ဇယားထိပ်လွှဲပေးရအပြီးမှာ ဂျူဗင်တပ်နဲ့နှိုင်းယှဉ်လု့ိမရသေးဘူးဆိုတာ ဝန်ခံခဲ့တဲ့ကွန်တီ

photo-social media

photo-gettyimages

တနင်္ဂနွေညစီးရီးအေအိမ်ကွင်းပွဲစဉ်မှာ ဂျူဗင်တပ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာမီလန်နည်းပြကွန်တီက သူ့ရဲ့အသင်းဟာ လက်ရှိချန်ပီယံနဲ့ နှိုင်းယှဉ်လို့မရသေးဘူးဆိုတာ ဝန်ခံလိုက်ပါတယ်။ အဲဒီရှုံးပွဲကြောင့်လည်း အင်တာမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဂျူဗင်တပ်ထံလွှဲပြောင်းပေးလိုက်ရပါတယ်။ ဂျူဗင်တပ်နဲ့ မတွေ့ခင်တုန်းက အင်တာဟာ စီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တာပါ။

photo-gettyimages

”ရှုံးနိမ့်မှုအတွက် စိတ်ပျက်ရပါတယ်။ ဂျူဗင်တပ်ဖြစ်နေလို့တော့ မဟုတ်ပါဘူး။ အရက်ဇိုနဲ့အတ္တလန္တာတို့ကိုကိုင်တွယ်ခဲ့စဉ်ကတည်းက ဂျူဗင်တပ်ကို အမြဲရှုံးခဲ့တာပါ။ ကောင်လေးတွေကတော့ သူတို့ရှိတာ အကုန်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဂျူဗင်တပ်ရဲ့အဆင့်အတန်းကိုရောက်ရှိဖို့ အများကြီးလျှောက်လှမ်းရပါဦးမယ်။ သူတို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့နဲ့ ကွဲပြားခြားနားတဲ့အဆင့်မှာပါ။ တိုးတက်ဖို့ ကျွန်တော်တို့မျှော်မှန်းနေပြီး ဒါမှသာ ကွာဟမှုကို လျှော့ချနိုင်မှာပါ”လို့ ကွန်တီက ပြောခဲ့တာပါ။

photo-gettyimages

ဒီရလဒ်ကြောင့်လည်း ဂျူဗင်တပ်ဟာ ဒီရာသီစီးရီးအေရဲ့ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ အင်တာဟာ ပထမဆုံးရှုံးပွဲကြုံလိုက်ရပေမယ့် ထိပ်ဆုံးရောက်သွားတဲ့ဂျူဗင်တပ်နဲ့ ၁ မှတ်သာကွာတာကြောင့် ပြန်လည်ကျော်တက်နိုင်ဖို့ အခွင့်အရေးရှိပါသေးတယ်။ သူတို့ဟာ လာမယ့်ပွဲတွေမှာ ဇယားအောက်ပိုင်းက အသင်းအများစုနဲ့ကစားရမှာပါ။

[Zawgyi]

ဇယားထိပ္လႊဲေပးရအၿပီးမွာ ဂ်ဴဗင္တပ္နဲ႔ႏႈိင္းယွဥ္လု႔ိမရေသးဘူးဆိုတာ ၀န္ခံခဲ့တဲ့ကြန္တီ

တနဂၤေႏြညစီးရီးေအအိမ္ကြင္းပြဲစဥ္မွာ ဂ်ဴဗင္တပ္ကို ၂-၁ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ အင္တာမီလန္နည္းျပကြန္တီက သူ႔ရဲ႕အသင္းဟာ လက္ရွိခ်န္ပီယံနဲ႔ ႏႈိင္းယွဥ္လုိ႔မရေသးဘူးဆိုတာ ၀န္ခံလိုက္ပါတယ္။ အဲဒီရႈံးပြဲေၾကာင့္လည္း အင္တာမီလန္ဟာ စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးေနရာကုိ ဂ်ဴဗင္တပ္ထံလႊဲေျပာင္းေပးလုိက္ရပါတယ္။ ဂ်ဴဗင္တပ္နဲ႔ မေတြ႕ခင္တုန္းက အင္တာဟာ စီးရီးေအမွာ ရာႏႈန္းျပည့္ႏုိင္ပြဲရရွိခဲ့တာပါ။

”ရႈံးနိမ့္မႈအတြက္ စိတ္ပ်က္ရပါတယ္။ ဂ်ဴဗင္တပ္ျဖစ္ေနလုိ႔ေတာ့ မဟုတ္ပါဘူး။ အရက္ဇိုနဲ႔အတၱလႏၱာတုိ႔ကိုကုိင္တြယ္ခဲ့စဥ္ကတည္းက ဂ်ဴဗင္တပ္ကို အၿမဲရႈံးခဲ့တာပါ။ ေကာင္ေလးေတြကေတာ့ သူတုိ႔ရွိတာ အကုန္ေပးခဲ့တာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ဟာ ဂ်ဴဗင္တပ္ရဲ႕အဆင့္အတန္းကိုေရာက္ရွိဖို႔ အမ်ားႀကီးေလွ်ာက္လွမ္းရပါဦးမယ္။ သူတို႔နဲ႔ ႏႈိင္းယွဥ္လုိ႔ မရပါဘူး။ သူတုိ႔ဟာ ကၽြန္ေတာ္တုိ႔နဲ႔ ကြဲျပားျခားနားတဲ့အဆင့္မွာပါ။ တိုးတက္ဖုိ႔ ကၽြန္ေတာ္တို႔ေမွ်ာ္မွန္းေနၿပီး ဒါမွသာ ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္မွာပါ”လို႔ ကြန္တီက ေျပာခဲ့တာပါ။

ဒီရလဒ္ေၾကာင့္လည္း ဂ်ဴဗင္တပ္ဟာ ဒီရာသီစီးရီးေအရဲ႕ရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။ အင္တာဟာ ပထမဆုံးရႈံးပြဲႀကဳံလုိက္ရေပမယ့္ ထိပ္ဆုံးေရာက္သြားတဲ့ဂ်ဴဗင္တပ္နဲ႔ ၁ မွတ္သာကြာတာေၾကာင့္ ျပန္လည္ေက်ာ္တက္ႏိုင္ဖုိ႔ အခြင့္အေရးရွိပါေသးတယ္။ သူတုိ႔ဟာ လာမယ့္ပြဲေတြမွာ ဇယားေအာက္ပိုင္းက အသင္းအမ်ားစုနဲ႔ကစားရမွာပါ။