ဇထားထိပ်ရောက်လာပြီးနောက် ဒေါ်နယ်ထရမ့်ကို လှောင်ပြောင်လိုက်တဲ့ ဆောက်သမ်တန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်ဟာ အသင်းမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတဒေါနယ်ထရမ့်ကို လှောင်ပြောင်မှုပြုလုပ်လိုက်ပါတယ်။

စိန့်တွေဟာ သောကြာညပရီမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၂-၀ ကစားပြီး နိုင်ပွဲဆက်ခဲ့တာပါ။ အဲဒီပွဲအပြီးမှာ သူတို့ထိပ်ဆုံးရောက်နေတဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားပုံကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်တင်ပြီး မြန်မာလို ရေတွက်တာ ရပ်လိုက်လို့ အဓိပ္ပါယ်ရတဲ့ Stop the conut ဆိုတဲ့စာသားကို caption ထိုးခဲ့ပါတယ်။

ဒါဟာ ဂျိုးဘိုင်ဒန်အသာရနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ စာနဲ့တစ်ဆင့်မဲပေးမှုတွေကို ရေတွက်နေတာ ရပ်တန့်ပေးဖို့ ထရမ့်က မေတ္တာရပ်ခံခဲ့တာကို ရည်ညွန်းတာပါ။

Stop the count လို့ ထရမ့်က ရေးတင်ခဲ့တာဟာ Twitter ပေါ်မှာ အတော်လေးလည်း လှောင်ပြောင်စရာဖြစ်သွားပါတယ်။ အခြားတစ်ဖက်မှာလည်း သူတို့ထိပ်ဆုံးရောက်နေတဲ့အခုအချိန်လေးမှာ ဆောက်သမ်တန်ပရိသတ်တွေက ရာသီအဆုံးသတ်ဖို့ မျှော်လင့်နေတာများလားဆိုပြီး တချို့က ဟာသလုပ်ကြပါတယ်။

ဆောက်သမ်တန်ဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှ လက်စတာကို အိမ်ကွင်း ၉ ဂိုးပြတ်နဲ့ရှုံးကာ လက်ရှိနည်းပြဟာဆန်ဟတ်တယ်ဟာလည်း အနာဂါတ်မသေချာဖြစ်ခဲ့ရသေးတာပါ။ အခုတော့ သူတို့ဟာ ဒီရာသီမှာ မရပ်တန့်နိုင်ဖြစ်နေပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ ဆောက်သမ်တန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၁% ရှိခဲ့ပြီး ဂိုးကန်သွင်းချက် ၁၅ချက်ရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇထားထိပ္ေရာက္လာၿပီးေနာက္ ေဒၚနယ္ထရမ့္ကို ေလွာင္ေျပာင္လိုက္တဲ့ ေဆာက္သမ္တန္

ေဆာက္သမ္တန္ဟာ အသင္းမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကိုေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္ အေမရိကန္သမၼတေဒါနယ္ထရမ့္ကို ေလွာင္ေျပာင္မႈျပဳလုပ္လိုက္ပါတယ္။

စိန႔္ေတြဟာ ေသာၾကာညပရီမီးယားလိဂ္ပြဲစဥ္မွာ နယူးကာဆယ္ကို ၂-၀ ကစားၿပီး ႏိုင္ပြဲဆက္ခဲ့တာပါ။ အဲဒီပြဲအၿပီးမွာ သူတို႔ထိပ္ဆုံးေရာက္ေနတဲ့ပရီးမီးယားလိဂ္အမွတ္ေပးဇယားပုံကို ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚတင္ၿပီး ျမန္မာလို ေရတြက္တာ ရပ္လိုက္လို႔ အဓိပၸါယ္ရတဲ့ Stop the conut ဆိုတဲ့စာသားကို caption ထိုးခဲ့ပါတယ္။

ဒါဟာ ဂ်ိဳးဘိုင္ဒန္အသာရေနတဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ စာနဲ႔တစ္ဆင့္မဲေပးမႈေတြကို ေရတြက္ေနတာ ရပ္တန႔္ေပးဖို႔ ထရမ့္က ေမတၱာရပ္ခံခဲ့တာကို ရည္ၫြန္းတာပါ။

Stop the count လို႔ ထရမ့္က ေရးတင္ခဲ့တာဟာ Twitter ေပၚမွာ အေတာ္ေလးလည္း ေလွာင္ေျပာင္စရာျဖစ္သြားပါတယ္။ အျခားတစ္ဖက္မွာလည္း သူတို႔ထိပ္ဆုံးေရာက္ေနတဲ့အခုအခ်ိန္ေလးမွာ ေဆာက္သမ္တန္ပရိသတ္ေတြက ရာသီအဆုံးသတ္ဖို႔ ေမွ်ာ္လင့္ေနတာမ်ားလားဆိုၿပီး တခ်ိဳ႕က ဟာသလုပ္ၾကပါတယ္။

ေဆာက္သမ္တန္ဟာ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ကမွ လက္စတာကို အိမ္ကြင္း ၉ ဂိုးျပတ္နဲ႔ရႈံးကာ လက္ရွိနည္းျပဟာဆန္ဟတ္တယ္ဟာလည္း အနာဂါတ္မေသခ်ာျဖစ္ခဲ့ရေသးတာပါ။ အခုေတာ့ သူတို႔ဟာ ဒီရာသီမွာ မရပ္တန႔္ႏိုင္ျဖစ္ေနပါတယ္။

နယူးကာဆယ္နဲ႕ပြဲမွာ ေဆာက္သမ္တန္ဟာ ေဘာလံုးပိုင္ဆိုင္မႈ ၆၁% ရွိခဲ့ၿပီး ဂိုးကန္သြင္းခ်က္ ၁၅ခ်က္ရွိခဲ့ပါတယ္။