ဆွန်ဟောင်မင်ကြောင့် စကားစစ်ထိုးပြန်တဲ့ ဆိုးလ်ရှား နဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ မနေ့ကပွဲမှာ အစပိုင်း အထနှေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်းကို ဦးဆောင်ဂိုးပေးထားရာက နောက်ကနေ သုံးဂိုးအထိ လိုက်လံသွင်းယူပြီး အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်လောက်မှာတော့ ကွင်းလယ်လူ ပေါ့ဘာ ဖန်တီးပေးတဲ့ ဘောလုံးကို ကာဗာနီက စပါးဂိုးသမား လိုရစ်ရဲ့ ပေါင်ကြားကနေ ကန်သွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး အဲဒီဂိုးအတွက် စတင်စဉ်မှာ ယူနိုက်တက်ကစားသမား တော်မီနေးအနေနဲ့ ဆွန်ဟောင်မင်ရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။

တော်မီနေးအနေနဲ့ ဆွန်ရဲ့မျက်နှာကို ထိခဲ့တာအမှန်ဖြစ်ပေမယ့် အဲဒါကို တုံ့ပြန်တဲ့ ဆွန်ရဲ့ အပြုအမူတွေဟာ လိုတာထက် ပိုပြီးလုပ်ဆောင်ခဲ့သလို ဖြစ်တာကြောင့် ယူနိုက်တက်ပရိသတ်တွေအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

အနှေးပြကွက်တွေအရ ဆွန်ကသာ လိုက်ဆွဲခဲ့တာဖြစ်ပြီး တော်မီနေးနဲ့ ထိခိုက်ရာမှာ သာမန်ပုံစံသာဖြစ်ခဲ့ပေမယ့် ဆွန်ကဆေးအဖွဲ့အကူအညီပါရယူသွားခဲ့တာ ဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မနေ့ကပွဲမှာ တော်မီနေးနဲ့ ထိခိုက်ပြီးနောက် လိုအပ်တာထက်ပိုပြီး နာကျင်ပြခဲ့တဲ့ ဆွန်ဟောင်မင်ကို ဝေဖန်ပြောဆိုထားပါတယ်။

ဆိုးလ်ရှားက ပွဲအပြီးမှာ “ကျွန်တော်တို့ ဂိုးဟာ အခိုးမခံခဲ့ရသင့်ပါဘူး။ ကျွန်တော်ရဲ့သားသာ အဲဒီလိုလဲကျနေတယ်ဆိုရင် သူ့သူငယ်ချင်း (၁၀)ယောက်လောက်ခေါ်ပြီး ထူခိုင်းရမှာပဲ။ပြီးတော့ သူ့ကို ကျွန်တော် ဘာမှလည်း ကျွေးတော့မှာ မဟုတ်ပါဘူး” ဆိုပြီး ပြောပါတယ်။

မော်ရင်ဟိုကလည်း “ဆွန်ရဲ့ အဖေက အိုလေလိုမဟုတ်ဘဲ လူကောင်းဖြစ်နေတာ အတော်ကံကောင်းပါတယ်။ ဘာလို့လဲဆိုရင် အဖေဆိုတာ သားသမီးကို ကျွေးမွေးရတယ်လေ။ကလေးတွေက ဘယ်လိုပဲဖြစ်ဖြစ်။အဖေဆိုတာက ခင်ဗျားကလေးတွေကို ကျွေးနိုင်ဖို့ ခိုးရမယ်ဆိုရင်လည်း ခိုးပြီးကျွေးရမှာပဲ”လို့ တုံ့ပြန် ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆြန္ေဟာင္မင္ေၾကာင့္ စကားစစ္ထိုးျပန္တဲ့ ဆိုးလ္ရွား နဲ႔ ေမာ္ရင္ဟို

