ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းသားတွေ လစာရရှိမှာမဟုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်း စီမံအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ကားလို့စ်တက်စ်ကွက်စ်က ဇန်နဝါရီလအတွက် ကစားသမားတွေကို လစာပေးရမှုအပေါ် ဆိုင်းငံ့ထားမယ်လို့ ပြောကြားလိုက်ပြီး အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက စိုးရိမ်စရာကောင်းနေတယ်လို့ ဝန်ခံသွားပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်တွေ့နေရသလို ပြီးခဲ့တဲ့အပတ်ကလည်း လာလီဂါရဲ့လုပ်ခလစာပုံစံအသစ်နဲ့ အံဝင်နိုင်ရေးအတွက် ကစားသမားတွေကို လုပ်ခလစာလျှော့ချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။

”ဇန်နဝါရီလမှာ ကျွန်တော်တို့အသင်း လစာပေးချေနိုင်မှာမဟုတ်ပါဘူး။ ဇန်နဝါရီလအတွက် လစာတွေရော တခြား ပေးစရာရှိတာတွေရော ရွှေ့ဆိုင်းထားမှာပါ။ တခြားပေးစရာရှိတာဆိုတာကလည်း ဆုဖလားတွေရရှိရင် ပေးရမယ့် ဆုကြေးတွေပါ”လို့ တက်စ်ကွက်စ်က ပြောပါတယ်။

တက်စ်ကွက်စ်က ပေးစရာရှိတာတွေကို ဘယ်အချိန်မှာ စတင်ဆိုင်းငံ့မလဲဆိုတာ အရိပ်အမြွက်မပြောသွားပေမယ့် ပရိသတ်တွေ ကွင်းထဲပြန်ဝင်ကြည့်လို့ရတဲ့အချိန်ကျရင်တော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေလည်း ပြောင်းလဲသွားနိုင်တယ်လို့ ပြောပါတယ်။

”ဒီသဘောတူချက်က ကျွန်တော်တို့ကို ရာသီကုန်ဆုံးချိန်အထိ ဘဏ္ဍာရေးဆိုင်ရာ ဘာပြဿနာမရှိဘဲ ခရီးဆက်လို့ ရသွားစေပါတယ်။ ဒီရာသီကတော့ အေးဆေးဖြစ်သွားပါပြီ။ စီးပွားရေးအခြေအနေကတော့ စိုးရိမ်စရာရှိနေဆဲပါပဲ”

”အခြေအနေကထင်မှတ်ထားတဲ့အခြေအနေထက် အရမ်းဆိုးနေပေမယ့် ကျွန်တော်တို့လည်း အကောင်းဆုံးပြန်ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဂိတ်တံခါးတွေ ပြန်ဖွင့်နိုင်တဲ့အခါကျရင် ကျွန်တော်တို့လည်း ဘာမှလုပ်စရာမလိုဘဲ ယူရိုသန်း ၂၂၀ လောက်ရမှာပါ။ စပွန်ဆာတွေနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် ယူရိုသန်း ၃၂၀ အထိ မြင့်တက်လာနိုင်ပါတယ်”

”တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ငွေကြေးဆက်လက်သုံးစွဲသွားမှာပါ။ ဒါက ဆိုးရွားတဲ့အနေအထားဖြစ်ပေမယ့် ပရိသတ်တွေ ပြန်ကြည့်ခွင့်ရတဲ့အချိန်ကျရင် ကျွန်တော်တို့လည်း ငွေတွေ ပြန်ဝင်လာမှာပါ”လို့ တက်စ်ကွက်စ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇန္နဝါရီလမွာ ဘာစီလိုနာအသင္းသားေတြ လစာရရွိမွာမဟုတ္

