ဆွီဒင်မှာ ဖွင့်လှစ်လိုက်တဲ့ အီဘရာဟီမိုဗစ်ရုပ်တု

photo-the sun

photo-gettyimages

မန်ယူတိုက်စစ်မှုးဟောင်း ဇလက်တန်အီဘရာဟီမိုဗစ်ရဲ့ရုပ်တုကို ဆွီဒင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ မိုဗစ်ရဲ့ဒီကြေးရုပ်တုကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က စီစဉ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မယ်လ်မိုမြို့က မယ်လ်မိုကွင်းအပြင်ဘက်ဘက်မှာ စိုက်ထူဖွင့်လှစ်ခဲ့တာဖြစ်ကာ ပရိသတ်ရာပေါင်းများစွာတက်ရောက်ခဲ့ကြပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ဗိုဗစ်ဟာ ၂၀၀၁ ကနေ ၂၀၁၆ အတွင်း ဆွီဒင်အတွက် ပွဲပေါင်း ၁၁၆ ပွဲမှာ ၆၂ ဂိုးသွင်းပေးခဲ့ပါတယ်။

photo-gettyimages

“မင်းဘယ်ကပဲလာလာ၊မင်းဘယ်နေရာကပဲဖြစ်ဖြစ်၊မင်းဘယ်သူနဲ့ပဲတူတူ ကိစ္စမရှိပါဘူး။ ဒီရုပ်တုက ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတပါပဲ”လို့ သူ့ရဲ့ရုပ်တုဖွင့်ပွဲကိုတက်ရောက်လာတဲ့ဗိုဗစ်က ပြောကြားခဲ့ပါတယ်။ မိုဗစ်ရဲ့ဒီကြေးရုပ်တုကို ဆွီဒင်အနုပညာရှင်ပီတာလင်ဒီက ဖန်တီးပုံဖော်ခဲ့တာဖြစ်ပြီး ရုပ်တုအမြင့်က ၈ ပေ ၉ လက်မရှိကာ အလေးချိန်က ၅၀၀ ကီလိုဂရမ်နီးပါးရှိပါတယ်။

photo-gettyimages

မိုဗစ်ဟာ သူ့ရဲ့ကစားသမားဘဝကို မြို့ခံကလပ်မယ်လ်မိုနဲ့စတင်ခဲ့ပြီး အဲဒီနောက် အေဂျက်၊ဂျူဗင်တပ်၊အင်တာမီလန်၊ဘာစီလိုနာ၊အေစီမီလန်၊ပီအက်စ်ဂျီနဲ့မန်ယူတို့လို ထိပ်တန်းအသင်းကြီးတွေမှာ ဆက်လက်ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၈ မှာတော့ အမေရိကန်မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီကို သွားရောက်ကစားခဲ့တာ အခုချိန်ထိပါပဲ။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်း၊ ပေါ်တူဂီစူပါစတားစီရော်နယ်ဒိုနဲ့ အီဂျစ်ကြယ်ပွင့်မိုဟာမက်ဆာလာတို့ဟာလည်း ရုပ်တုတွေနဲ့ဂုဏ်ပြုခံရတဲ့ကစားသမားတွေဖြစ်ကြပါတယ်။

[Zawgyi]

ဆြီဒင္မွာ ဖြင့္လွစ္လုိက္တဲ့ အီဘရာဟီမိုဗစ္ရုပ္တု

မန္ယူတုိက္စစ္မႈးေဟာင္း ဇလက္တန္အီဘရာဟီမိုဗစ္ရဲ႕ရုပ္တုကို ဆြီဒင္ႏိုင္ငံမွာရွိတဲ့ သူ႔ရဲ႕ဇာတိၿမိဳ႕မွာ ဖြင့္လွစ္လုိက္ပါတယ္။ မိုဗစ္ရဲ႕ဒီေၾကးရုပ္တုကို ဆြီဒင္ေဘာလုံးအဖြဲ႕ခ်ဳပ္က စီစဥ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ မယ္လ္မိုၿမိဳ႕က မယ္လ္မိုကြင္းအျပင္ဘက္ဘက္မွာ စိုက္ထူဖြင့္လွစ္ခဲ့တာျဖစ္ကာ ပရိသတ္ရာေပါင္းမ်ားစြာတက္ေရာက္ခဲ့ၾကပါတယ္။ အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ဗုိဗစ္ဟာ ၂၀၀၁ ကေန ၂၀၁၆ အတြင္း ဆီြဒင္အတြက္ ပြဲေပါင္း ၁၁၆ ပြဲမွာ ၆၂ ဂိုးသြင္းေပးခဲ့ပါတယ္။

“မင္းဘယ္ကပဲလာလာ၊မင္းဘယ္ေနရာကပဲျဖစ္ျဖစ္၊မင္းဘယ္သူနဲ႔ပဲတူတူ ကိစၥမရွိပါဘူး။ ဒီရုပ္တုက ဘာမဆုိျဖစ္ႏိုင္တယ္ဆိုတဲ့ သေကၤတပါပဲ”လို႔ သူ႔ရဲ႕ရုပ္တုဖြင့္ပြဲကိုတက္ေရာက္လာတဲ့ဗုိဗစ္က ေျပာၾကားခဲ့ပါတယ္။ မိုဗစ္ရဲ႕ဒီေၾကးရုပ္တုကို ဆြီဒင္အႏုပညာရွင္ပီတာလင္ဒီက ဖန္တီးပုံေဖာ္ခဲ့တာျဖစ္ၿပီး ရုပ္တုအျမင့္က ၈ ေပ ၉ လက္မရွိကာ အေလးခ်ိန္က ၅၀၀ ကီလိုဂရမ္နီးပါးရွိပါတယ္။

မုိဗစ္ဟာ သူ႔ရဲ႕ကစားသမားဘ၀ကို ၿမိဳ႕ခံကလပ္မယ္လ္မိုနဲ႔စတင္ခဲ့ၿပီး အဲဒီေနာက္ ေအဂ်က္၊ဂ်ဴဗင္တပ္၊အင္တာမီလန္၊ဘာစီလိုနာ၊ေအစီမီလန္၊ပီအက္စ္ဂ်ီနဲ႔မန္ယူတုိ႔လုိ ထိပ္တန္းအသင္းႀကီးေတြမွာ ဆက္လက္ကစားခဲ့ပါတယ္။ သူဟာ ၂၀၁၈ မွာေတာ့ အေမရိကန္ေမဂ်ာလိဂ္ကလပ္အယ္လ္ေအဂလက္ဆီကို သြားေရာက္ကစားခဲ့တာ အခုခ်ိန္ထိပါပဲ။ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းေဒးဗစ္ဘက္ခမ္း၊ ေပၚတူဂီစူပါစတားစီေရာ္နယ္ဒိုနဲ႔ အီဂ်စ္ၾကယ္ပြင့္မိုဟာမက္ဆာလာတုိ႔ဟာလည္း ရုပ္တုေတြနဲ႔ဂုဏ္ျပဳခံရတဲ့ကစားသမားေတြျဖစ္ၾကပါတယ္။