ဇနီးဖြစ်သူရဲ့ကျေးဇူးကြောင့် ကြီးမားတဲ့အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ခဲ့တဲ့ မူလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂျာမန်ဝါရင့်တိုက်စစ်ကစားသမားမူလာဟာ ဘောလုံးသမားဘဝတစ်လျှောက် အခုလိုကြီးမားတဲ့အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ခဲ့တာက ဇနီးဖြစ်သူလီဆာရဲ့ကျေးဇူးနဲ့ မကင်းပါဘူး။

အကြောင်းကတော့ ၂၀၁၅ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက မူလာကိုခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် လီဆာက တားမြစ်ခဲ့တာကြောင့်

အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာဆက်ရှိနေတဲ့အတွက် အခုလို ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒတ်ချ်နည်းပြကြီးဗန်ဟားလ်လက်ထက်တုန်းက ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ မူလာကိုခေါ်ယူဖို့

နှစ်ကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင်(၈၄)သန်း၊ လစာအဖြစ်ပေါင်(၁၆)သန်းအထိပေးပြီးတော့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၀၉ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိကိုင်တွယ်ခဲ့ချိန်မှာ မူလာနဲ့လက်တွဲခဲ့ဖူးသလို မူလာကို ဘိုင်ယန်မြူးနစ်အသင်းမှာအရောင်တင်ပေးခဲ့သူဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့နီးစပ်ခဲ့တာပါ။

ဒါပေမဲ့လည်း လီဆာက မူလာကို ပြည်ပကလပ်အသင်းမှာသွားရောက်မကစားစေလိုတဲ့အတွက် ယူနိုက်တက်နဲ့မူလာတို့ရဲ့အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။

အဲဒါနဲ့ပတ်သက်လို့ ဗန်ဟားလ်က “၂၀၁၅ ခုနှစ်တုန်းက ကျွန်တော်တို့ မူလာကိုခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပြီး သူ့ဇနီးကြောင့်သာမဟုတ်ရင် သေချာပေါက်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ကျွန်တော့်လက်ထောက်ဖြစ်သူ Marcel Bout နဲ့မူလာတို့က အပြောင်းအရွှေ့ကိစ္စအတွက် တစ်ချိန်လုံးစကားပြောဆိုခဲ့ပြီး

ယူနိုက်တက်ဆီပြောင်းရွှေ့ဖို့ ငြင်းဆန်ရတဲ့အကြောင်းရင်းကို မူလာဟာ ဖွင့်ဟပြောဆိုခဲ့သလို သူ့ဇနီးရဲ့ဆန္ဒကို မလွန်ဆန်ချင်တာက အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၅ နောက်ပိုင်းမှာ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့နှစ်ကြိမ်တိုင်တိုင် စာချုပ်သက်တမ်းတိုးခဲ့ပြီး အခုလက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပါတယ်။

မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်(၂)ကြိမ်၊ ဘွန်ဒစ်လီဂါ(၁၀)ကြိမ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား(၂)ကြိမ်စီအပါအဝင်

ဆုဖလားပေါင်း(၂၉)ခုအထိရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က (၁)နှစ်အတွင်း ဖလား(၆)ခုအထိရရှိခဲ့တဲ့သမိုင်းဝင်အောင်မြင်မှုပိုင်ဆိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းကတော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း FA ဖလား၊ ယူရိုပါလိဂ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတို့သာရရှိခဲ့သလို အခုဆိုရင် ဖလားလက်မဲ့ဖြစ်နေတာက (၄)နှစ်ကျော်အထိရှိနေပြီဖြစ်တာကြောင့်

မူလာသာ ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ဖလားလက်မဲ့ဖြစ်နေလောက်ပြီဖြစ်တဲ့အတွက် ဇနီးဖြစ်တဲ့ လီဇာကို နေ့တိုင်းကျေးဇူးတင်သင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇနီးျဖစ္သူရဲ႕ေက်းဇူးေၾကာင့္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြပိုင္ဆိုင္ႏိုင္ခဲ့တဲ့ မူလာ

