ဇန်နဝါရီမှာ ဗန်ဒီဘိခ်ကို ပေါင် သန်း၅၀နဲ့ ခေါ်ယူဖို့ ယူနိုက်တက် စီစဉ်နေ

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်စ်အသင်းနဲ့အတူ ယမန်နှစ်ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး ဥရောပ အသင်းကြီးတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နယ်သာလန်သားကို ကာလရှည်ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမဲ့ ယခုအချိန်မှာတော့ ယူနိုက်တက်ကပါ စောင့်ကြည့်တဲ့အသင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာလည်း ချန်ပီယံလိဂ် အုပ်စုအဆင့်က ထွက်ခွာခဲ့ရတဲ့ အေဂျက်စ်အသင်းကြောင့် ဗန်ဒီဘိခ်ကို အခွင့်အရေးရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ESPNရဲ့ ဖော်ပြချက်အရ အေဂျက်စ်အသင်းဟာ ဗန်ဒီဘိခ်ကို ရောင်းချဖို့အတွက် လမ်းဖွင့်ပေးထားတာကြောင့် ဆိုးလ်ရှားတစ်ယောက် ဝုဒ်ဝါ့ကို တွန်းအားပေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို တည်ဆောက်ဖို့ ကြိုးစားနေကာ ဗန်ဒီဘိခ်က အဆိုပါ အချက်တွေနဲ့ ကိုက်ညီနေခဲ့ပါတယ်။ ပေါ့ဂ်ဘာနဲ့ တော်မီနေးတို့ ဒဏ်ရာရရှိနေခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာ နည်းလာခဲ့ပြီး ကစားသမားသစ်တွေအပေါ် အာရုံစိုက်လာခဲ့တာပါ။

ပါရဲရားနဲ့ ဖရက်ဒ်တို့ကို မန်စီးတီးနဲ့ပွဲမှာ ဆိုးလ်ရှား ပွဲထုတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပဲ မာတစ် ဝင်လာမှသာ ကွင်းလယ်က ပြန်ငြိမ်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ဂျာမန်အသင်းကတော့ ယခုလအတွင်းမှာ ရောင်းချမှာ မဟုတ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။