ဇနီးချောတွေနဲ့ ခဏ ပြန်ဆုံခွင့်ရတဲ့ အင်္ဂလန်သားတွေ နှင့် နောက်တစ်ဆင့်ပွဲကိုကြည့်ဖို့ ခက်တဲ့ ပရိသတ်တွေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ဟာမနေ့ညတုန်းကယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှာဂျာမနီကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းသားများဟာဂျာမနီကိုအနိုင်ရရှိမှုအတွက်ဆုလာဘ်အဖြစ်ဗုဒ္ဓဟူးနေ့တွင်တစ်နေ့တာအားလပ်ခွင့်ရရှိပြီးမိသားစုဝင်များ၊ဇနီးချောတို့နှင့်တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

အမည်မဖော်လိုသူတစ်ဦးက “သူတို့နာရီအနည်းငယ်ပဲဆုံစည်းခွင့်ရရှိတာဖြစ်ပါတယ်။

ဒါပေမယ့်နောက်တစ်ဆင့်ကစားဖို့အတွက်လုံလောက်တဲ့စိတ်ခွန်အားတွေရရှိကြမှာပါ။

နည်းပြ ဆောက်ဂိတ်ကမိသားစုဝင်တွေဟာကစားသမားတွေ စွမ်းအားထွက်ဖို့ အလွန်အရေးပါတယ်လို့ယုံကြည်ပါတယ်။

ချက်နဲ့ပွဲအပြီးမှာလည်းကွင်းထဲမှာမိသားစုဝင်တွေနဲ့ဆုံစည်းခွင့်ပေးခဲ့ပါသေးတယ်”လို့ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ(သို့မဟုတ်)ကိုဗစ်ကင်းစင်ကြောင်းအထောက်အထားပြသထားပြီးတဲ့ မိသားစုဝင်များ၊ ချစ်သူများသာ အင်္ဂလန်အသင်းသားတွေနဲ့ ဆုံစည်းကြတာပါ။

တစ်ဖက်မှာတော့ အင်္ဂလန်ပရိသတ်များဟာ ကွာတားဖိုင်နယ်ကစားမယ့် ရောမသို့ သွားရောက်ကာ ကွင်းထဲမှာအသင်းကိုအားပေးနိုင်ဖို့ ခက်ခဲပါတယ်။

အင်္ဂလန်ပရိသတ်များဟာ အီတလီသို့သွားရောက်ခွင့်ရှိနေပါတယ်။

ဒါပေမယ့် ပွဲတော့ ကြည့်နိုင်မှာမဟုတ်ပါဘူး။

အီတလီရဲ့ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းကြောင့် ဖြစ်ပါတယ်။

အီတလီရဲ့ကိုဗစ်ကန့်သတ်ချက်အရ ဗြိတိန်မှလာရောက်တဲ့သူများ (သို့မဟုတ်) ဗြိတိန်တွင် ၁၄ရက်နေ့ခဲ့ဖူးသူများဟာ အီတလီသို့ရောက်ချိန်မှာ ကွာရန်တင်း၅ရက်ဝင်ရပါမယ်။

တစ်ဖက်တွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အင်္ဂလန်ပရိသတ်များကို လက်မှတ်ရောင်းချထားခြင်းမရှိပါဘူး။

ဒါ့အပြင် အီတလီသို့သွားရောက်တဲ့ အင်္ဂလန်ပရိသတ်များဟာလည်း ဗြိတိန်သို့ပြန်ရောက်လာချိန်မှာ ကွာရန်တင်း ၁၀ရက်ဝင်ရဦးမှာဖြစ်ပါတယ်။

အီတလီတွင် နေထိုင်တဲ့၊ အီတလီမှာရှိနေတဲ့အင်္ဂလန်ပရိသတ်များနှင့် အခြားဥရောပနိုင်ငံတို့တွင်နေထိုင်နေတဲ့ သူများကတော့ အင်္ဂလန်ရဲ့ကွာတားဖိုင်နယ်ပွဲကိုကြည့်နိုင်ပါမယ်။

Zawgyi

ဇနီး​ေခ်ာ​ေတြနဲ႔ ခဏ ျပန္ဆုံခြင့္ရတဲ့ အဂၤလန္သား​ေတြ ႏွင့္ ​ေနာက္တစ္ဆင့္ပြဲကိုၾကည့္ဖို႔ ခက္တဲ့ ပရိသတ္​ေတြ

