ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွက် အမြန်လှုပ်ရှားဖို့သင့်နေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ပရိသတ်တွေအမျှော်လင့်ကြီး မျှော်လင့်နေခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ဟာ မကြာမီပြီးဆုံးတော့မှာဖြစ်ပါတယ်။ အခုအချိန်အထိ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပရိသတ်တွေအားရ ကျေနပ်အောင် ယူနိုက်တက်အနေနဲ့မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့် ပရိသတ်တွေက အသင်းပိုင်ရှင် တွေဖြစ်ကြတဲ့ ဂလေဇာမိသားစုနဲ့ အမှုဆောင်ချုပ်တို့ကို လက်ရှိဇန်နဝါရီဈေးကွက် လိုအပ်တဲ့ကစား သမားခေါ်ယူမှုတွေပြုလုပ်ဖို့နဲ့ ပတ်သက်ပြီးဖိအားပေးနေကြပါတယ်။

photo internet

အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ နည်းပြ ဟောင်း တစ်ဦး ဖြစ်သူ ဆမ် အလာဒွိုက်စ် က ဒီ ရာသီ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ရှေ့ဆက် ကယ်တင် ပေးနိုင်မယ့် တစ်ခု တည်းသော အရာ က လက်ရှိ အပြောင်းအရွှေ့ ကာလ မကုန်ဆုံးမီ နည်းပြ ဆိုးလ်ရှား အတွက် ကစားသမား အသစ်တွေ ခေါ်ယူ ပေးရေး ပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထားပါတယ်။

photo internet

အပြောင်းအရွှေ့အနေအထားနဲ့ပတ်သက်ပြီးနာမည်ကြီးနေတာကတော့ ဘရူနိုဖာနန်ဒက်စ်ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဆီလာတော့မယ်၊လာတော့မယ်နဲ့ အခုအချိန်အထိ မရောက်နိုင်ဖြစ်နေပါတယ်။ ပေါ်တူဂီ ကွင်းလယ်လူဟာ ယူနိုက်တက်ဆီ လာချင်နေခဲ့ပေမယ့် ကလပ် အသင်း ၂ သင်း အကြား မှာ ညှိနှိုင်းလို့ မရတဲ့ အချက်တွေ ရှိနေတာကြောင့် ကြန့်ကြာနေခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ မပိတ်သိမ်းခင်အချိန်မှာ ဘရူနိုဖာနန်ဒက်စ်အတွက် ကမ်းလှမ်းမှု တိုးမြှင့်လုပ်ဆောင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ “တကယ်လို့ အိုလီတစ်ယောက်အသင်းဖက်က အထောက်အပံ့တွေကို မရရှိဘူး ၊ ပိုကောင်းတဲ့ ကစားသမား တွေကို မခေါ်ယူနိုင်ဘူး ဆိုရင် ရလဒ် တွေက ပိုပြီး ထူးကဲ ကောင်းမွန် လာ လိမ့်မယ် လို့ ကျွန်တော် မထင် ပါဘူး ။ ဒါဆိုရင်သူ့အတွက် ခေါင်းခဲ စေမှာ ဖြစ်ပြီး ဖိအား တွေလည်း အဖက်ဖက် ကနေ တိုးလာ စေပါ လိမ့်မယ်”ဆိုပြီး ဆမ် အလာဒွိုက်စ် ကပြောပါတယ်။

photo internet

အငှားခေါ်ယူတဲ့အပိုင်းနဲ့ပတ်သက်လို့တော့ အက်သလက်တီကိုမက်ဒရစ်က မားကို့လော်ရန်တီကိုစောင့်ကြည့်နေပြီး၊ ကွင်းလယ်ပြဿနာကို အငှားကစားသမားနဲ့ပဲဖြေရှင်းသွား မလားဆိုတာစောင့်ကြည့်သွားရမှာပါ။ အင်တာကိုအငှားချထားတဲ့ ဆန်းချက်စ်ကို အိုးထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူပြီး အခွင့်အရေးပေးဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ကြားရပါတယ်။ တိုက်စစ်ပိုင်းအတွက်တော့ ကာဗာနီကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ထားပါတယ်။ ယူနိုက်တက်အားထားရတဲ့ တိုက်စစ်မှူး ပေါ့ဘာနဲ့ ရက်ရှ်ဖို့တို့ဒဏ်ရာရထားတာကြောင့် ဆိုးလ်ရှားအတွက် အားထားစရာလူရှားနေပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ပွဲစဉ်အတွက် ကာရစ်တန်မှာ ပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ရက်ရှ်ဖို့တစ်ယောက် ပါဝင်ခဲ့ပါတယ်။