ယူႏိုက္တက္အသင္းအေနနဲ႔ မေန႔ကပြဲမွာ အစပိုင္း အထေႏွးခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး နည္းျပေဟာင္း ေမာ္ရင္ဟိုရဲ႕ စပါးအသင္းကို ဦးေဆာင္ဂိုးေပးထားရာက ေနာက္ကေန သုံးဂိုးအထိ လိုက္လံသြင္းယူၿပီး အႏိုင္ရလဒ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္ေလာက္မွာေတာ့ ကြင္းလယ္လူ ေပါ့ဘာ ဖန္တီးေပးတဲ့ ေဘာလုံးကို ကာဗာနီက စပါးဂိုးသမား လိုရစ္ရဲ႕ ေပါင္ၾကားကေန ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးက VAR ျပန္ၾကည့္ၿပီး အဲဒီဂိုးအတြက္ စတင္စဥ္မွာ ယူႏိုက္တက္ကစားသမား ေတာ္မီေနးအေနနဲ႔ ဆြန္ေဟာင္မင္ရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့တယ္ဆိုၿပီး ပယ္ဖ်က္ခဲ့ပါတယ္။

ေတာ္မီေနးအေနနဲ႔ ဆြန္ရဲ႕မ်က္ႏွာကို ထိခဲ့တာအမွန္ျဖစ္ေပမယ့္ အဲဒါကို တုံ႔ျပန္တဲ့ ဆြန္ရဲ႕ အျပဳအမူေတြဟာ လိုတာထက္ ပိုၿပီးလုပ္ေဆာင္ခဲ့သလို ျဖစ္တာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေဒါသထြက္စရာ ျဖစ္ခဲ့ပါတယ္။

အေႏွးျပကြက္ေတြအရ ဆြန္ကသာ လိုက္ဆြဲခဲ့တာျဖစ္ၿပီး ေတာ္မီေနးနဲ႔ ထိခိုက္ရာမွာ သာမန္ပုံစံသာျဖစ္ခဲ့ေပမယ့္ ဆြန္ကေဆးအဖြဲ႕အကူအညီပါရယူသြားခဲ့တာ ျဖစ္ပါတယ္။ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ မေန႔ကပြဲမွာ ေတာ္မီေနးနဲ႔ ထိခိုက္ၿပီးေနာက္ လိုအပ္တာထက္ပိုၿပီး နာက်င္ျပခဲ့တဲ့ ဆြန္ေဟာင္မင္ကို ေဝဖန္ေျပာဆိုထားပါတယ္။

ဆိုးလ္ရွားက ပြဲအၿပီးမွာ “ကြၽန္ေတာ္တို႔ ဂိုးဟာ အခိုးမခံခဲ့ရသင့္ပါဘူး။ ကြၽန္ေတာ္ရဲ႕သားသာ အဲဒီလိုလဲက်ေနတယ္ဆိုရင္ သူ႔သူငယ္ခ်င္း (၁၀)ေယာက္ေလာက္ေခၚၿပီး ထူခိုင္းရမွာပဲ။ၿပီးေတာ့ သူ႔ကို ကြၽန္ေတာ္ ဘာမွလည္း ေကြၽးေတာ့မွာ မဟုတ္ပါဘူး” ဆိုၿပီး ​ေျပာပါတယ္။

ေမာ္ရင္ဟိုကလည္း “ဆြန္ရဲ႕ အေဖက အိုေလလိုမဟုတ္ဘဲ လူေကာင္းျဖစ္ေနတာ အေတာ္ကံေကာင္းပါတယ္။ ဘာလို႔လဲဆိုရင္ အေဖဆိုတာ သားသမီးကို ေကြၽးေမြးရတယ္ေလ။က​ေလး​ေတြက ဘယ္လိုပဲျဖစ္ျဖစ္။အ​ေဖဆိုတာက ခင္ဗ်ားကေလးေတြကို ေကြၽးႏိုင္ဖို႔ ခိုးရမယ္ဆိုရင္လည္း ခိုးၿပီးေကြၽးရမွာပဲ”လို႔ တုံ႔ျပန္ ​ေျပာဆိုပါတယ္။