ဇာခါဆီက လက်ပတ်ရုပ်သိမ်းပြီး အူဘာမီယန်ကို အသင်းခေါင်းဆောင်သစ်အဖြစ် အာဆင်နယ်ခန့်အပ်

photo-gettyimages

photo-gettyimages

ကွင်းလယ်လူဇာခါဆီက ကပ္ပတိန်လက်ပတ်ကိုရုပ်သိမ်းလိုက်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်သစ်အဖြစ် တိုက်စစ်မှုးအူဘာမီယန်ကို ခန့်အပ်လိုက်ကြောင်း နည်းပြအမ်မရီက အတည်ပြုလိုက်ပါတယ်။ ၂၇ နှစ်အရွယ် ဆွစ်ဇာလန်လက်ရွေးစင်ဇာခါဟာ အောက်တိုဘာ ၂၇ ရက်နေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ကိုယ့်အသင်းပရိသတ်တွေနဲ့ အခြေအတင်ဖြစ်ခဲ့တာပါ။ လူစားလဲခံရချိန်မှာ အာဆင်နယ်ပရိသတ်တွေက သူ့ကို လှောင်ပြောင်မှုအပေါ် အမူအယာအပြင် ဆဲဆိုမှုနဲ့တုံ့ပြန်ခဲ့ပြီး အင်္ကျီကိုပါချွတ်ကာ အဝတ်အစားလဲခန်းထဲကို တန်းဝင်သွားခဲ့တာပါ။

photo-gettyimages

”ကျွန်တော် ဇာခါနဲ့တွေ့ဆုံခဲ့ပြီး ကပ္ပတိန်အုပ်စုထဲမှာ သူမရှိတော့ဘူးဆိုတာ ပြောခဲ့ပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်ကို သူလက်ခံခဲ့ပါတယ်။ ကျွန်တော့်ဘက်က ဆုံးဖြတ်ဖို့လိုအပ်ခဲ့ပြီး အခုတော့ အဲဒီကိစ္စက ပြီးသွားခဲ့ပါပြီ”လို့ နည်းပြအမ်မရီက ပြောကြားခဲ့ပါတယ်။ အဲဒီပွဲပြီးကတည်းက ဇာခါဟာ အာဆင်နယ်အသင်းလူစာရင်းမှာ ပါဝင်ခြင်းမရှိတော့ပါဘူး။ အခုလည်း အသင်းခေါင်းဆောင်လက်ပတ်ရုပ်သိမ်းခံလိုက်ရလို့ သူ့ရဲ့အာဆင်နယ်အနာဂါတ်ဟာ မရေရာတော့ပါဘူး။

photo-gettyimages

အမ်မရီဟာ ဇာခါကို အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ကစားသမားတွေရဲ့မဲပေးမှုနဲ့ရွေးချယ်ခဲ့တာပါ။ အခုတော့ နောက်တစ်ကြိမ်မဲပေးမှုမလုပ်တော့ဘဲ အသင်းကို အူဘာမီယန်က ဦးဆောင်လိမ့်မယ်လို့ အမ်မရီက ပြောခဲ့ပါတယ်။ ” အခု ကျွန်တော်တို့မှာ အူဘာမီယန်၊ဘယ်လာရင်၊လာကာဇက်တီနဲ့အိုဇေးလ်တို့ရှိနေပါတယ်။ သူတို့ဟာ အသင်းခေါင်းဆောင် ၄ ယောက်ဖြစ်ပြီး လောလောဆယ် ပထမဆုံးကတော့ အူဘာမီယန်ပါ”လို့ အဲဒီစပိန်သားနည်းပြက ပြောခဲ့တာပါ။ အူဘာမီယန် ၂၀၁၈ ဇန်နဝါရီကမှ အာဆင်နယ်ကို ရောက်လာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့အဓိကအကျဆုံးကစားသမားဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့သလို အာဆင်နယ်အတွက် ဂိုး ၅၀ ပြည့်ထားသူဖြစ်ပါတယ်။

[Zawgyi]

ဇာခါဆီက လက္ပတ္ရုပ္သိမ္းၿပီး အူဘာမီယန္ကို အသင္းေခါင္းေဆာင္သစ္အျဖစ္ အာဆင္နယ္ခန္႔အပ္

