

စပါးက ဘန်လေကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ဆွန်ဟောင်မင်သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးကြောင့် ပရိသတ်တွေ အရူးမူးဖြစ်ခဲ့ပြီး အွန်လိုင်းပေါ်မှာလည်း ချီးကျူ းမှုတွေနဲ့ ပြည့်လျှံခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာစပါးဟာ ၅-၀ နဲ့အပြတ်အသတ်အနိုင်ရခဲ့ပြီး ကြားရက်မှာမန်ယူကိုရှုံးခဲ့တာကို ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ ပွဲချိန်မိနစ် ၃၀ လောက်မှာ ဘန်လေဂိုးပေါက်နဲ့ ကိုက် ၉၀ အကွာလောက်ကနေ ဗာတွန်ဂန်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဘောလုံးကိုဆွဲပြေးပြီး ဘန်လေတစ်သင်းလုံးနီးပါးကို ကျော်ဖြတ်ကာ အသင်းအတွက် တတိယအနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ သူ့ရဲ့တစ်ကိုယ်တော်အားထုတ်မှုဟာ အရမ်းကိုအံအားသင့်စရာကောင်းခဲ့လို့ ပရိသတ်တွေအရူးအမူးဖြစ်ခဲ့တာပါ။

အွန်လိုင်းပေါ်က ချီးကျူ းမှုတွေထဲမှာ မက်ဆီလိုစွမ်းဆောင်ရည်မျိုးနဲ့ဂိုး၊ နောက် ၁၀ နှစ်အထိတသသ ပြန်ကြည့်နေရမယ့် အံအားသင့်စရာကောင်းတဲ့ဂိုး၊ အခမ်းနားဆုံးသောဂိုးတွေထဲက တစ်ခုကိုသွင်းယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင် အစရှိသဖြင့်ရေးသားဖော်ပြခဲ့ကြပါတယ်။ အခုရလဒ်ဟာ မော်ရင်ဟိုအတွက်လည်း ၂၀၁၅ ဇန်နဝါရီနောက်ပိုင်းမှာ သူကိုင်တွယ်တဲ့အသင်းက ပရီးမီးယားလိဂ်မှာ ပထမဆုံး ၅ ဂိုးသွင်းယူနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဂိုးသွင်းခဲ့တဲ့ ဆွန်ဟောင်မင်က သူဟာဘောလုံးကိုဆွဲမပြေးခင်မှာ ကစားဖော် အာလီကိုပေးဖို့ကြည့်ခဲ့သေးပေမယ့် မတွေ့ခဲ့လို့ ဆွဲပြေးပြီးဂိုးသွင်းနိုင်ခဲ့တာလို့ ပွဲအပြီးမှာပြောကြားသွားပါတယ်။ သူက”ကျွန်တော်ဘောလုံးရတော့ အာလီကိုပေးဖို့ကြည့်သေးပေမယ့် သူ့ကိုရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ဆက်ပြေးသွားပြီး ဂိုးသွင်းဖို့အခွင့်အရေးလည်း ရခဲ့တာပါ” လို့ပြောသွားပါတယ်။

ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်းကလည်း “ဒီတစ်ပွဲလုံးကို ဆွန်က ဖမ်းစားသွားတာဗျ။ မယုံနိုင်စရာကောင်းတဲ့ဂိုး၊ကြီးကျယ်ခမ်းနားလှတဲ့ တန်ပြန်တိုက်စစ်၊။ သူဟာအသင်းအတွက် အရမ်းကိုကြိုးစားတဲ့သူဖြစ်ပြီး အမြဲတမ်းအကောင်းဆုံးစွမ်းဆောင်ပေးတဲ့သူပါ” လို့ပြောသွားပါတယ်။

