
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမာစီယဲလ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆံပင်ဒီဇိုင်းအပြောင်းအလဲနဲ့ လေ့ကျင့်နေတဲ့ပုံတွေကို ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပြီး မာစီယဲလ်ကတော့ ကတုံးပုံစံဆံပင်ဒီဇိုင်းအသစ်နဲ့ ရာသီသစ်ကို ဖြတ်သန်းဖို့ပြင်ဆင်ထားပုံပါပဲ။
မာစီယဲလ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ပြီးခဲ့တဲ့တစ်ပတ်ကမှ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်နိုင်တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် မာစီယဲလ် နောက်ဆုံးပါဝင်ကစားခဲ့တာက ပြီးခဲ့တဲ့မတ်လတုန်းက လက်စတာအသင်းနဲ့ကစားခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲမှာဖြစ်ပြီး
အဲဒီပွဲအပြီးမှာ ပြင်သစ်အသင်းအတွက် ကစားခဲ့တာကနေ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ဗီလာရီးယဲလ်နဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲအပါအဝင် ယူနိုက်တက်အသင်းရဲ့ရာသီလက်ကျန်ပွဲအားလုံးကို လွဲချော်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ မာစီယဲလ်ဟာ ကြံ့ခိုင်မှုအပြည့်နဲ့လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်တိုက်စစ်မှူးစာရင်းဝင်ဖြစ်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့သဘောနဲ့ သူ့ဆံပင်ပုံကို ကတုံးဒီဇိုင်းပြောင်းလဲခဲ့တာပါ။
၂၀၁၉-၂၀ ရာသီတုန်းက ယူနိုက်တက်အသင်းရဲ့တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးကစားသမားအဖြစ် (၂၃)ဂိုးသွင်းယူပြီးရပ်တည်ခဲ့သလို အဲဒီမှတ်တမ်းက မာစီယဲလ်ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်ခဲ့ပေမယ့်
ပြီးခဲ့တဲ့ရာသီမှာတော့ ခြေစွမ်းမတည်ငြိမ်မှု၊ ဒဏ်ရာပြဿနာတွေနဲ့အတူ ပုံစံကောင်းပျောက်ဆုံးခဲ့သလို တစ်ရာသီလုံးမှာ (၇)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ မိုနာကိုအသင်းကနေ ပေါင်(၄၄.၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ မာစီယဲလ်ဟာ အခုလက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်လို့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေပြီး
ယူနိုက်တက်အသင်းရောင်းချဖို့စီစဉ်နေတဲ့ ကစားသမား(၁၀)ဦးထဲမှာတစ်ဦးအပါအဝင်ဖြစ်နေတဲ့အပြင် သူ့ကို စပါးအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။
ဒါပေမဲ့ မာစီယဲလ်ကတော့ သူဟာ ရာသီသစ်မှာ ပွဲထွက်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်ဖို့အသင့်ရှိနေပြီဆိုတာကို ကတုံးဆံပင်ပုံစံပြောင်းလဲပြီးတော့ သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆံပင္ဒီဇိုင္းအသစ္နဲ႔ ရာသီသစ္ကို ျဖတ္သန္းမယ့္ မာစီယဲလ္
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးမာစီယဲလ္ဟာ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဆံပင္ဒီဇိုင္းအေျပာင္းအလဲနဲ႔ ေလ့က်င့္ေနတဲ့ပုံေတြကို ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၿပီး မာစီယဲလ္ကေတာ့ ကတုံးပုံစံဆံပင္ဒီဇိုင္းအသစ္နဲ႔ ရာသီသစ္ကို ျဖတ္သန္းဖို႔ျပင္ဆင္ထားပုံပါပဲ။ မာစီယဲလ္ဟာ ျပင္းထန္တဲ့ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး ၿပီးခဲ့တဲ့တစ္ပတ္ကမွ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္ႏိုင္တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းအတြက္ မာစီယဲလ္ ေနာက္ဆုံးပါဝင္ကစားခဲ့တာက ၿပီးခဲ့တဲ့မတ္လတုန္းက လက္စတာအသင္းနဲ႔ကစားခဲ့တဲ့ FA ဖလားကြာတားဖိုင္နယ္ပြဲမွာျဖစ္ၿပီး အဲဒီပြဲအၿပီးမွာ ျပင္သစ္အသင္းအတြက္ ကစားခဲ့တာကေန ဒူးဒဏ္ရာရရွိခဲ့တာေၾကာင့္ ဗီလာရီးယဲလ္နဲ႔ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအပါအဝင္ ယူႏိုက္တက္အသင္းရဲ႕ရာသီလက္က်န္ပြဲအားလုံးကို လြဲေခ်ာ္ခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့ မာစီယဲလ္ဟာ ႀကံ့ခိုင္မႈအျပည့္နဲ႔ေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းအဆင့္တိုက္စစ္မႉးစာရင္းဝင္ျဖစ္ေအာင္ႀကိဳးစားမယ္လို႔ ဆုံးျဖတ္ထားတဲ့သေဘာနဲ႔ သူ႔ဆံပင္ပုံကို ကတုံးဒီဇိုင္းေျပာင္းလဲခဲ့တာပါ။
၂၀၁၉-၂၀ ရာသီတုန္းက ယူႏိုက္တက္အသင္းရဲ႕တစ္ရာသီအတြင္းသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ (၂၃)ဂိုးသြင္းယူၿပီးရပ္တည္ခဲ့သလို အဲဒီမွတ္တမ္းက မာစီယဲလ္ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆုံးသြင္းဂိုးမွတ္တမ္းျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ေျခစြမ္းမတည္ၿငိမ္မႈ၊ ဒဏ္ရာျပႆနာေတြနဲ႔အတူ ပုံစံေကာင္းေပ်ာက္ဆုံးခဲ့သလို တစ္ရာသီလုံးမွာ (၇)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၁၅ ခုႏွစ္မွာ မိုနာကိုအသင္းကေန ေပါင္(၄၄.၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ မာစီယဲလ္ဟာ အခုလက္ရွိအခ်ိန္မွာ အနာဂတ္နဲ႔ပတ္သက္လို႔ ခန႔္မွန္းသတင္းေတြထြက္ေပၚေနၿပီး ယူႏိုက္တက္အသင္းေရာင္းခ်ဖို႔စီစဥ္ေနတဲ့ ကစားသမား(၁၀)ဦးထဲမွာတစ္ဦးအပါအဝင္ျဖစ္ေနတဲ့အျပင္ သူ႔ကို စပါးအသင္းကေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ ဒါေပမဲ့ မာစီယဲလ္ကေတာ့ သူဟာ ရာသီသစ္မွာ ပြဲထြက္ခြင့္ရဖို႔အတြက္ တိုက္ပြဲဝင္ဖို႔အသင့္ရွိေနၿပီဆိုတာကို ကတုံးဆံပင္ပုံစံေျပာင္းလဲၿပီးေတာ့ သက္ေသျပလိုက္တာလည္းျဖစ္ပါတယ္။