
Photo Credit
Photo Credit
သတင်းများ၏ဖော်ပြချက်အရ ယူနိုက်တက်အသင်းသည် လာမည့်ဇန်နဝါရီလအတွင်း အသင်း၏ထိပ်တန်းပစ်မှတ်များဖြစ်သည့် တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုနှင့် တိုက်စစ်မှူး အာလင်းဘရက်ဟာလန်းတို့ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရရာ နည်းပြဆိုးလ်ရှားအနေဖြင့် အသင်းကို လူငယ်သွေးသစ်များဖြင့် ဆက်လက်တည်ဆောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။
Photo Credit
မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီက အင်တာမီလန်အသင်းသို့ ထွက်ခွာခွင့်ပြုခဲ့သည့် လူကာကူနှင့် ဆန်းချက်ဇ်တို့၏နေရာတွင် အစားထိုးရန် အဆင်မပြေဖြစ်ခဲ့ဘဲ ဂျူဗင်တပ်စ်တိုက်စစ်မှူးများဖြစ်သည့် ဒီဘားလားနှင့်မန်ဇူကစ်တု့ိကို ခေါ်ယူရေးကြိုးစားမှုကလည်း အရာမထင်ဖြစ်ခဲ့ရသည်။
Photo Credit
အချို့သတင်းများ၏ဖောြ်ပချက်အရ မန်ယူအသင်းသည် ဇန်နဝါရီလအတွင်း ခရိုအေးရှားလက်ရွေးစင်ဟောင်း မန်ဇူကစ်ကို ခေါ်ယူရေး ပြန်လည်ကြိုးစားဖွယ်ရှိနေသည်ဟု သိရသော်လည်း Mirror သတင်းစာ၏ဖော်ပြချက်အရ ဆိုးလ်ရှားအနေဖြင့် ဒေါ့မွန်လူငယ်ကြယ်ပွင့်ဆန်ချိုနှင့် ဆဲလ်ဘတ်လူငယ်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူရေးအစီအစဉ်အား အကောင်အထည်ဖော်ဖွယ်ရှိနေကြောင်း သိရသည်။
Photo Credit
ထိုကဲ့သို့ နှစ်ယောက်စလုံးကို တစ်ပြိုင်တည်းခေါ်ယူပါက ယူနိုက်တက်အနေဖြင့် ပေါင် ၁၈၅သန်းဝန်းကျင် သုံးစွဲရဖွယ်ရှိနေပြီး ဒေါ့မွန်အသင်းက အင်္ဂလန်လက်ရွေးစင် ဆန်ချို၏တန်ဖိုးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားသလို ဆဲလ်ဘတ်ကလည်း နော်ဝေလက်ရွေးစင် ဟာလန်းကို ပေါင် ၈၅သန်းရမှ လက်လွှတ်ခံဖွယ်ရှိနေသည်။
Photo Credit
အထူးသဖြင့် ဆန်ချိုမှာ နောက်အကျဆုံး လာမည့်နွေရာသီအတွင်း ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီး လက်ရှိအချိန်တွင် ဒေါ့မွန်အသင်းတာဝန်ရှိသူများနှင့်ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်။ ၎င်းသည် ကလပ်အသင်းနှင့်ပြန်လည်ပူးပေါင်းရန် နောက်ကျခဲ့၍ ဒဏ်ငွေ ပေါင် ၈၆၀၀၀ ချမှတ်ခံခဲ့ရသလို အသင်း၏လူစာရင်းမှလည်း တစ်ပွဲ ချန်လှပ်ခံခဲ့ရသည်။
Photo Credit
အသက် ၁၉နှစ်အရွယ်ရှိ ဆန်ချိုသည် ၂၀၁၇ နွေရာသီက မန်စီးတီးအသင်းမှ ဒေါ့မွန်သို့ ရောက်ရှိလာပြီးနောက် အထူးခြေစွမ်းပြနေသူဖြစ်ပြီး စီးတီးအကယ်ဒမီတွင် ၂နှစ်ကြာကစားခဲ့သော်လည်း မြို့ခံပြိုင်ဘက်အသင်းတွင် လာရောက်ကစားရန် ထိုအချက်က ကြီးမားသည့်ပြဿနာမဟုတ်ကြောင်း သတင်းများက ရေးသားခဲ့သည်။
Photo Credit
အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းသည် ယခင်က နော်ဝေကလပ် မိုလ်ဒီအသင်းတွင် လက်ရှိယူနိုက်တက်နည်းပြ ဆိုးလ်ရှားနှင့်လက်တွဲခဲ့ဖူးရာ ထိုအချက်က ဟာလန်းကို ခေါ်ယူရေးတွင် ယူနိုက်တက်အတွက် အားသာချက်ဖြစ်လာနိုင်ကြောင်း သိရသည်။
Photo Credit ; Getty Images
