
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဆဲလ်တာဗီဂိုအသင်းခေါင်းဆောင်ဟူဂိုမယ်လိုနှင့်အက်သလက်တီကိုမက်ဒရစ်နောက်ခံလူမာရီယိုဟာမိုဆိုတို့ဟာမနေ့ညတုန်းကပွဲရဲ့အချိန်ပိုတွင်နှစ်ဖက်ကစားသမားများရဲ့ရန်ပွဲတွင်ပါဝင်မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
လက်ရှိလာလီဂါချန်ပီယံအက်သလက်တီကိုဟာတနင်္ဂနွေနေ့တုန်းကဆဲလ်တာဗီဂိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင်အက်သလက်တီကိုဟာအိန်ဂျယ်ကော်ရီယာရဲ့နှစ်ဂိုးဖြင့်ဆဲလ်တာဗီဂိုအား၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
နာကျင်အချိန်တွင်ကွင်းလယ်တစ်ဖက်နီးပါးတွင်ဆွာရက်ဇ်ဟာဆောလ်နီဂွက်ဇ်ထံမှဘောလုံးရယူစဉ်ဆဲလ်တာဗီဂိုမှမယ်လိုရဲ့ဖျက်ထုတ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့်ဆွာရက်ဇ်ဟာဘောလုံးကိုကာရက်စ်ကိုထံသို့ပေးပို့နိုင်ခဲ့ပြီးအာဂျင်တီးနားတိုက်စစ်မှူးရဲ့ကန်သွင်းချက်ကိုဒီကျူရိုကကာကွယ်သွားခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာကွင်းထဲမှာထိုင်လျက်ခြေထောက်နာကျင်ဟန်ပြနေစဉ်အတွင်းဆဲလ်တာဗီဂိုလ်ကတန်ပြန်တိုက်စစ်ဆင်လာခဲ့ပြီးဒိုင်လူကြီးကဝီစီမှုတ်ခဲ့ပါတယ်။
ဆွာရက်ဇ်ဟာပြန်ထကာဒိုင်လူကြီးထံသို့သွားခဲ့ပေမယ့်ကွင်းထဲတွင်ပြန်ဆက်ထိုင်ချခဲ့ပါတယ်။
ထိုစဉ်အတွင်းမယ်လိုနှင့်ဟာမိုဆိုတို့ရန်ဖြစ်ခဲ့ပြီးနှစ်ဖက်ကစားသမားတို့ဝင်ရောက်ဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။
ဒိုင်လူကြီးဟာမယ်လိုနှင့်ဟာမိုဆိုတို့နှစ်ဦးလုံးကိုအနီကတ်ပြသခဲ့ပါတယ်။
ဒိုင်လူကြီးဟာယင်းပွဲစဉ်တွင်အဝါကတ်၈ကတ်အထိလည်းသုံးခဲ့ရပါသေးတယ်။
ဆီမြွန်နီရဲ့အက်သလက်တီကိုဟာဩဂုတ်လ၂၂ရက်နေ့မှာအယ်လ်ချီကိုဧည့်ခံကစားရပါမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆြာရာက္ဇ္ကိုထိရင္ အသင္းနဲ႔ၿငိမယ္
ဆဲလ္တာဗီဂိုအသင္းေခါင္းေဆာင္ဟူဂိုမယ္လိုႏွင့္အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူမာရီယိုဟာမိုဆိုတို႔ဟာမေန႔ညတုန္းကပြဲရဲ႕အခ်ိန္ပိုတြင္ႏွစ္ဖက္ကစားသမားမ်ားရဲ႕ရန္ပြဲတြင္ပါဝင္မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
လက္ရွိလာလီဂါခ်န္ပီယံအက္သလက္တီကိုဟာတနဂၤေႏြေန႔တုန္းကဆဲလ္တာဗီဂိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ခဲ့ရပါတယ္။
ယင္းပြဲစဥ္တြင္အက္သလက္တီကိုဟာအိန္ဂ်ယ္ေကာ္ရီယာရဲ႕ႏွစ္ဂိုးျဖင့္ဆဲလ္တာဗီဂိုအား၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
နာက်င္အခ်ိန္တြင္ကြင္းလယ္တစ္ဖက္နီးပါးတြင္ဆြာရက္ဇ္ဟာေဆာလ္နီဂြက္ဇ္ထံမွေဘာလုံးရယူစဥ္ဆဲလ္တာဗီဂိုမွမယ္လိုရဲ႕ဖ်က္ထုတ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ဆြာရက္ဇ္ဟာေဘာလုံးကိုကာရက္စ္ကိုထံသို႔ေပးပို႔ႏိုင္ခဲ့ၿပီးအာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ကန္သြင္းခ်က္ကိုဒီက်ဴ႐ိုကကာကြယ္သြားခဲ့ပါတယ္။
ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာကြင္းထဲမွာထိုင္လ်က္ေျခေထာက္နာက်င္ဟန္ျပေနစဥ္အတြင္းဆဲလ္တာဗီဂိုလ္ကတန္ျပန္တိုက္စစ္ဆင္လာခဲ့ၿပီးဒိုင္လူႀကီးကဝီစီမႈတ္ခဲ့ပါတယ္။
ဆြာရက္ဇ္ဟာျပန္ထကာဒိုင္လူႀကီးထံသို႔သြားခဲ့ေပမယ့္ကြင္းထဲတြင္ျပန္ဆက္ထိုင္ခ်ခဲ့ပါတယ္။ ထိုစဥ္အတြင္းမယ္လိုႏွင့္ဟာမိုဆိုတို႔ရန္ျဖစ္ခဲ့ၿပီးႏွစ္ဖက္ကစားသမားတို႔ဝင္ေရာက္ေျဖဖ်န္မႈျပဳလုပ္ခဲ့ရပါတယ္။
ဒိုင္လူႀကီးဟာမယ္လိုႏွင့္ဟာမိုဆိုတို႔ႏွစ္ဦးလုံးကိုအနီကတ္ျပသခဲ့ပါတယ္။ဒိုင္လူႀကီးဟာယင္းပြဲစဥ္တြင္အဝါကတ္၈ကတ္အထိလည္းသုံးခဲ့ရပါေသးတယ္။ ဆီႁမြန္နီရဲ႕အက္သလက္တီကိုဟာဩဂုတ္လ၂၂ရက္ေန႔မွာအယ္လ္ခ်ီကိုဧည့္ခံကစားရပါမယ္။