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ဂ်ာမန္ဝါရင့္တိုက္စစ္ကစားသမားမူလာဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ အခုလိုႀကီးမားတဲ့ေအာင္ျမင္မႈေတြပိုင္ဆိုင္ႏိုင္ခဲ့တာက ဇနီးျဖစ္သူလီဆာရဲ႕ေက်းဇူးနဲ႔ မကင္းပါဘူး။ အေၾကာင္းကေတာ့ ၂၀၁၅ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက မူလာကိုေခၚယူဖို႔နီးစပ္ခဲ့ေပမယ့္ လီဆာက တားျမစ္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ဘဲ မူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာဆက္ရွိေနတဲ့အတြက္ အခုလို ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒတ္ခ်္နည္းျပႀကီးဗန္ဟားလ္လက္ထက္တုန္းက ၂၀၁၄၊ ၂၀၁၅ ခုႏွစ္ေတြမွာ မူလာကိုေခၚယူဖို႔ႏွစ္ႀကိမ္တိုင္တိုင္ႀကိဳးပမ္းခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးေပါင္(၈၄)သန္း၊ လစာအျဖစ္ေပါင္(၁၆)သန္းအထိေပးၿပီးေတာ့ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဗန္ဟားလ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၂၀၀၉ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိကိုင္တြယ္ခဲ့ခ်ိန္မွာ မူလာနဲ႔လက္တြဲခဲ့ဖူးသလို မူလာကို ဘိုင္ယန္ျမဴးနစ္အသင္းမွာအေရာင္တင္ေပးခဲ့သူျဖစ္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔နီးစပ္ခဲ့တာပါ။ ဒါေပမဲ့လည္း လီဆာက မူလာကို ျပည္ပကလပ္အသင္းမွာသြားေရာက္မကစားေစလိုတဲ့အတြက္ ယူႏိုက္တက္နဲ႔မူလာတို႔ရဲ႕အေျပာင္းအေ႐ႊ႕က မျဖစ္ေျမာက္ခဲ့ပါဘူး။

အဲဒါနဲ႔ပတ္သက္လို႔ ဗန္ဟားလ္က “၂၀၁၅ ခုႏွစ္တုန္းက ကြၽန္ေတာ္တို႔ မူလာကိုေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ၿပီး သူ႔ဇနီးေၾကာင့္သာမဟုတ္ရင္ ေသခ်ာေပါက္ေခၚယူႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ့္လက္ေထာက္ျဖစ္သူ Marcel Bout နဲ႔မူလာတို႔က အေျပာင္းအေ႐ႊ႕ကိစၥအတြက္ တစ္ခ်ိန္လုံးစကားေျပာဆိုခဲ့ၿပီး ယူႏိုက္တက္ဆီေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္ရတဲ့အေၾကာင္းရင္းကို မူလာဟာ ဖြင့္ဟေျပာဆိုခဲ့သလို သူ႔ဇနီးရဲ႕ဆႏၵကို မလြန္ဆန္ခ်င္တာက အေၾကာင္းရင္းတစ္ခုျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၁၅ ေနာက္ပိုင္းမွာ မူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ႏွစ္ႀကိမ္တိုင္တိုင္ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး အခုလက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္ပါတယ္။ မူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ ဘြန္ဒစ္လီဂါ(၁၀)ႀကိမ္၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလား(၂)ႀကိမ္စီအပါအဝင္ ဆုဖလားေပါင္း(၂၉)ခုအထိရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က (၁)ႏွစ္အတြင္း ဖလား(၆)ခုအထိရရွိခဲ့တဲ့သမိုင္းဝင္ေအာင္ျမင္မႈပိုင္ဆိုင္ခဲ့တာပါ။

ယူႏိုက္တက္အသင္းကေတာ့ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း FA ဖလား၊ ယူ႐ိုပါလိဂ္၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္းတို႔သာရရွိခဲ့သလို အခုဆိုရင္ ဖလားလက္မဲ့ျဖစ္ေနတာက (၄)ႏွစ္ေက်ာ္အထိရွိေနၿပီျဖစ္တာေၾကာင့္ မူလာသာ ၂၀၁၅ ခုႏွစ္မွာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့မယ္ဆိုရင္ ဖလားလက္မဲ့ျဖစ္ေနေလာက္ၿပီျဖစ္တဲ့အတြက္ ဇနီးျဖစ္တဲ့ လီဇာကို ေန႔တိုင္းေက်းဇူးတင္သင့္ပါတယ္။