Zawgyi
ဆြန္ေဟာင္မင္ရဲ႕တစ္ကိုယ္ေတာ္သြင္းဂိုးကို ပရိသတ္ေတြအရူးအမူးျဖစ္ခဲ့
စပါးက ဘန္ေလကို ၅-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာ ဆြန္ေဟာင္မင္သြင္းယူခဲ့တဲ႔ တစ္ကိုယ္ေတာ္သြင္းဂိုးေၾကာင့္ ပရိသတ္ေတြ အရူးမူးျဖစ္ခဲ့ၿပီး အြန္လိုင္းေပၚမွာလည္း ခ်ီးက်ဴ းမႈေတြနဲ႔ ျပည့္လွ်ံခဲ့တယ္လို႔ သိရပါတယ္။ ဒီပြဲမွာစပါးဟာ ၅-၀ နဲ႔အျပတ္အသတ္အႏိုင္ရခဲ့ၿပီး ၾကားရက္မွာမန္ယူကိုရႈံးခဲ့တာကို ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့ပါတယ္။
ဆြန္ေဟာင္မင္ဟာ ပြဲခ်ိန္မိနစ္ ၃၀ ေလာက္မွာ ဘန္ေလဂိုးေပါက္နဲ႔ ကိုက္ ၉၀ အကြာေလာက္ကေန ဗာတြန္ဂန္ရဲ႕ေပးပို႔မႈကေနတစ္ဆင့္ ေဘာလုံးကိုဆြဲေျပးၿပီး ဘန္ေလတစ္သင္းလုံးနီးပါးကို ေက်ာ္ျဖတ္ကာ အသင္းအတြက္ တတိယအႏိုင္ဂိုးသြင္းယူေပးခဲ့တာပါ။ သူ႔ရဲ႕တစ္ကိုယ္ေတာ္အားထုတ္မႈဟာ အရမး္ကိုအံအားသင့္စရာေကာင္းခဲ့လို႔ ပရိသတ္ေတြအရူးအမူးျဖစ္ခဲ့တာပါ။
အြန္လိုင္းေပၚက ခ်ီးက်ဴ းမႈေတြထဲမွာ မက္ဆီလိုစြမ္းေဆာင္ရည္မ်ဳိးနဲ႔ဂိုး၊ ေနာက္ ၁၀ နွစ္အထိတသသ ျပန္ၾကည့္ေနရမယ္႔ အံအားသင့္စရာေကာင္းတဲ႔ဂိုး၊ အခမ္းနားဆုံးေသာဂိုးေတြထဲက တစ္ခုကိုသြင္းယူႏိုင္ခဲ့တဲ႔ ဆြန္ေဟာင္မင္ အစရွိသျဖင့္ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ အခုရလဒ္ဟာ ေမာ္ရင္ဟိုအတြက္လည္း ၂၀၁၅ ဇန္န၀ါရီေနာက္ပိုင္းမွာ သူကိုင္တြယ္တဲ႔အသင္းက ပရီးမီးယားလိဂ္မွာ ပထမဆုံး ၅ ဂိုးသြင္းယူႏိုင္မႈလည္း ျဖစ္ခဲ့ပါတယ္။
ဂိုးသြင္းခဲ့တဲ႔ ဆြန္ေဟာင္မင္က သူဟာေဘာလုံးကိုဆြဲမေျပးခင္မွာ ကစားေဖာ္ အာလီကိုေပးဖို႔ၾကည့္ခဲ့ေသးေပမယ္႔ မေတြ႔ခဲ့လို႔ ဆြဲေျပးၿပီးဂိုးသြင္းႏိုင္ခဲ့တာလို႔ ပြဲအၿပီးမွာေျပာၾကားသြားပါတယ္။ သူက”က်ြန္ေတာ္ေဘာလုံးရေတာ႔ အာလီကိုေပးဖို႔ၾကည့္ေသးေပမယ္႔ သူ႔ကိုရွာမေတြ႔ခဲ့ဘူး။ ဒါေၾကာင့္ ဆက္ေျပးသြားၿပီး ဂိုးသြင္းဖို႔အခြင့္အေရးလည္း ရခဲ့တာပါ” လို႔ေျပာသြားပါတယ္။
ဒီပြဲမွာ ၂ ဂိုးသြင္းခဲ့တဲ႔ ဟယ္ရီကိန္းကလည္း “ဒီတစ္ပြဲလုံးကို ဆြန္က ဖမ္းစားသြားတာဗ်။ မယုံႏိုင္စရာေကာင္းတဲ႔ဂိုး၊ႀကီးက်ယ္ခမ္းနားလွတဲ႔ တန္ျပန္တိုက္စစ္၊။ သူဟာအသင္းအတြက္ အရမး္ကိုႀကိဳးစားတဲ႔သူျဖစ္ၿပီး အၿမဲတမ္းအေကာင္းဆုံးစြမ္းေဆာင္ေပးတဲ႔သူပါ” လို႔ေျပာသြားပါတယ္။