ဇန်နဝါရီမှာ တီမိုဝါနာကို မန်ယူအသင်းခေါ်ယူမယ်လို့ ဆို

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာ လစ်ပ်ဇစ်အသင်းတိုက်စစ်မှူ း တီမိုဝါနာကို ခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ ဝါနာကို လီဗာပူးအသင်းကပါခေါ်ယူလိုနေပေမယ့် မန်ယူက ပိုပြီးအခြေအနေကောင်းနေ တယ်လို့ဆိုကြပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မန်ယူဟာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို လက်လွှတ်ခဲ့ပေမယ့် အစားထိုးရမယ့်သူမခေါ်ခဲ့လို့ တိုက်စစ်ပိုင်းအားနည်းချက် တွေရှိနေတာပါ။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးစလုံး ပြန်ကစားနိုင်ပြီဖြစ်ပေမယ့် တိုက်စစ်အားနည်းနေသေးတယ်ဆိုတာ ဘုန်းမောက်နဲ့ပွဲမှာတွေ့မြင်ခဲ့ကြရတာပါ။

Photo- Internet

ဒါကြောင့်လည်း မန်ယူဟာ ဂျာမနီလက်ရွေးစင်ဖြစ်တဲ့ ဝါနာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါမှာ စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် သူ့ကိုဥရောပထိပ်တန်းအသင်းကြီးအချို့ကပါ ခေါ်ယူဖို့စိတ်ဝင်စား နေကြပါတယ်။ သူ့ရဲ့စာချုပ်တန်ကြေးဟာ ပေါင် ၂၇ သန်းဘဲရှိလို့ မန်ယူအတွက် အခက်အခဲမရှိတဲ့ ဈေးနှုန်းဖြစ်ပါတယ်။

Photo- Internet

၂၀၁၆ ကစတုဂတ်ကနေ ပြောင်းလာတဲ့ တီမိုဝါနာဟာ လစ်ပ်ဇစ်အတွက် ၁၂၉ ပွဲကစားပြီး ၇၄ ဂိုးသွင်းကာ ၃၃ ဂိုးဖန်တီးပေးထားပါတယ်။ သူဟာပြီးခဲတဲ့ စနေနေ့က မိန့်ဇ်ကို ၈-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ရယူခဲ့သေးတာပါ။ သူဟာ ဒီရာသီမှာ ကလပ်နဲ့နိုင်ငံအတွက် ၁၆ ပွဲကစားပြီး ၁၁ ဂိုးသွင်းထားပေးပါတယ်။

Photo- Internet

ဘွန်ဒက်စ်လီဂါထိပ်သီးဖြစ်တဲ့ ဘိုင်ယန်မြူ းနစ်ဟာ ပြီးခဲ့တဲ့နွေရာသီက တီမိုဝါနာကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဝါနာဟာ လစ်ပ်ဇ်နဲ့ဘဲစာချုပ်သစ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်ထဲမှာထွက်ခွာကြေးကို ပေါင် ၂၇ သန်းသာသတ်မှတ်ခဲ့တဲ့အတွက် အံအားသင့်မှုတွေလည်းရှိခဲ့ကြောင်းသိရပါတယ်။

Photo- Internet

Zawgyi

ဇန္န၀ါရီမွာ တီမို၀ါနာကို မန္ယူအသင္းေခၚယူမယ္လို႔ ဆို

မန္ယူအသင္းဟာ လာမယ္႔ ဇန္န၀ါရီေစ်းကြက္ထဲမွာ လစ္ပ္ဇစ္အသင္းတိုက္စစ္မွဴ း တီမို၀ါနာကို ေခၚယူႏိုင္လိမ့္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ အသက္ ၂၃ ႏွစ္သာရွိေသးတဲ႔ ၀ါနာကို လီဗာပူးအသင္းကပါေခၚယူလိုေနေပမယ္႔ မန္ယူက ပိုၿပီးအေျခအေနေကာင္းေန တယ္လို႔ဆိုၾကပါတယ္။

ၿပီးခဲ့တဲ႔ ေႏြရာသီက မန္ယူဟာ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကို လက္လႊတ္ခဲ့ေပမယ္႔ အစားထိုးရမယ္႔သူမေခၚခဲ့လို႔ တိုက္စစ္ပိုင္းအားနည္းခ်က္ ေတြရွိေနတာပါ။ လက္ရွိမွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ႏွစ္ဦးစလုံး ျပန္ကစားႏိုင္ၿပီျဖစ္ေပမယ္႔ တိုက္စစ္အားနည္းေနေသးတယ္ဆိုတာ ဘုန္းေမာက္နဲ႔ပြဲမွာေတြ႔ျမင္ခဲ့ၾကရတာပါ။

ဒါေၾကာင့္လည္း မန္ယူဟာ ဂ်ာမနီလက္ေရြးစင္ျဖစ္တဲ႔ ၀ါနာကိုေခၚယူဖို႔ စိတ္၀င္စားေနတာျဖစ္ပါတယ္။ သူဟာ ဘြန္ဒက္စ္လီဂါမွာ စြမ္းေဆာင္ရည္ျမင့္မားတဲ႔အတြက္ သူ႔ကိုဥေရာပထိပ္တန္းအသင္းႀကီးအခ်ဳိ႕ကပါ ေခၚယူဖို႔စိတ္၀င္စား ေနၾကပါတယ္။ သူ႔ရဲ႕စာခ်ဳပ္တန္ေၾကးဟာ ေပါင္ ၂၇ သန္းဘဲရွိလို႔ မန္ယူအတြက္ အခက္အခဲမရွိတဲ႔ ေစ်းႏႈန္းျဖစ္ပါတယ္။

၂၀၁၆ ကစတုဂတ္ကေန ေျပာင္းလာတဲ႔ တီမို၀ါနာဟာ လစ္ပ္ဇစ္အတြက္ ၁၂၉ ပြဲကစားၿပီး ၇၄ ဂိုးသြင္းကာ ၃၃ ဂိုးဖန္တီးေပးထားပါတယ္။ သူဟာၿပီးခဲတဲ႔ စေနေန႔က မိန္႔ဇ္ကို ၈-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ ဟက္ထရစ္ရယူခဲ့ေသးတာပါ။ သူဟာ ဒီရာသီမွာ ကလပ္နဲ႔ႏိုင္ငံအတြက္ ၁၆ ပြဲကစားၿပီး ၁၁ ဂိုးသြင္းထားေပးပါတယ္။

ဘြန္ဒက္စ္လီဂါထိပ္သီးျဖစ္တဲ႔ ဘိုင္ယန္ျမဴ းနစ္ဟာ ၿပီးခဲ့တဲ႔ေႏြရာသီက တီမို၀ါနာကိုေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ္႔ မေအာင္ျမင္ခဲ့ဘဲ ၀ါနာဟာ လစ္ပ္ဇ္နဲ႔ဘဲစာခ်ဳပ္သစ္လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါေပမယ္႔ စာခ်ဳပ္ထဲမွာထြက္ခြာေၾကးကို ေပါင္ ၂၇ သန္းသာသတ္မွတ္ခဲ့တဲ႔အတြက္ အံအားသင့္မႈေတြလည္းရွိခဲ့ေၾကာင္းသိရပါတယ္။