
Photo Credit
Photo Credit
ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ဇန္နဝါရီမွာ အသင္းလူစာရင္းကို အင္အားျဖည့္တင္းဖုိ႔ စပါးကြင္းလယ္လူခရစ္စတီယန္ အဲရစ္ဆင္ကိုေခၚယူဖို႔ ႀကံရြယ္ေနပါတယ္။
Photo Credit
ယခုရာသီအစမွာ ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ေနရၿပီးေနာက္ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ဒုတိယဥကၠ႒၀ုဒ္ဝ့ါဒ္နဲ႔ ဆိုးလ္ရွားတုိ႔ ပူးေပါင္းၿပီး အသင္းလူစာရင္းကို ျပင္ဆင္မႈေတြ ျပဳလုပ္ဖုိ႔ ယခုကတည္းက ႀကိဳတင္စီစဥ္ေနပါတယ္။
Photo Credit
အဲရစ္ဆင္ရဲ႕စာခ်ဳပ္က ဒီရာသီအကုန္မွာ သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး စပါးဥကၠ႒လီဗိုင္းကလည္း အဲရစ္ဆင္ကို အလြတ္နဲ႔ မထြက္ခြာေစလိုတာကို ယူႏိုက္တက္ကသတိျပဳမိေနပါတယ္။ ဒါ့အျပင္ အဆိုပါ ဒိန္းမတ္ၾကယ္ပြင့္အတြက္ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔ ေစ်းညွိႏိႈင္းလို႔ရခဲ့မယ္ဆိုရင္ အဲရစ္ဆင္ဟာ ၂၀၂၀ ႏွစ္ဦးပိုင္းမွာပဲ အိုးထရက္ဖို႔ဒ္ေျမကိုေရာက္ရွိလာမွာျဖစ္ပါတယ္။
Photo Credit
ယူႏိုက္တက္က ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာအဲရစ္ဆင္အတြက္ ေပါင္ သန္း ၇၀ သုံးဖို႔ စီစဥ္ခဲ့ေပမယ့္ းဒိန္းမတ္သားကေတာ့ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေရႊ႕ဖုိ႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။
Photo Credit
ဒီျဖစ္ရပ္ဟာ ယူႏိုက္တက္နဲ႔ အဲရစ္ဆင္တို႔ သေဘာတူညီမႈအတြက္ အဟန္႔အတားတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ အဲရစ္ဆင္ဟာ စပိန္ေျမ အထူးသျဖင့္ ရီးရဲလ္ကိုပဲေျပာင္းေရႊ႕ကစားလိုတာပါ။
Photo Credit
ယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ေလာက္ အဲရစ္ဆင္ကို စည္း႐ံုးႏိုင္မယ့္ အေနအထားရွိမေနပါဘူး။ ယခုသတ္မွတ္ထားတဲ့ တန္ေၾကးေၾကာင့္ ယူႏိုက္တက္နဲ႔ အဲရစ္ဆင္တို႔ အႀကိဳသေဘာတူညီမႈ ရရွိခဲ့ရင္ေတာင္ ကစားသမားကိုယ္တိုင္ကအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔သာထြက္ခြာလိုေနပါတယ္။
Photo Credit
ယူႏိုက္တက္အသင္းေမွ်ာ္လင့္လို႔ရႏိုင္မယ့္ အခ်က္တစ္ခ်က္ေတာ့ ရွိပါေသးတယ္။ အဲဒါက ဇီဒန္းရဲ႕ ရီးရဲလ္မက္ဒရစ္နည္းျပရာထူးက လႈပ္ခတ္ေနတာပဲ ျဖစ္ပါတယ္။ ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ဆက္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္ အသင္းကထြက္ခြာသြားခဲ့ကာ ၿပီးခဲ့တဲ့ မတ္လကမွ နည္းျပအျဖစ္ ျပန္လည္ေရာက္ရွိလာတာ ျဖစ္ပါတယ္။
Photo Credit
နည္းျပဇီဒန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေခၚယူမႈအတြက္ ေပါင္ သန္း ၃၀၀ ခန္႔ အသံုးျပဳခ့ဲေပမယ့္ လက္ရွိအခ်ိန္ထိ ရလဒ္ေကာင္းေတြယူေဆာင္ေပးႏိုင္ျခင္းမရွိတာေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
Photo Credit
