ဆွာရက်ဇ်ထွက်ခွာရမှုမှာ ဘာစီလိုနာအပေါ် မက်ဆီရဲ့ဒေါသ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မက်ဆီဟာ သူ့အသင်းဘာစီလိုနာအပေါ် နောက်ထပ်တစ်ကြိမ်ဝေဖန်ပြောဆိုမှုပြုလုပ်လိုက်ပြီး ဒီတစ်ကြိမ်တော့ သူ့ရဲ့ကစားဖော်ဆွာရက်ဇ်ရဲ့အပြောင်းအရွှေ့မှာ ကလပ်ရဲ့ကိုင်တွယ်ပုံအတွက် ဖြစ်ပါတယ်။ အသင်းမှာ မက်ဆီရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ တိုက်စစ်မှုးဆွာရက်ဇ်ဟာ လာလီဂါပြိုင်ဘက်အက်သလက်တီကိုဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အဲဒီဥရုဂွေးသားဟာ အက်သလက်တီကိုကိုမပြောင်းခင် နှုတ်ဆက်သတင်းစာရှင်းလင်းပွဲလုပ်တုန်းကလည်း မျက်ရည်စက်လက်နဲ့ဖြစ်ခဲ့ပါတယ်။

အခုလည်း မက်ဆီက ဆိုရှယ်မီဒီယာမှာရေးတဲ့ ဆွာရက်ဇ်အတွက် နှုတ်ဆက်စာမှာ ဘာစီလိုနာကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ထားပါတယ်။

စာချုပ်သက်တမ်းကုန်မယ့် ရာသီကုန်အထိ ဆက်နေမှာ ဖြစ်ပေမယ့်လည်း မက်ဆီဟာ ဘာစီလိုနာမှာ လုံးလုံးလျားလျားမပျော်ရွှင်တော့ဘူးဆိုတာ သိသာထင်ရှားလွန်းပါတယ်။ သူမပျော်ရွှင်ရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုကလည်း ကွင်းတွင်းကွင်းပြင်အတွဲညီခဲ့တဲ့ တိုက်စစ်ကစားဖော်ဆွာရက်ဇ်ကို စာချုပ်မပြည့္ခင်မှာပဲ ကန်ထုတ်ခဲ့လို့ပါ။

ဒါကြောင့်လည်း မက်ဆီက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ သူနဲ့ဆွာရက်ဇ်တို့ရဲ့ပုံတွေနဲ့အတူ အခုလိုလည်း ရေးသားခဲ့ပါတယ်။ ”အသင်းသမိုင်းတစ်လျှောက် အရေးကြီးဆုံးကစားသမားတွေထဲက တစ်ယောက်၊ အသင်းလိုက်ရော တစ်ဦးချင်းအနေနဲ့ပါ အရေးကြီးတဲ့အရာတွေအောင်မြင်ရရှိခဲ့တဲ့ မင်းလိုလူအတွက် ကောင်းမွန်တဲ့ထွက်ခွာရမှုတစ်ခုနဲ့ ထိုက်တန်ပါတယ်။ သူတို့လုပ်ခဲ့တဲ့ကန်ထုတ်ခံရမှုမျိုး မရသင့်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုအခြေအနေမှာ ဘယ်ဟာကမှ ငါ့ကို မအံ့အားသင့်စေတော့တာ အမှန်တရားပါပဲ”လု့ိ မက်ဆီက Instagram မှာ ရေးခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဆြာရက္ဇ္ထြက္ခြာရမႈမွာ ဘာစီလုိနာအေပၚ မက္ဆီရဲ႕ေဒါသ

မက္ဆီဟာ သူ႔အသင္းဘာစီလုိနာအေပၚ ေနာက္ထပ္တစ္ႀကိမ္ေ၀ဖန္ေျပာဆုိမႈျပဳလုပ္လိုက္ၿပီး ဒီတစ္ႀကိမ္ေတာ့ သူ႔ရဲ႕ကစားေဖာ္ဆြာရက္ဇ္ရဲ႕အေျပာင္းအေရႊ႕မွာ ကလပ္ရဲ႕ကုိင္တြယ္ပုံအတြက္ ျဖစ္ပါတယ္။ အသင္းမွာ မက္ဆီရဲ႕အခင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ တုိက္စစ္မႈးဆြာရက္ဇ္ဟာ လာလီဂါၿပိဳင္ဘက္အက္သလက္တီကိုဆီ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ပါတယ္။

အဲဒီဥရုေဂြးသားဟာ အက္သလက္တီကိုကိုမေျပာင္းခင္ ႏႈတ္ဆက္သတင္းစာရွင္းလင္းပြဲလုပ္တုန္းကလည္း မ်က္ရည္စက္လက္နဲ႔ျဖစ္ခဲ့ပါတယ္။ အခုလည္း မက္ဆီက ဆုိရွယ္မီဒီယာမွာေရးတဲ့ ဆြာရက္ဇ္အတြက္ ႏႈတ္ဆက္စာမွာ ဘာစီလုိနာကို ျပစ္ျပစ္ႏွစ္ႏွစ္ေ၀ဖန္ထားပါတယ္။

စာခ်ဳပ္သက္တမ္းကုန္မယ့္ ရာသီကုန္အထိ ဆက္ေနမွာ ျဖစ္ေပမယ့္လည္း မက္ဆီဟာ ဘာစီလုိနာမွာ လုံးလုံးလ်ားလ်ားမေပ်ာ္ရႊင္ေတာ့ဘူးဆိုတာ သိသာထင္ရွားလြန္းပါတယ္။ သူမေပ်ာ္ရႊင္ရတဲ့အေၾကာင္းအရင္းေတြထဲကတစ္ခုကလည္း ကြင္းတြင္းကြင္းျပင္အတြဲညီခဲ့တဲ့ တိုက္စစ္ကစားေဖာ္ဆြာရက္ဇ္ကို စာခ်ဳပ္မျပည့္ခင္မွာပဲ ကန္ထုတ္ခဲ့လို႔ပါ။

ဒါေၾကာင့္လည္း မက္ဆီက ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ သူနဲ႔ဆြာရက္ဇ္တုိ႔ရဲ႕ပုံေတြနဲ႔အတူ အခုလိုလည္း ေရးသားခဲ့ပါတယ္။ ”အသင္းသမိုင္းတစ္ေလွ်ာက္ အေရးႀကီးဆုံးကစားသမားေတြထဲက တစ္ေယာက္၊ အသင္းလုိက္ေရာ တစ္ဦးခ်င္းအေနနဲ႔ပါ အေရးႀကီးတဲ့အရာေတြေအာင္ျမင္ရရွိခဲ့တဲ့ မင္းလုိလူအတြက္ ေကာင္းမြန္တဲ့ထြက္ခြာရမႈတစ္ခုနဲ႔ ထိုက္တန္ပါတယ္။ သူတုိ႔လုပ္ခဲ့တဲ့ကန္ထုတ္ခံရမႈမ်ိဳး မရသင့္ပါဘူး။ ဒါေပမဲ့လည္း ဒီလုိအေျခအေနမွာ ဘယ္ဟာကမွ ငါ့ကို မအံ့အားသင့္ေစေတာ့တာ အမွန္တရားပါပဲ”လု႔ိ မက္ဆီက Instagram မွာ ေရးခဲ့တာပါ။