ဘာစီလိုနာအသင္း စီမံအုပ္ခ်ဳပ္မႈေကာ္မတီ ဥကၠ႒ ကားလို႔စ္တက္စ္ကြက္စ္က ဇန္နဝါရီလအတြက္ ကစားသမားေတြကို လစာေပးရမႈအေပၚ ဆိုင္းငံ့ထားမယ္လို႔ ေျပာၾကားလိုက္ၿပီး အသင္းရဲ႕ဘ႑ာေရးအေျခအေနက စိုးရိမ္စရာေကာင္းေနတယ္လို႔ ဝန္ခံသြားပါတယ္။ ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ဘ႑ာေရးအက်ပ္ေတြ႕ေနရသလို ၿပီးခဲ့တဲ့အပတ္ကလည္း လာလီဂါရဲ႕လုပ္ခလစာပုံစံအသစ္နဲ႔ အံဝင္ႏိုင္ေရးအတြက္ ကစားသမားေတြကို လုပ္ခလစာေလွ်ာ့ခ်ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း အသင္းဘက္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ရပါတယ္။

”ဇန္နဝါရီလမွာ ကြၽန္ေတာ္တို႔အသင္း လစာေပးေခ်ႏိုင္မွာမဟုတ္ပါဘူး။ ဇန္နဝါရီလအတြက္ လစာေတြေရာ တျခား ေပးစရာရွိတာေတြေရာ ေ႐ႊ႕ဆိုင္းထားမွာပါ။ တျခားေပးစရာရွိတာဆိုတာကလည္း ဆုဖလားေတြရရွိရင္ ေပးရမယ့္ ဆုေၾကးေတြပါ”လို႔ တက္စ္ကြက္စ္က ေျပာပါတယ္။ တက္စ္ကြက္စ္က ေပးစရာရွိတာေတြကို ဘယ္အခ်ိန္မွာ စတင္ဆိုင္းငံ့မလဲဆိုတာ အရိပ္အႁမြက္မေျပာသြားေပမယ့္ ပရိသတ္ေတြ ကြင္းထဲျပန္ဝင္ၾကည့္လို႔ရတဲ့အခ်ိန္က်ရင္ေတာ့ အသင္းရဲ႕ဘ႑ာေရးအေျခအေနလည္း ေျပာင္းလဲသြားႏိုင္တယ္လို႔ ေျပာပါတယ္။

”ဒီသေဘာတူခ်က္က ကြၽန္ေတာ္တို႔ကို ရာသီကုန္ဆုံးခ်ိန္အထိ ဘ႑ာေရးဆိုင္ရာ ဘာျပႆနာမရွိဘဲ ခရီးဆက္လို႔ ရသြားေစပါတယ္။ ဒီရာသီကေတာ့ ေအးေဆးျဖစ္သြားပါၿပီ။ စီးပြားေရးအေျခအေနကေတာ့ စိုးရိမ္စရာရွိေနဆဲပါပဲ””အေျခအေနကထင္မွတ္ထားတဲ့အေျခအေနထက္ အရမ္းဆိုးေနေပမယ့္ ကြၽန္ေတာ္တို႔လည္း အေကာင္းဆုံးျပန္ျဖစ္လာႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဂိတ္တံခါးေတြ ျပန္ဖြင့္ႏိုင္တဲ့အခါက်ရင္ ကြၽန္ေတာ္တို႔လည္း ဘာမွလုပ္စရာမလိုဘဲ ယူ႐ိုသန္း ၂၂၀ ေလာက္ရမွာပါ။ စပြန္ဆာေတြနဲ႔ပါ ေပါင္းလိုက္မယ္ဆိုရင္ ယူ႐ိုသန္း ၃၂၀ အထိ ျမင့္တက္လာႏိုင္ပါတယ္”

”တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔အေနနဲ႔ ေငြေၾကးဆက္လက္သုံးစြဲသြားမွာပါ။ ဒါက ဆိုး႐ြားတဲ့အေနအထားျဖစ္ေပမယ့္ ပရိသတ္ေတြ ျပန္ၾကည့္ခြင့္ရတဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္တို႔လည္း ေငြေတြ ျပန္ဝင္လာမွာပါ”လို႔ တက္စ္ကြက္စ္က ေျပာပါတယ္။