ဆွာရက်ဇ်နဲ့တွဲဖက်မှုအကြောင်းမေးတော့ မိုက်ကန်းကန်းဆန်တဲ့ ကော်စတာရဲ့အဖြေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဗဟိုတိုက်စစ်နေရာမှာကစားတဲ့ နာမည်ကြီးဘောလုံးဗီလိန်နှစ်ယောက်ဟာ အက်သလက်တီကိုမှာ ဆုံစည်းမိကြတာဖြစ်ပါတယ်။ ဆွာရက်ဇ်နဲ့ဒီယေဂိုကော်စတာတို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေည ဂရန်နာဒါနဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြတယ်ဆိုပေမယ့် နှစ်ယောက်အတူတူတော့မဟုတ်ဘဲ မိနစ် ၇၀ အရောက် ကော်စတာရဲ့နေရာမှာ ဆွာရက်ဇ်က လူစားဝင်ကစားခဲ့တာပါ။

ကော်စတာက အဖွင့်ဂိုးသွင်းခဲ့သလို ဆွာရက်ဇ်ကလည်း သူ့ရဲ့အက်သလက်တီကိုပွဲဦးထွက်မှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ၃၀ ကျော်အရွယ်တွေဆိုပေမယ့် အတိတ်က အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေရှိခဲ့ကြတဲ့နှစ်ယောက်စလုံးဟာ ဂိုးသွင်းခြေစွမ်းပြနိုင်နေဆဲပါပဲ။

ဂရန်နာဒါနဲ့ပွဲအပြီးမှာ ကစားဖော်သစ်ဆွာရက်ဇ်နဲ့ တွဲဖက်ကစားရမယ့်အကြောင်းမေးတော့ ဒီယေဂိုကော်စတာက”သိပ်ကောင်းတာပေါ့။ တစ်ယောက်က ကိုက်မယ်။ ကျန်တစ်ယောက်က ကန်ကျောက်မယ်။ ဆွာရက်ဇ်ကိုရတာ ကျွန်တော်တို့ အရမ်းကံကောင်းပါတယ်။ ဘာစီလိုနာက သူ့ကိုထွက်ခွင့်ပြုတဲ့အပေါ် နားမလည်နိုင်ဘူး။ သူဟာ ဂိုးတွေအများကြီးနဲ့ ကျွန်တော်တို့ကို ကူညီပေးမှာပါ”လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီနေရာမှာ ကော်စတာပြောတဲ့ တစ်ယောက်က ကိုက်မယ်ဆိုတာဟာ အရင်က ဆွာရက်ဇ်ရဲ့အတိတ်အကြောင်းကို ရည်ညွန်းတာပါ။ ဆွာရက်ဇ်ဟာ သူ့ကစားသမားဘဝမှာ ပြိုင်ဘက်ကို ပါးစပ်နဲ့ကိုက်မှု ၃ ကြိမ်တိုင်တိုင်ရှိခဲ့ပါတယ်။

ပထမတစ်ကြိမ်က အေဂျက်မှာကစားစဉ် ၂၀၁၀ ကဖြစ်ပြီး ပီအက်စ်ဗီကစားသမားရဲ့ပခုံးကိုကိုက်ခဲ့လို့ ၁၀ ပွဲပယ်ခံရသလို ဒုတိယအကြိမ်က လီဗာပူးမှာ ကစားတဲ့ ၂၀၁၃ ကဖြစ်ပြီး ချဲလ်ဆီးနောက်ခံလူအိုင်ဗန်နိုဗစ်ရဲ့လက်မောင်းကို ကိုက်ခဲ့လို့ ၁၀ ပွဲပယ်ခံရကာ အကျော်ကြားဆုံးဖြစ်တဲ့နောက်ဆုံးတစ်ခုကတော့ ဥရုဂွေးနဲ့အီတလီတို့ဆုံခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဖြစ်ပြီး ချီရယ်လီနီကို ပါးစပ်နဲ့ကိုက်ခဲ့တာပါ။ ကော်စတာကလည်း ကွင်းထဲမှာဆိုရင် ပြသနာရှာဖို့ဝန်မလေးတဲ့ ဘောလုံးလူမိုက်တစ်ယောက်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဆြာရက္ဇ္နဲ႔တြဲဖက္မႈအေၾကာင္းေမးေတာ့ မိုက္ကန္းကန္းဆန္တဲ့ ေကာ္စတာရဲ႕အေျဖ