photo internet

ပေါ့ဘာကလည်းသူ့ဒဏ်ရာသက်သာလာကြောင်းပြောဆိုလာပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာဒဏ်ရာကြောင့် ပြိုင်ပွဲစဉ် ၈ ပွဲသာ ပါဝင်နိုင်သေးကာ၊ ဒဏ်ရာကို ကုသနေရတာနဲ့ အချိန်ကုန်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ပေါ့ဘာဟာသူ့ရဲ့ အင်စတာဂရမ်မှာ ကျောက်ပတ်တီးဖြည်ထားတဲ့ ခြေချင်းဝတ်ဒဏ်ရာပုံကို တင်ပြီး ဒဏ်ရာသက်သာနေကြောင်း ပို့စ်တင်သွားခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း နောက်လ အစပိုင်းမှာ ပေါ့ဘာ ပြန်လည် ပါဝင်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောကြားထားပါတယ်။

photo internet

ယူနိုက်တက်ကနေထွက်ခွာ မယ့်သူတွေ ထဲမှာတော့ ဂိုမတ်နဲ့ချောင်တို့ရှိပါတယ်။ သူတို့တွေဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေ ကို ငြင်းပယ်ထားပါတယ်။ လက်ရှိ အခိုက်အတန့် မှာ ရလဒ်တွေ အတွက် မန်နေဂျာက တာဝန် အရှိဆုံး ပုဂ္ဂိုလ် တစ်ဦးပါပဲ။ အသင်း မှာ ပိုင်ဆိုင် ထားတဲ့ ကစားသမား အင်အား ရှိသလောက် နဲ့ပဲ ယှဉ်ပြိုင်နေမယ်ဆိုရင် ယူနိုက်တက်အဆင့်တက်ဖို့ခဲယဉ်းပါလိမ့်မယ်။ ဇန်နဝါရီဈေးကွက် အပြောင်းအရွှေ့ပိတ်သိမ်းချိန်မှာ ယူနိုက်တက်ကိုဘယ်သူတွေရောက်လာမလဲ၊ ဘယ်သူတွေယူနိုက်တက် ကနေထွက်ခွာသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္ အျမန္လႈပ္ရွားဖို႔သင့္ေနတဲ့ ယူႏိုက္တက္

ယူႏိုက္တက္ပရိသတ္ေတြအေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ေနခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ေဈးကြက္ဟာ မၾကာမီၿပီးဆုံးေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္အထိ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအားရ ေက်နပ္ေအာင္ ယူႏိုက္တက္အေနနဲ႔မလုပ္ေဆာင္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ပရိသတ္ေတြက အသင္းပိုင္ရွင္ ေတြျဖစ္ၾကတဲ့ ဂေလဇာမိသားစုနဲ႔ အမႈေဆာင္ခ်ဳပ္တို႔ကို လက္ရွိဇန္နဝါရီေဈးကြက္ လိုအပ္တဲ့ကစား သမားေခၚယူမႈေတြျပဳလုပ္ဖို႔နဲ႔ ပတ္သက္ၿပီးဖိအားေပးေနၾကပါတယ္။ အဂၤလန္ လက္ေ႐ြးစင္ အသင္း ရဲ႕ နည္းျပ ေဟာင္း တစ္ဦး ျဖစ္သူ ဆမ္ အလာဒြိဳက္စ္ က ဒီ ရာသီ မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို ေရွ႕ဆက္ ကယ္တင္ ေပးႏိုင္မယ့္ တစ္ခု တည္းေသာ အရာ က လက္ရွိ အေျပာင္းအေ႐ႊ႕ ကာလ မကုန္ဆုံးမီ နည္းျပ ဆိုးလ္ရွား အတြက္ ကစားသမား အသစ္ေတြ ေခၚယူ ေပးေရး ပဲ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား ထားပါတယ္။

