ဆွာရက်ဇ်နဲ့လမ်းပေါ်မှာ ဆုံခဲ့ချိန်မှာ လက်သီးနဲ့ထိုးဖို့စဉ်းစားခဲ့ဖူးတယ်လို့ အီဗရာ ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နာမည်ကျော်နောက်ခံလူဟောင်း အီဗရာက ဘောလုံးသမားဘဝတုန်းက သူနဲ့ပြဿနာတက်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်းဆွာရက်ဇ်ကို လမ်းပေါ်မှာဆုံခဲ့ချိန်တုန်းက လက်သီးနဲ့ဆွဲထိုးဖို့စဉ်းစားခဲ့ပြီး

ဆွာရက်ဇ်ရဲ့မိသားစုတွေရှိနေတာကြောင့် စိတ်လျှော့ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

၂၀၁၁၊ အောက်တိုဘာတုန်းက လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဆွာရက်ဇ်က အီဗရာကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့စော်ကားပြောဆိုခဲ့လို့

သူတို့နှစ်ယောက်ကြားပြဿနာတက်ခဲ့ပြီး အဲဒီလုပ်ရပ်အတွက် FA က ဆွာရက်ဇ်ကို (၈)ပွဲပယ်ပြစ်ဒဏ်နဲ့ဒဏ်ငွေပေါင်(၄၀,၀၀၀)ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂၊ ဖေဖော်ဝါရီအတွင်း လီဗာပူးလ်နဲ့ယူနိုက်တက်တို့ပြန်လည်ဆုံတွေ့ချိန်မှာ ပွဲမတိုင်ခင် ဆွာရက်ဇ်က အီဗရာနဲ့လက်ဆွဲနှုတ်ဆက်ဖို့ငြင်းဆန်ခဲ့လို့ ပြဿနာထပ်တက်ခဲ့ကြပါသေးတယ်။

အဲဒီလိုပြဿနာတက်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာ အီဗရာဟာ အပြင်သွားရင်း ဆွာရက်ဇ်ကို မြင်တွေ့လိုက်ချိန်မှာ လက်သီးနဲ့ပြေးထိုးဖို့စဉ်းစားခဲ့ပေမယ့် ဆွာရက်ဇ်အမျိုးသမီးနဲ့ကလေးတွေရှိနေလို့ စိတ်လျှော့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အီဗရာက “တစ်နေ့မှာ ကျွန်တော်က ညီနှစ်ယောက်နဲ့အတူ မန်ချက်စတာမြို့က

Deansgate လမ်းမကြီးပေါ်မှာ လျှောက်သွားနေတုန်း ညီတစ်ယောက်က ‘ဟာ..ဟိုမှာ လူးဝစ်ဇ်ဆွာရက်ဇ်ပါလား’လို့ ကျွန်တော့်ကို လှမ်းပြောလိုက်ပါတယ်။

ဆွာရက်ဇ်ကို ကျွန်တော်မြင်လိုက်ချိန်မှာ ‘ဒီတစ်ခါတော့တွေ့ကြပြီပေ့ါကွာ’လို့ စိတ်ထဲမှာတွေးလိုက်မိပြီး သူ့ကို ‘ကျုံး’ဖို့ အသင့်ပြင်ထားခဲ့ပါတယ်။

ဒါပေမဲ့ ဆွာရက်ဇ်နောက်မှာ ကလေးတွေနဲ့ သူ့ဇနီးတို့ပါလာတာကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော် ချက်ချင်းကျောခိုင်းလိုက်ပြီး ‘ဒီကောင့်ကို ဖြုတ်ချင်ရင်တောင် သူ့မိသားစုရှေ့မှာတော့ မလုပ်သင့်ဘူး’လို့ တွေးမိခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်ကို မဖြုတ်လိုက်ရလို့ နောင်တမရဘဲ တကယ်လို့ အချင်းချင်းကိုင်ကြရင်လည်း ရန်ပွဲကတော်တော်လေးဆိုးရွားသွားမှာပါ။

ဒါပေမဲ့ အဲဒီနေ့မှာ ကျွန်တော်သူ့ကို ဘာမှမလုပ်ခဲ့ပါဘူး”လို့ CEO မီဒီယာနဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ အီဗရာနဲ့ဆွာရက်ဇ်တို့ဟာ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ဘာစီလိုနာတို့ဆုံတွေ့ခဲ့တဲ့ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ ဆွာရက်ဇ်ကို ခွင့်လွှတ်လိုက်ပြီလို့အီဗရာက ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆြာရက္ဇ္နဲ႔လမ္းေပၚမွာ ဆုံခဲ့ခ်ိန္မွာ လက္သီးနဲ႔ထိုးဖို႔စဥ္းစားခဲ့ဖူးတယ္လို႔ အီဗရာ ဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ေနာက္ခံလူေဟာင္း အီဗရာက ေဘာလုံးသမားဘဝတုန္းက သူနဲ႔ျပႆနာတက္ခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉးေဟာင္းဆြာရက္ဇ္ကို လမ္းေပၚမွာဆုံခဲ့ခ်ိန္တုန္းက လက္သီးနဲ႔ဆြဲထိုးဖို႔စဥ္းစားခဲ့ၿပီး ဆြာရက္ဇ္ရဲ႕မိသားစုေတြရွိေနတာေၾကာင့္ စိတ္ေလွ်ာ့ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