ဗဟိုတိုက္စစ္ေနရာမွာကစားတဲ့ နာမည္ႀကီးေဘာလုံးဗီလိန္ႏွစ္ေယာက္ဟာ အက္သလက္တီကိုမွာ ဆုံစည္းမိၾကတာျဖစ္ပါတယ္။ ဆြာရက္ဇ္နဲ႔ဒီေယဂိုေကာ္စတာတုိ႔ဟာ ၿပီးခဲ့တဲ့တနဂၤေႏြည ဂရန္နာဒါနဲ႔ပြဲမွာ ပါ၀င္ကစားခဲ့ၾကတယ္ဆိုေပမယ့္ ႏွစ္ေယာက္အတူတူေတာ့မဟုတ္ဘဲ မိနစ္ ၇၀ အေရာက္ ေကာ္စတာရဲ႕ေနရာမွာ ဆြာရက္ဇ္က လူစား၀င္ကစားခဲ့တာပါ။

ေကာ္စတာက အဖြင့္ဂိုးသြင္းခဲ့သလုိ ဆြာရက္ဇ္ကလည္း သူ႔ရဲ႕အက္သလက္တီကိုပြဲဦးထြက္မွာ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ ၃၀ ေက်ာ္အရြယ္ေတြဆုိေပမယ့္ အတိတ္က အျငင္းပြားဖြယ္ရာျဖစ္ရပ္ေတြရွိခဲ့ၾကတဲ့ႏွစ္ေယာက္စလံုးဟာ ဂိုးသြင္းေျခစြမ္းျပႏိုင္ေနဆဲပါပဲ။

ဂရန္နာဒါနဲ႔ပြဲအၿပီးမွာ ကစားေဖာ္သစ္ဆြာရက္ဇ္နဲ႔ တြဲဖက္ကစားရမယ့္အေၾကာင္းေမးေတာ့ ဒီေယဂိုေကာ္စတာက”သိပ္ေကာင္းတာေပါ့။ တစ္ေယာက္က ကိုက္မယ္။ က်န္တစ္ေယာက္က ကန္ေက်ာက္မယ္။ ဆြာရက္ဇ္ကိုရတာ ကၽြန္ေတာ္တုိ႔ အရမ္းကံေကာင္းပါတယ္။ ဘာစီလုိနာက သူ႔ကိုထြက္ခြင့္ျပဳတဲ့အေပၚ နားမလည္ႏိုင္ဘူး။ သူဟာ ဂိုးေတြအမ်ားႀကီးနဲ႔ ကၽြန္ေတာ္တုိ႔ကို ကူညီေပးမွာပါ”လို႔ ျပန္ေျဖခဲ့ပါတယ္။

ဒီေနရာမွာ ေကာ္စတာေျပာတဲ့ တစ္ေယာက္က ကုိက္မယ္ဆုိတာဟာ အရင္က ဆြာရက္ဇ္ရဲ႕အတိတ္အေၾကာင္းကုိ ရည္ညြန္းတာပါ။ ဆြာရက္ဇ္ဟာ သူ႔ကစားသမားဘ၀မွာ ၿပိဳင္ဘက္ကုိ ပါးစပ္နဲ႔ကိုက္မႈ ၃ ႀကိမ္တိုင္တိုင္ရွိခဲ့ပါတယ္။

ပထမတစ္ႀကိမ္က ေအဂ်က္မွာကစားစဥ္ ၂၀၁၀ ကျဖစ္ၿပီး ပီအက္စ္ဗီကစားသမားရဲ႕ပခုံးကိုကိုက္ခဲ့လို႔ ၁၀ ပြဲပယ္ခံရသလို ဒုတိယအႀကိမ္က လီဗာပူးမွာ ကစားတဲ့ ၂၀၁၃ ကျဖစ္ၿပီး ခ်ဲလ္ဆီးေနာက္ခံလူအုိင္ဗန္ႏိုဗစ္ရဲ႕လက္ေမာင္းကို ကိုက္ခဲ့လုိ႔ ၁၀ ပြဲပယ္ခံရကာ အေက်ာ္ၾကားဆုံးျဖစ္္တဲ့ေနာက္ဆုံးတစ္ခုကေတာ့ ဥရုေဂြးနဲ႔အီတလီတို႔ဆုံခဲ့တဲ့ ၂၀၁၄ ကမာၻ႔ဖလားမွာ ျဖစ္ၿပီး ခ်ီရယ္လီနီကို ပါးစပ္နဲ႔ကိုက္ခဲ့တာပါ။ ေကာ္စတာကလည္း ကြင္းထဲမွာဆုိရင္ ျပသနာရွာဖို႔၀န္မေလးတဲ့ ေဘာလုံးလူမုိက္တစ္ေယာက္ပါပဲ။