အေျပာင္းအေ႐ႊ႕အေနအထားနဲ႔ပတ္သက္ၿပီးနာမည္ႀကီးေနတာကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ဆီလာေတာ့မယ္၊လာေတာ့မယ္နဲ႔ အခုအခ်ိန္အထိ မေရာက္ႏိုင္ျဖစ္ေနပါတယ္။ ေပၚတူဂီ ကြင္းလယ္လူဟာ ယူႏိုက္တက္ဆီ လာခ်င္ေနခဲ့ေပမယ့္ ကလပ္ အသင္း ၂ သင္း အၾကား မွာ ညႇိႏႈိင္းလို႔ မရတဲ့ အခ်က္ေတြ ရွိေနတာေၾကာင့္ ၾကန႔္ၾကာေနခဲ့တာပါ။ ဒါေပမယ့္ ယူႏိုက္တက္အသင္းဟာ အေျပာင္းအေ႐ႊ႕ မပိတ္သိမ္းခင္အခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ ကမ္းလွမ္းမႈ တိုးျမႇင့္လုပ္ေဆာင္ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။ “တကယ္လို႔ အိုလီတစ္ေယာက္အသင္းဖက္က အေထာက္အပံ့ေတြကို မရရွိဘူး ၊ ပိုေကာင္းတဲ့ ကစားသမား ေတြကို မေခၚယူႏိုင္ဘူး ဆိုရင္ ရလဒ္ ေတြက ပိုၿပီး ထူးကဲ ေကာင္းမြန္ လာ လိမ့္မယ္ လို႔ ကြၽန္ေတာ္ မထင္ ပါဘူး ။ ဒါဆိုရင္သူ႔အတြက္ ေခါင္းခဲ ေစမွာ ျဖစ္ၿပီး ဖိအား ေတြလည္း အဖက္ဖက္ ကေန တိုးလာ ေစပါ လိမ့္မယ္”ဆိုၿပီး ဆမ္ အလာဒြိဳက္စ္ ကေျပာပါတယ္။
အငွားေခၚယူတဲ့အပိုင္းနဲ႔ပတ္သက္လို႔ေတာ့ အက္သလက္တီကိုမက္ဒရစ္က မားကို႔ေလာ္ရန္တီကိုေစာင့္ၾကည့္ေနၿပီး၊ ကြင္းလယ္ျပႆနာကို အငွားကစားသမားနဲ႔ပဲေျဖရွင္းသြား မလားဆိုတာေစာင့္ၾကည့္သြားရမွာပါ။ အင္တာကိုအငွားခ်ထားတဲ့ ဆန္းခ်က္စ္ကို အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေခၚယူၿပီး အခြင့္အေရးေပးဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း ၾကားရပါတယ္။ တိုက္စစ္ပိုင္းအတြက္ေတာ့ ကာဗာနီကိုေခၚယူဖို႔အတြက္ျပင္ဆင္ေနတယ္လို႔သတင္းေတြထြက္ထားပါတယ္။ ယူႏိုက္တက္အားထားရတဲ့ တိုက္စစ္မႉး ေပါ့ဘာနဲ႔ ရက္ရွ္ဖို႔တို႔ဒဏ္ရာရထားတာေၾကာင့္ ဆိုးလ္ရွားအတြက္ အားထားစရာလူရွားေနပါတယ္။ ဒါေပမယ့္ မန္စီးတီးနဲ႔ပြဲစဥ္အတြက္ ကာရစ္တန္မွာ ျပဳလုပ္တဲ့ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ရက္ရွ္ဖို႔တစ္ေယာက္ ပါဝင္ခဲ့ပါတယ္။
ေပါ့ဘာကလည္းသူ႔ဒဏ္ရာသက္သာလာေၾကာင္းေျပာဆိုလာပါတယ္။ ေပါ့ဘာဟာ ဒီရာသီမွာဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲစဥ္ ၈ ပြဲသာ ပါဝင္ႏိုင္ေသးကာ၊ ဒဏ္ရာကို ကုသေနရတာနဲ႔ အခ်ိန္ကုန္ခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ေပါ့ဘာဟာသူ႔ရဲ႕ အင္စတာဂရမ္မွာ ေက်ာက္ပတ္တီးျဖည္ထားတဲ့ ေျခခ်င္းဝတ္ဒဏ္ရာပုံကို တင္ၿပီး ဒဏ္ရာသက္သာေနေၾကာင္း ပို႔စ္တင္သြားခဲ့တာျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားကလည္း ေနာက္လ အစပိုင္းမွာ ေပါ့ဘာ ျပန္လည္ ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ေျပာၾကားထားပါတယ္။

ယူႏိုက္တက္ကေနထြက္ခြာ မယ့္သူေတြ ထဲမွာေတာ့ ဂိုမတ္နဲ႔ေခ်ာင္တို႔ရွိပါတယ္။ သူတို႔ေတြဟာ ယူႏိုက္တက္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈေတြ ကို ျငင္းပယ္ထားပါတယ္။ လက္ရွိ အခိုက္အတန႔္ မွာ ရလဒ္ေတြ အတြက္ မန္ေနဂ်ာက တာဝန္ အရွိဆုံး ပုဂၢိဳလ္ တစ္ဦးပါပဲ။ အသင္း မွာ ပိုင္ဆိုင္ ထားတဲ့ ကစားသမား အင္အား ရွိသေလာက္ နဲ႔ပဲ ယွဥ္ၿပိဳင္ေနမယ္ဆိုရင္ ယူႏိုက္တက္အဆင့္တက္ဖို႔ခဲယဥ္းပါလိမ့္မယ္။ ဇန္နဝါရီေဈးကြက္ အေျပာင္းအေ႐ႊ႕ပိတ္သိမ္းခ်ိန္မွာ ယူႏိုက္တက္ကိုဘယ္သူေတြေရာက္လာမလဲ၊ ဘယ္သူေတြယူႏိုက္တက္ ကေနထြက္ခြာသြားမလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။