Zawgyi
ဇန္န၀ါရီလအတြင္း လူငယ္တုိက္စစ္အတြဲအတြက္ ေပါင္ ၁၈၅သန္းသုံးစြဲရန္ ယူႏိုက္တက္ျပင္ဆင္ေနဟုဆို
သတင္းမ်ား၏ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းသည္ လာမည့္ဇန္န၀ါရီလအတြင္း အသင္း၏ထိပ္တန္းပစ္မွတ္မ်ားျဖစ္သည့္ ေတာင္ပံကစားသမား ေဂ်ာ္ဒန္ဆန္ခ်ိဳႏွင့္ တိုက္စစ္မွဴး အာလင္းဘရက္ဟာလန္းတုိ႔ကုိ ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း သိရရာ နည္းျပဆုိးလ္ရွားအေနျဖင့္ အသင္းကို လူငယ္ေသြးသစ္မ်ားျဖင့္ ဆက္လက္တည္ေဆာက္ရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္း သိရသည္။
မန္ယူအသင္းသည္ ၿပီးခဲ့သည့္ေႏြရာသီက အင္တာမီလန္အသင္းသို႔ ထြက္ခြာခြင့္ျပဳခဲ့သည့္ လူကာကူႏွင့္ ဆန္းခ်က္ဇ္တို႔၏ေနရာတြင္ အစားထိုးရန္ အဆင္မေျပျဖစ္ခ့ဲဘဲ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးမ်ားျဖစ္သည့္ ဒီဘားလားႏွင့္မန္ဇူကစ္တု႔ိကို ေခၚယူေရးႀကိဳးစားမႈကလည္း အရာမထင္ျဖစ္ခ့ဲရသည္။
အခ်ိဳ႕သတင္းမ်ား၏ေဖာျ္ပခ်က္အရ မန္ယူအသင္းသည္ ဇန္န၀ါရီလအတြင္း ခ႐ိုေအးရွားလက္ေရြးစင္ေဟာင္း မန္ဇူကစ္ကို ေခၚယူေရး ျပန္လည္ႀကိဳးစားဖြယ္ရွိေနသည္ဟု သိရေသာ္လည္း Mirror သတင္းစာ၏ေဖာ္ျပခ်က္အရ ဆုိးလ္ရွားအေနျဖင့္ ေဒါ့မြန္လူငယ္ၾကယ္ပြင့္ဆန္ခ်ိဳႏွင့္ ဆဲလ္ဘတ္လူငယ္တိုက္စစ္မွဴး ဟာလန္းတုိ႔ကို ေခၚယူေရးအစီအစဥ္အား အေကာင္အထည္ေဖာ္ဖြယ္ရွိေနေၾကာင္း သိရသည္။
ထိုကဲ့သို႔ ႏွစ္ေယာက္စလုံးကို တစ္ၿပိဳင္တည္းေခၚယူပါက ယူႏုိက္တက္အေနျဖင့္ ေပါင္ ၁၈၅သန္း၀န္းက်င္ သုံးစြဲရဖြယ္ရွိေနၿပီး ေဒါ့မြန္အသင္းက အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳ၏တန္ဖိုးကို ေပါင္သန္း ၁၀၀ သတ္မွတ္ထားသလုိ ဆဲလ္ဘတ္ကလည္း ေနာ္ေ၀လက္ေရြးစင္ ဟာလန္းကို ေပါင္ ၈၅သန္းရမွ လက္လႊတ္ခံဖြယ္ရိွေနသည္။
အထူးသျဖင့္ ဆန္ခ်ိဳမွာ ေနာက္အက်ဆုံး လာမည့္ေႏြရာသီအတြင္း ပရီးမီးယားလိဂ္သို႔ ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိေနၿပီး လက္ရွိအခ်ိန္တြင္ ေဒါ့မြန္အသင္းတာ၀န္ရွိသူမ်ားႏွင့္ဆက္ဆံေရးအဆင္မေျပျဖစ္ေနသည္။ ၎သည္ ကလပ္အသင္းႏွင့္ျပန္လည္ပူးေပါင္းရန္ ေနာက္က်ခ့ဲ၍ ဒဏ္ေငြ ေပါင္ ၈၆၀၀၀ ခ်မွတ္ခံခဲ့ရသလုိ အသင္း၏လူစာရင္းမွလည္း တစ္ပြဲ ခ်န္လွပ္ခံခဲ့ရသည္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ဆန္ခ်ိဳသည္ ၂၀၁၇ ေႏြရာသီက မန္စီးတီးအသင္းမွ ေဒါ့မြန္သို႔ ေရာက္ရွိလာၿပီးေနာက္ အထူးေျခစြမ္းျပေနသူျဖစ္ၿပီး စီးတီးအကယ္ဒမီတြင္ ၂ႏွစ္ၾကာကစားခဲ့ေသာ္လည္း ၿမိဳ႕ခံၿပိဳင္ဘက္အသင္းတြင္ လာေရာက္ကစားရန္ ထိုအခ်က္က ႀကီးမားသည့္ျပႆနာမဟုတ္ေၾကာင္း သတင္းမ်ားက ေရးသားခဲ့သည္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္းသည္ ယခင္က ေနာ္ေ၀ကလပ္ မုိလ္ဒီအသင္းတြင္ လက္ရွိယူႏုိက္တက္နည္းျပ ဆုိးလ္ရွားႏွင့္လက္တဲြခဲ့ဖူးရာ ထိုအခ်က္က ဟာလန္းကို ေခၚယူေရးတြင္ ယူႏုိက္တက္အတြက္ အားသာခ်က္ျဖစ္လာႏုိင္ေၾကာင္း သိရသည္။