အဂၤလန္ဟာ မေန႔ညတုန္းက ယူ႐ို ၂၀၂၀ၿပိဳင္ပြဲ ၁၆ သင္းရႈံးထြက္အဆင့္မွာဂ်ာမနီကိုအႏိုင္ယူႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းသားမ်ားဟာဂ်ာမနီကိုအႏိုင္ရရွိမႈအတြက္ဆုလာဘ္အျဖစ္ဗုဒၶဟူးေန႔တြင္တစ္ေန႔တာအားလပ္ခြင့္ရရွိၿပီးမိသားစုဝင္မ်ား၊ဇနီး​ေခ်ာတို႔ႏွင့္ေတြ႕ဆုံခြင့္ရရွိခဲ့ေၾကာင္း သိရပါတယ္။

အမည္မေဖာ္လိုသူတစ္ဦးက “သူတို႔နာရီအနည္းငယ္ပဲဆုံစည္းခြင့္ရရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ေနာက္တစ္ဆင့္ ကစားဖို႔အတြက္ လုံေလာက္တဲ့စိတ္ခြန္အား​ေတြရရွိၾကမွာပါ။ နည္းျပ ေဆာက္ဂိတ္ကမိသားစုဝင္ေတြဟာကစားသမားေတြ စြမ္းအားထြက္ဖို႔ အလြန္အေရးပါတယ္လို႔ယုံၾကည္ပါတယ္။ ခ်က္နဲ႔ပြဲအၿပီးမွာလည္းကြင္းထဲမွာမိသားစုဝင္ေတြနဲ႔ဆုံစည္းခြင့္ေပးခဲ့ပါေသးတယ္”လို႔ေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူမ်ား(သို႔မဟုတ္)ကိုဗစ္ကင္းစင္ေၾကာင္းအေထာက္အထားျပသထားၿပီးတဲ့ မိသားစုဝင္မ်ား၊ခ်စ္သူမ်ားသာ အဂၤလန္အသင္းသား​ေတြနဲ႔ ဆုံစည္းၾကတာပါ။ တစ္ဖက္မွာ​ေတာ့ အဂၤလန္ပရိသတ္မ်ားဟာကြာတားဖိုင္နယ္ကစားမယ့္ေရာမသို႔သြားေရာက္ကာကြင္းထဲမွာအသင္းကိုအားေပးႏိုင္ဖို႔ ခက္ခဲပါတယ္။ အဂၤလန္ပရိသတ္မ်ားဟာအီတလီသို႔သြားေရာက္ခြင့္ရွိေနပါတယ္။ ဒါေပမယ့္ ပြဲေတာ့ၾကည့္ႏိုင္မွာမဟုတ္ပါဘူး။

အီတလီရဲ႕ကိုဗစ္ကန႔္သတ္ခ်က္စည္းမ်ဥ္းေၾကာင့္ျဖစ္ပါတယ္။ အီတလီရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အရၿဗိတိန္မွ လာေရာက္တဲ့သူမ်ား (သို႔မဟုတ္)ၿဗိတိန္တြင္ ၁၄ရက္ေန႔ခဲ့ဖူးသူမ်ားဟာအီတလီသို႔ေရာက္ခ်ိန္မွာကြာရန္တင္း၅ရက္ဝင္ရပါမယ္။ တစ္ဖက္တြင္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ အဂၤလန္ပရိသတ္မ်ားကို လက္မွတ္ေရာင္းခ်ထားျခင္းမရွိပါဘူး။ ဒါ့အျပင္ အီတလီသို႔ သြားေရာက္တဲ့ အဂၤလန္ပရိသတ္မ်ားဟာလည္းၿဗိတိန္သို႔ျပန္ေရာက္လာခ်ိန္မွာ ကြာရန္တင္း၁၀ရက္ဝင္ရဦးမွာျဖစ္ပါတယ္။

အီတလီတြင္ေနထိုင္တဲ့၊ အီတလီမွာရွိေနတဲ့အဂၤလန္ပရိသတ္မ်ားႏွင့္ အျခားဥေရာပႏိုင္ငံတို႔တြင္ေနထိုင္ေနတဲ့သူမ်ားကေတာ့အဂၤလန္ရဲ႕ကြာတားဖိုင္နယ္ပြဲကိုၾကည့္ႏိုင္ပါမယ္။