ကြင္းလယ္လူဇာခါဆီက ကပၸတိန္လက္ပတ္ကိုရုပ္သိမ္းလုိက္ၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္သစ္အျဖစ္ တိုက္စစ္မႈးအူဘာမီယန္ကို ခန္႔အပ္လုိက္ေၾကာင္း နည္းျပအမ္မရီက အတည္ျပဳလုိက္ပါတယ္။ ၂၇ ႏွစ္အရြယ္ ဆြစ္ဇာလန္လက္ေရြးစင္ဇာခါဟာ ေအာက္တိုဘာ ၂၇ ရက္ေန႔က ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္န႔ဲ ၂-၂ သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မွာ ကိုယ့္အသင္းပရိသတ္ေတြနဲ႔ အေျခအတင္ျဖစ္ခဲ့တာပါ။ လူစားလဲခံရခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြက သူ႔ကို ေလွာင္ေျပာင္မႈအေပၚ အမူအယာအျပင္ ဆဲဆုိမႈနဲ႔တု႔ံျပန္ခဲ့ၿပီး အက်ၤီကိုပါခၽြတ္ကာ အ၀တ္အစားလဲခန္းထဲကို တန္း၀င္သြားခဲ့တာပါ။

”ကၽြန္ေတာ္ ဇာခါန႔ဲေတြ႕ဆုံခဲ့ၿပီး ကပၸတိန္အုပ္စုထဲမွာ သူမရွိေတာ့ဘူးဆုိတာ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ့္ဆုံးျဖတ္ခ်က္ကို သူလက္ခံခဲ့ပါတယ္။ ကၽြန္ေတာ့္ဘက္က ဆုံးျဖတ္ဖို႔လုိအပ္ခဲ့ၿပီး အခုေတာ့ အဲဒီကိစၥက ၿပီးသြားခဲ့ပါၿပီ”လို႔ နည္းျပအမ္မရီက ေျပာၾကားခဲ့ပါတယ္။ အဲဒီပြဲၿပီးကတည္းက ဇာခါဟာ အာဆင္နယ္အသင္းလူစာရင္းမွာ ပါ၀င္ျခင္းမရွိေတာ့ပါဘူး။ အခုလည္း အသငး္ေခါင္းေဆာင္လက္ပတ္ရုပ္သိမး္ခံလုိက္ရလို႔ သူ႔ရဲ႕အာဆင္နယ္အနာဂါတ္ဟာ မေရရာေတာ့ပါဘူး။

အမ္မရီဟာ ဇာခါကို အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ ကစားသမားေတြရဲ႕မဲေပးမႈနဲ႔ေရြးခ်ယ္ခဲ့တာပါ။ အခုေတာ့ ေနာက္တစ္ႀကိမ္မဲေပးမႈမလုပ္ေတာ့ဘဲ အသင္းကို အူဘာမီယန္က ဦးေဆာင္လိမ့္မယ္လို႔ အမ္မရီက ေျပာခဲ့ပါတယ္။ ” အခု ကၽြန္ေတာ္တုိ႔မွာ အူဘာမီယန္၊ဘယ္လာရင္၊လာကာဇက္တီနဲ႔အုိေဇးလ္တို႔ရွိေနပါတယ္။ သူတို႔ဟာ အသင္းေခါင္းေဆာင္ ၄ ေယာက္ျဖစ္ၿပီး ေလာေလာဆယ္ ပထမဆုံးကေတာ့ အူဘာမီယန္ပါ”လို႔ အဲဒီစပိန္သားနည္းျပက ေျပာခဲ့တာပါ။ အူဘာမီယန္ ၂၀၁၈ ဇန္န၀ါရီကမွ အာဆင္နယ္ကို ေရာက္လာခဲ့တာျဖစ္ေပမယ့္ အသင္းရဲ႕အဓိကအက်ဆုံးကစားသမားျဖစ္ေနၿပီး ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့သလို အာဆင္နယ္အတြက္ ဂိုး ၅၀ ျပည့္ထားသူျဖစ္ပါတယ္။