လက္ရွိရာသီမကုန္ခင္မွာ ဇီဒန္းသာ ရီးရဲလ္နည္းျပရာထူးကေန ထုတ္ပယ္ခံရရင္ အဲရစ္ဆင္ရဲ႕ ဆံုးျဖတ္ခ်က္ကလည္း ေျပာင္းလဲသြားဖြယ္ ရွိေနပါတယ္။
Photo Credit ; Getty Images / Goal
Unicode
ဇန်နဝါရီမှာ တော့တင်ဟမ်ကြယ်ပွင့်ကိုခေါ်ယူဖို့ ကြံရွယ်နေတဲ့ ယူနိုက်တက်
ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဇန်နဝါရီမှာ အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့ စပါးကွင်းလယ်လူခရစ်စတီယန် အဲရစ်ဆင်ကိုခေါ်ယူဖို့ ကြံရွယ်နေပါတယ်။
ယခုရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးနောက် ဆောင်းရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ဒုတိယဥက္ကဋ္ဌဝုဒ်ဝ့ါဒ်နဲ့ ဆိုးလ်ရှားတို့ ပူးပေါင်းပြီး အသင်းလူစာရင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ယခုကတည်းက ကြိုတင်စီစဉ်နေပါတယ်။
အဲရစ်ဆင်ရဲ့စာချုပ်က ဒီရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စပါးဥက္ကဋ္ဌလီဗိုင်းကလည်း အဲရစ်ဆင်ကို အလွတ်နဲ့ မထွက်ခွာစေလိုတာကို ယူနိုက်တက်ကသတိပြုမိနေပါတယ်။
ဒါ့အပြင် အဆိုပါ ဒိန်းမတ်ကြယ်ပွင့်အတွက် ယူနိုက်တက်နဲ့ စပါးအသင်းတို့ ဈေးညှိနှိုင်းလို့ရခဲ့မယ်ဆိုရင် အဲရစ်ဆင်ဟာ ၂၀၂၀ နှစ်ဦးပိုင်းမှာပဲ အိုးထရက်ဖို့ဒ်မြေကိုရောက်ရှိလာမှာဖြစ်ပါတယ်။
ယူနိုက်တက်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာအဲရစ်ဆင်အတွက် ပေါင် သန်း ၇၀ သုံးဖို့ စီစဉ်ခဲ့ပေမယ့် းဒိန်းမတ်သားကတော့ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ယူနိုက်တက်နဲ့ အဲရစ်ဆင်တို့ သဘောတူညီမှုအတွက် အဟန့်အတားတစ်ခု ဖြစ်နေနိုင်ပါတယ်။ အဲရစ်ဆင်ဟာ စပိန်မြေ အထူးသဖြင့် ရီးရဲလ်ကိုပဲပြောင်းရွှေ့ကစားလိုတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်လောက် အဲရစ်ဆင်ကို စည်းရုံးနိုင်မယ့် အနေအထားရှိမနေပါဘူး။ ယခုသတ်မှတ်ထားတဲ့ တန်ကြေးကြောင့် ယူနိုက်တက်နဲ့ အဲရစ်ဆင်တို့ အကြိုသဘောတူညီမှု ရရှိခဲ့ရင်တောင် ကစားသမားကိုယ်တိုင်ကအလွတ်ပြောင်းရွှေ့ကြေးနဲ့သာထွက်ခွာလိုနေပါတယ်။
ယူနိုက်တက်အသင်းမျှော်လင့်လို့ရနိုင်မယ့် အချက်တစ်ချက်တော့ ရှိပါသေးတယ်။ အဲဒါက ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးက လှုပ်ခတ်နေတာပဲ ဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အသင်းကထွက်ခွာသွားခဲ့ကာ ပြီးခဲ့တဲ့ မတ်လကမှ နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
နည်းပြဇီဒန်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုအတွက် ပေါင် သန်း ၃၀၀ ခန့် အသုံးပြုခဲ့ပေမယ့် လက်ရှိအချိန်ထိ ရလဒ်ကောင်းတွေယူဆောင်ပေးနိုင်ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိရာသီမကုန်ခင်မှာ ဇီဒန်းသာ ရီးရဲလ်နည်းပြရာထူးကနေ ထုတ်ပယ်ခံရရင် အဲရစ်ဆင်ရဲ့ ဆုံးဖြတ်ချက်ကလည်း ပြောင်းလဲသွားဖွယ် ရှိနေပါတယ်။