုိးလုိက္ဖမ္းေပးပုံအေၾကာင္း ဖြင့္ဟလုိက္တဲ့ မန္ယူေနာက္ခံလူလင္ဒီေလာ့ဖ္

ဆြီဒင္ကိုျပန္ေရာက္ေနခိုက္ အသက္ ၉၀ အရြယ္သူ႔အေဒၚဆီကေန ပိုက္ဆံအိတ္လုခဲ့တဲ့ သူခုိးတစ္ေယာက္ကို သူဘယ္လုိဖမ္းေပးခ့ဲတယ္ဆိုတာနဲ႔ပတ္သက္လုိ႔ မန္ယူေနာက္ခံလူလင္ဒီေလာ့ဖ္က ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေႏွာင္းပိုင္းက အဲဒီမန္ယူေနာက္ခံလူဟာ ဇာတိေျမကိုျပန္ေရာက္ေနတာျဖစ္ၿပီး  အသက္ႀကီးၿပီျဖစ္တဲ့ သူ႔အေဒၚဆီကေန စက္ဘီးစီးလာသူတစ္ေယာက္က ပိုက္ဆံအိတ္ဆြဲလုသြားတာကို ေတြ႕လိုက္ရပါတယ္။

ရုတ္တရတ္သူ႔မ်က္စိေရွ႕မွာတင္ျဖစ္သြားတာဆုိေပမယ့္ အသက္ ၂၆ ႏွစ္အရြယ္ လင္ဒီေလာ့ဖ္ဟာ ေၾကာင္အမ္းအမ္းျဖစ္မေနခဲ့ပါဘူး။ ခ်က္ခ်ငး္ပဲ အဲဒီသူခိုးေနာက္ကိုေျပးလုိက္ၿပီး ရဲေတြမလာခင္အခ်ိန္ထိ ဖမ္းခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။

”အရာအားလုံးက အရမ္းျမန္ျမန္ျဖစ္သြားခဲ့တာပါ။ ကၽြန္ေတာ္အမ်ားႀကီးမစဥ္စားခဲ့ပါဘူး။ ကၽြန္ေတာ့္အေဒၚကို သူ႔အိတ္ျပန္ရေအာင္ပဲ ကူညီေပးခ်င္ခဲ့တာပါ။ အဲဒါထက္ ဘာမွမပိုပါဘူး။ ကၽြန္ေတာ္က ကူညီေပးခ်င္ရုံပါပဲ”လုိ႔ လင္ဒီေလာ့ဖ္က ျပန္ေျပာင္းေျပာျပခဲ့တာပါ။

လင္ဒီေလာ့ဖ္ရဲ႕အေဒၚျဖစ္သူကလည္း သူ႔တူရဲ႕ကူညီေပးမႈအတြက္ အေတာ္ေလးကိုေက်းဇူးတင္ခဲ့ၿပီး ေန႔လည္စာေကၽြးဖိတ္ဖို႔ စီစဥ္ထားေၾကာင္း ေဒသတြင္းမီဒီယာတစ္ခုကို ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသက္အရြယ္ႀကီးၿပီျဖစ္တဲ့သူ႔အေဒၚဟာ ေန႔လည္စာဖိတ္ေကၽြးဖို႔ အခြင့္မသာျဖစ္ေနပါတယ္။