
Photo Credit
Photo Credit
လီဗာပူးအသင်းရဲ့ ယနေ့နေ့လယ် လေ့ကျင့်ရေးမှာတော့ အသင်းရဲ့အားထားရတဲ့ နောက်ခံလူ ဒီဂျန်လိုဗရန်က လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်ပြီး လိုဗရန်ပြန်ကောင်းလာတာဟာ လီဗာပူးအသင်းအတွက်တော့ ကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်လာစေပါတယ်။
Photo Credit
ဂျာဂန်ကလော့ပ်ရဲ့အသင်းဟာ သြစတြီးယားကို မသွားရောက်ခင် နောက်ဆုံး လေ့ကျင့်ခန်းတစ်ကြိမ် ဆင်းနေတာ ဖြစ်ပြီး မနက်ဖြန်ညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု E ရဲ့ အတိမ်းအစောင်းခံလို့မဖြစ်တဲ့ပွဲအဖြစ် ဆဲလ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Photo Credit
လိုဗရန်ဟာ ဘုန်းမောက်အသင်းကို ၃-ဝနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ ထွက်ခွာသွားခဲ့ရကာ ယနေ့မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။
Photo Credit
လက်ရှိမှာ ဂျိုးလ်မာတစ်ကလည်း ဒဏ်ရာကြောင့် အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး လိုဗရန် ပြန်လည်ကြံ့ခိုင်လာမှုဟာ ကလော့ပ်အတွက်တော့ ကြီးမားတဲ့အားတစ်ရပ် ဖြစ်စေပါတယ်။
Photo Credit
အဒမ်လယ်လာနာကလည်း အသင်းဖော်တွေနဲ့ မဟုတ်ဘဲ တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းနေခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ စနေနေ့က ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ဝစ်ချ်နယ်ဒန်နဲ့အတူ ပါဝင်ပွဲထွက်ခွင့်မရခဲ့ပါဘူး။
Photo Credit
ဒါပေမဲ့ လုံလုံလောက်လောက် အနားယူပြီးနောက် နယ်သာလန်နိုင်ငံသား ဝစ်ချ်နယ်ဒန်ဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီဖြစ်ပါတယ်။ စနေနေ့ကပွဲစဉ်မှာတော့ ပထမဆုံးပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်အဖြစ် အဲဒီပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ ကာတစ်ဂျုံးစ်က အကယ်ဒမီကြယ်ပွင့်တွေဖြစ်တဲ့ ဟာဗေးအီလီယော့၊ နီကိုဝီလီယံ၊ စက်ပ်ဗန်ဒန်ဘက်ဂျ်နဲ့ ကိုင်ဂျာနာဟိုးဗားတိ့ုနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ရီယန်ဘရူးစတာကလည်း စီနီယာအသင်းလေ့ကျင့်ရေးမှာ ပုံမှန်လေ့ကျင့်ခွင့်ရလာခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာတော့ မပါဝင်ခဲ့ရပါဘူး။
Photo Credit
Zawgyi
ဆဲလ္ဘတ္နဲ႔ပြဲစဥ္အတြက္ လီဗာပူးအသင္းကို အားတစ္ရပ္ျဖစ္လာေစတဲ့ လိုဗရန္ရဲ႕ ျပန္လာႏိုင္မႈ
လီဗာပူးအသင္းရဲ႕ ယေန႔ေန႔လယ္ ေလ့က်င့္ေရးမွာေတာ့ အသင္းရဲ႕အားထားရတဲ့ ေနာက္ခံလူ ဒီဂ်န္လိုဗရန္က ေလ့က်င့္ခန္းျပန္ဆင္းလာႏိုင္ၿပီး လိုဗရန္ျပန္ေကာင္းလာတာဟာ လီဗာပူးအသင္းအတြက္ေတာ့ ႀကီးမားတဲ့ခြန္အားတစ္ရပ္ ျဖစ္လာေစပါတယ္။
ဂ်ာဂန္ကေလာ့ပ္ရဲ႕အသင္းဟာ ၾသစႀတီးယားကို မသြားေရာက္ခင္ ေနာက္ဆံုး ေလ့က်င့္ခန္းတစ္ႀကိမ္ ဆင္းေနတာ ျဖစ္ၿပီး မနက္ျဖန္ညမွာေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စု E ရဲ႕ အတိမ္းအေစာင္းခံလို႔မျဖစ္တဲ့ပြဲအျဖစ္ ဆဲလ္ဘတ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။
လိုဗရန္ဟာ ဘုန္းေမာက္အသင္းကို ၃-၀နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဒဏ္ရာရရိွခဲ့ၿပီး ကြင္းထဲကေန ေထာ့နဲ႔ေထာ့နဲ႔ ထြက္ခြာသြားခဲ့ရကာ ယေန႔မွာေတာ့ ေလ့က်င့္ခန္း ျပန္ဆင္းႏုိင္ၿပီ ျဖစ္ပါတယ္။
လက္ရွိမွာ ဂ်ိဳးလ္မာတစ္ကလည္း ဒဏ္ရာေၾကာင့္ အရန္ခံုမွာသာ ထိုင္ေနခဲ့ရၿပီး လိုဗရန္ ျပန္လည္ၾကံ့ခိုင္လာမႈဟာ ကေလာ့ပ္အတြက္ေတာ့ ႀကီးမားတဲ့အားတစ္ရပ္ ျဖစ္ေစပါတယ္။
အဒမ္လယ္လာနာကလည္း အသင္းေဖာ္ေတြနဲ႔ မဟုတ္ဘဲ တစ္ဦးတည္း ေလ့က်င့္ခန္း ဆင္းေနခဲ့ပါတယ္။ အဆိုပါ ကြင္းလယ္လူဟာ စေနေန႔က ဘုန္းေမာက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ဝစ္ခ်္နယ္ဒန္နဲ႔အတူ ပါဝင္ပြဲထြက္ခြင့္မရခဲ့ပါဘူး။
ဒါေပမဲ့ လံုလံုေလာက္ေလာက္ အနားယူၿပီးေနာက္ နယ္သာလန္ႏုိင္ငံသား ၀စ္ခ်္နယ္ဒန္ဟာ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝေနၿပီျဖစ္ပါတယ္။ စေနေန႔ကပြဲစဥ္မွာေတာ့ ပထမဆံုးပရီးမီးယားလိဂ္ ပြဲဦးထြက္ပြဲစဥ္အျဖစ္ အဲဒီပြဲမွာ ပါ၀င္ကစားခြင့္ရခဲ့တဲ့ ကာတစ္ဂ်ဳံးစ္က အကယ္ဒမီၾကယ္ပြင့္ေတြျဖစ္တဲ့ ဟာေဗးအီလီေယာ့၊ နီကိုဝီလီယံ၊ စက္ပ္ဗန္ဒန္ဘက္ဂ်္နဲ႔ ကိုင္ဂ်ာနာဟိုးဗားတိ႔ုနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။
ရီယန္ဘ႐ူးစတာကလည္း စီနီယာအသင္းေလ့က်င့္ေရးမွာ ပံုမွန္ေလ့က်င့္ခြင့္ရလာခဲ့ေပမယ့္ အဆိုပါပြဲစဥ္မွာေတာ့ မပါဝင္ခဲ့ရပါဘူး။