၂၀၁၁၊ ေအာက္တိုဘာတုန္းက လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဆြာရက္ဇ္က အီဗရာကို လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းေတြနဲ႔ေစာ္ကားေျပာဆိုခဲ့လို႔ သူတို႔ႏွစ္ေယာက္ၾကားျပႆနာတက္ခဲ့ၿပီး အဲဒီလုပ္ရပ္အတြက္ FA က ဆြာရက္ဇ္ကို (၈)ပြဲပယ္ျပစ္ဒဏ္နဲ႔ဒဏ္ေငြေပါင္(၄၀,၀၀၀)ခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၂၊ ေဖေဖာ္ဝါရီအတြင္း လီဗာပူးလ္နဲ႔ယူႏိုက္တက္တို႔ျပန္လည္ဆုံေတြ႕ခ်ိန္မွာ ပြဲမတိုင္ခင္ ဆြာရက္ဇ္က အီဗရာနဲ႔လက္ဆြဲႏႈတ္ဆက္ဖို႔ျငင္းဆန္ခဲ့လို႔ ျပႆနာထပ္တက္ခဲ့ၾကပါေသးတယ္။

အဲဒီလိုျပႆနာတက္ခဲ့ၿပီးတဲ့ေနာက္ သိပ္မၾကာခင္မွာ အီဗရာဟာ အျပင္သြားရင္း ဆြာရက္ဇ္ကို ျမင္ေတြ႕လိုက္ခ်ိန္မွာ လက္သီးနဲ႔ေျပးထိုးဖို႔စဥ္းစားခဲ့ေပမယ့္ ဆြာရက္ဇ္အမ်ိဳးသမီးနဲ႔ကေလးေတြရွိေနလို႔ စိတ္ေလွ်ာ့ခဲ့ရတာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ အီဗရာက “တစ္ေန႔မွာ ကြၽန္ေတာ္က ညီႏွစ္ေယာက္နဲ႔အတူ မန္ခ်က္စတာၿမိဳ႕က Deansgate လမ္းမႀကီးေပၚမွာ ေလွ်ာက္သြားေနတုန္း ညီတစ္ေယာက္က ‘ဟာ..ဟိုမွာ လူးဝစ္ဇ္ဆြာရက္ဇ္ပါလား’လို႔ ကြၽန္ေတာ့္ကို လွမ္းေျပာလိုက္ပါတယ္။ ဆြာရက္ဇ္ကို ကြၽန္ေတာ္ျမင္လိုက္ခ်ိန္မွာ ‘ဒီတစ္ခါေတာ့ေတြ႕ၾကၿပီေပ့ါကြာ’လို႔ စိတ္ထဲမွာေတြးလိုက္မိၿပီး သူ႔ကို ‘က်ဳံး’ဖို႔ အသင့္ျပင္ထားခဲ့ပါတယ္။

ဒါေပမဲ့ ဆြာရက္ဇ္ေနာက္မွာ ကေလးေတြနဲ႔ သူ႔ဇနီးတို႔ပါလာတာကို ေတြ႕လိုက္ရတဲ့အတြက္ ကြၽန္ေတာ္ ခ်က္ခ်င္းေက်ာခိုင္းလိုက္ၿပီး ‘ဒီေကာင့္ကို ျဖဳတ္ခ်င္ရင္ေတာင္ သူ႔မိသားစုေရွ႕မွာေတာ့ မလုပ္သင့္ဘူး’လို႔ ေတြးမိခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္ကို မျဖဳတ္လိုက္ရလို႔ ေနာင္တမရဘဲ တကယ္လို႔ အခ်င္းခ်င္းကိုင္ၾကရင္လည္း ရန္ပြဲကေတာ္ေတာ္ေလးဆိုး႐ြားသြားမွာပါ။ ဒါေပမဲ့ အဲဒီေန႔မွာ ကြၽန္ေတာ္သူ႔ကို ဘာမွမလုပ္ခဲ့ပါဘူး”လို႔ CEO မီဒီယာနဲ႔အင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္။

ဒါေပမဲ့ အီဗရာနဲ႔ဆြာရက္ဇ္တို႔ဟာ ၂၀၁၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ဂ်ဴဗင္တပ္စ္နဲ႔ဘာစီလိုနာတို႔ဆုံေတြ႕ခဲ့တဲ့ပြဲမတိုင္ခင္ လက္ဆြဲႏႈတ္ဆက္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ဆြာရက္ဇ္ကို ခြင့္လႊတ္လိုက္ၿပီလို႔အီဗရာက ဆိုခဲ့ပါတယ္။