ဆွန်ဟောင်မင်ရဲ့ဒဏ်ရာကြောင့် တိုက်စစ်ပြသနာပိုကြီးသွားတဲ့ စပါး

photo-daily mail

photo-reuters

အက်စ်တွန်ဗီလာကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်က လက်ကျိုးဒဏ်ရာပြသနာကြောင့် စပါးတိုက်စစ်မှုးဆွန်ဟောင်မင်ဟာ လနဲ့ချီအနားယူရနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် အဲဒီတောင်ကိုရီးယားလက်ရွေးစင်ဟာ ဒီအပတ်ထဲမှာပဲ အဲဒီဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူမှာပါ။ ဒါကြောင့် သူဟာ ဗုဒ္ဓဟူးညကစားမယ့် လစ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်အပြင် လာမယ့်စနေကစားမယ့် ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကိုလည်း သေချာပေါက်လွဲချော်မှာ ဖြစ်ပါတယ်။

photo-reuters

ဆွန်ဟောင်မင်ရဲ့ဒဏ်ရာဟာ စပါးရဲ့တိုက်စစ်ပြသနာကို ပိုကြီးသွားစေခဲ့ပါတယ်။ နဂိုကတည်းကမှ စပါးဟာ အဓိကတိုက်စစ်မှုးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းမပါဘဲနဲ့ ဖြတ်သန်းနေရတာပါ။ ကာလရှည်နားနေရတဲ့ဟယ်ရီကိန်းဟာ လာမယ့်ဧပြီလရောက်မှ ပြန်လည်ကစားနိုင်ဖွယ်ရှိနေပြီး အခုလည်း ဆွန်ဟောင်မင်ဟာ ခွဲစိတ်မှုကြောင့် ၂ လလောက်နားရနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။

photo-reuters

လက်ရှိမှာ ဆွန်ဟောင်မင်ဟာ စပါးရဲ့အရေးကြီးဆုံးကစားသမားဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ဗီလာနဲ့ပွဲတုန်းက ၃-၂ နဲ့နိုင်ရာမှာ စပါးအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီး အဲဒီထဲမှာ နောက်ဆုံးမိနစ်အနိုင်ဂိုးလည်း ပါဝင်ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအတွက် သူ့ရဲ့နောက်ဆုံး ၅ ပွဲစလုံးမှာ ဂိုးသွင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ ဆွန်ဟောင်မင်လည်း မပါနိုင်တော့တဲ့အတွက် စပါးတိုက်စစ်မှာ ရွေးချယ်စရာဆိုလု့ိ ဘရာဇီးသားလူးကပ်မိုရာ၊ ဇန်နဝါရီကမှ ရောက်လာတဲ့ ဘက်ဝင်းနဲ့ ၁၈ နှစ်အရွယ်အိုင်ယာလန်လက်ရွေးစင်ထရွိုင်ပါရော့တို့ ၃ ယောက်ပဲ ရှိပါတော့တယ်။

[Zawgyi]

ဆြန္ေဟာင္မင္ရဲ႕ဒဏ္ရာေၾကာင့္ တိုက္စစ္ျပသနာပိုႀကီးသြားတဲ့ စပါး

အက္စ္တြန္ဗီလာကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္က လက္က်ိဳးဒဏ္ရာျပသနာေၾကာင့္ စပါးတုိက္စစ္မႈးဆြန္ေဟာင္မင္ဟာ လနဲ႔ခ်ီအနားယူရႏိုင္တယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ အဲဒီေတာင္ကိုရီးယားလက္ေရြးစင္ဟာ ဒီအပတ္ထဲမွာပဲ အဲဒီဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူမွာပါ။ ဒါေၾကာင့္ သူဟာ ဗုဒၶဟူးညကစားမယ့္ လစ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္အျပင္ လာမယ့္စေနကစားမယ့္ ခ်ဲလ္ဆီးနဲ႔ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္ကိုလည္း ေသခ်ာေပါက္လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ရဲ႕ဒဏ္ရာဟာ စပါးရဲ႕တိုက္စစ္ျပသနာကို ပိုႀကီးသြားေစခဲ့ပါတယ္။ နဂိုကတည္းကမွ စပါးဟာ အဓိကတိုက္စစ္မႈးျဖစ္တဲ့ အသင္းေခါင္းေဆာင္ဟယ္ရီကိန္းမပါဘဲနဲ႔ ျဖတ္သန္းေနရတာပါ။ ကာလရွည္နားေနရတဲ့ဟယ္ရီကိန္းဟာ လာမယ့္ဧၿပီလေရာက္မွ ျပန္လည္ကစားႏိုင္ဖြယ္ရွိေနၿပီး အခုလည္း ဆြန္ေဟာင္မင္ဟာ ခြဲစိတ္မႈေၾကာင့္ ၂ လေလာက္နားရႏိုင္တဲ့အေျခအေနမွာ ရွိပါတယ္။

လက္ရွိမွာ ဆြန္ေဟာင္မင္ဟာ စပါးရဲ႕အေရးႀကီးဆုံးကစားသမားျဖစ္ေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့ဗီလာနဲ႔ပြဲတုန္းက ၃-၂ နဲ႔ႏုိင္ရာမွာ စပါးအတြက္ ၂ ဂိုးသြင္းယူေပးခဲ့ၿပီး အဲဒီထဲမွာ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးလည္း ပါ၀င္ပါတယ္။ ဆြန္ေဟာင္မင္ဟာ စပါးအတြက္ သူ႔ရဲ႕ေနာက္ဆုံး ၅ ပြဲစလုံးမွာ ဂိုးသြင္းေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အခုေတာ့ ဆြန္ေဟာင္မင္လည္း မပါႏိုင္ေတာ့တဲ့အတြက္ စပါးတိုက္စစ္မွာ ေရြးခ်ယ္စရာဆိုလု႔ိ ဘရာဇီးသားလူးကပ္မိုရာ၊ ဇန္န၀ါရီကမွ ေရာက္လာတဲ့ ဘက္၀င္းနဲ႔ ၁၈ ႏွစ္အရြယ္အိုင္ယာလန္လက္ေရြးစင္ထရြိဳင္ပါေရာ့တို႔ ၃ ေယာက္ပဲ ရွိပါေတာ့တယ္။