
photo-the sun
photo-reuters
ကွင်းလယ်လူပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ သူ့ရဲ့အေးဂျင့်ဖြစ်သူရွိုင်အိုလာက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီပြင်သစ်ကွင်းလယ်လူရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ်ဟာ မရေမရာဖြစ်နေတာ အချိန်အတန်ကြာခဲ့ပါပြီ။ သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့လို ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေထွက်နေတာပါ။
photo-gettyimages
ဒါ့အပြင် နည်းပြဆိုးလ်ရှားကလည်း စနေနေ့က ကစားသွားခဲ့တဲ့ဘန်လေနဲ့ပွဲမှာ အသင်းလူစာရင်းကနေ ပေ့ါဂ်ဘာကို ချန်လှပ်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူက သူ့ရဲ့ရေရှည်အစီအစဉ်အပေါ် သံသယတွေရှိလာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားဟာ ဒီရာသီအတွင်း မန်ယူမှာပဲ ဆက်ရှိလိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
photo-gettyimages
”ပေါ့ဂ်ဘာဟာ မန်ယူကို အမြဲလေးစားသလို မန်ယူကလည်း ပေါ့ဂ်ဘာကို အမြဲလေးစားပါတယ်။ ပြီးတော့ မန်ယူနဲ့ပေ့ါဂ်ဘာအကြောင်းပြောတဲ့တစ်ယောက်တည်းသောသူက ဆိုးလ်ရှားပါ။ ဘာကြောင့်လဲဆိုတော့ သူပြောတာတွေကို သတင်းစာတွေထဲမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ကလည်း ဆိုးလ်ရှားပြောသလိုပဲ ပြောမှာပါ။ လောလောဆယ် မန်ယူကနေ သူထွက်မှာမဟုတ်ပါဘူး။ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြသနာနဲ့ပတ်သက်လို့ အနည်းငယ်ရုန်းကန်နေရဆဲပါပဲ။ အဲဒါကို ဖြေရှင်းဖို့ ကျွန်တော်တို့ကြိုစားနေပါတယ်။ အဲဒါကပဲ ကျွန်တော်တို့ရဲ့လက်ရှိပြသနာပါ”လို့ ပေ့ါဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက ပြောခဲ့တာပါ။
[Zawgyi]
ဇန္န၀ါရီမွာ မန္ယူကေန ေပါ့ဂ္ဘာထြက္မွာ မဟုတ္ဘူးလို႔ ေအးဂ်င့္ရြိဳင္အိုလာေျပာ
ကြငး္လယ္လူေပါ့ဂ္ဘာဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလအတြင္း မန္ယူကေန ထြက္ခြာမွာမဟုတ္ဘူးလို႔ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူရြိဳင္အုိလာက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီျပင္သစ္ကြင္းလယ္လူရဲ႕အုိးလ္ထရက္ဖို႔ဒ္အနာဂါတ္ဟာ မေရမရာျဖစ္ေနတာ အခ်ိန္အတန္ၾကာခဲ့ပါၿပီ။ သူ႔ကို ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တုိ႔လို ဥေရာပအသင္းႀကီးေတြက စိတ္၀င္စားေနတယ္လုိ႔လည္း သတင္းေတြထြက္ေနတာပါ။
ဒါ့အျပင္ နည္းျပဆုိးလ္ရွားကလည္း စေနေန႔က ကစားသြားခဲ့တဲ့ဘန္ေလနဲ႔ပြဲမွာ အသငး္လူစာရင္းကေန ေပ့ါဂ္ဘာကို ခ်န္လွပ္ခဲ့ပါတယ္။ ဒါေၾကာင့္ မန္ယူက သူ႔ရဲ႕ေရရွည္အစီအစဥ္အေပၚ သံသယေတြရွိလာခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ေအးဂ်င့္ရြိဳင္အိုလာက သူ႔ကစားသမားဟာ ဒီရာသီအတြင္း မန္ယူမွာပဲ ဆက္ရွိလိမ့္မယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။
”ေပါ့ဂ္ဘာဟာ မန္ယူကို အၿမဲေလးစားသလုိ မန္ယူကလည္း ေပါ့ဂ္ဘာကို အၿမဲေလးစားပါတယ္။ ၿပီးေတာ့ မန္ယူနဲ႔ေပ့ါဂ္ဘာအေၾကာင္းေျပာတဲ့တစ္ေယာက္တည္းေသာသူက ဆုိးလ္ရွားပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူေျပာတာေတြကို သတင္းစာေတြထဲမွာ ေတြ႕ႏိုင္ပါတယ္။ ကၽြန္ေတာ္ကလည္း ဆုိးလ္ရွားေျပာသလုိပဲ ေျပာမွာပါ။ ေလာေလာဆယ္ မန္ယူကေန သူထြက္မွာမဟုတ္ပါဘူး။ ေပါ့ဂ္ဘာဟာ ဒဏ္ရာျပသနာနဲ႔ပတ္သက္လုိ႔ အနည္းငယ္ရုန္းကန္ေနရဆဲပါပဲ။ အဲဒါကို ေျဖရွင္းဖို႔ ကၽြန္ေတာ္တို႔ႀကိဳစားေနပါတယ္။ အဲဒါကပဲ ကၽြန္ေတာ္တုိ႔ရဲ႕လက္ရွိျပသနာပါ”လို႔ ေပ့ါဂ္ဘာရဲ႕ေအးဂ်င့္ရြိဳင္အုိလာက ေျပာခဲ့တာပါ။