
Photo Credit
Photo Credit
လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ကစားရခက်တဲ့ သြစတြီးယားမြေမှာ အိမ်ရှင်ဆဲလ်ဘတ်အသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူကာ အုပ်စုပထမအဖြစ် ၁၆သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် အနိမ့်ဆုံးသရေတစ်မှတ်လိုအပ်ခဲ့တဲ့ လီဗာပူးဟာ တစ်ဘက်ပွဲမှာ နာပိုလီက ဂျန့်ကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့လို့ အုပ်စုပထမရဖို့ အမှတ်ပြည့်လိုအပ်ခဲ့ပါတယ်။
Photo Credit
လီဗာပူးဟာ တနင်္လာနေ့မှာ ပြုလုပ်မယ့် ၁၆သင်းအဆင့် မဲခွဲပွဲမှာ အုပ်စုပထမအဖြစ် ပါဝင်ခွင့်ရရှိသွားတာဖြစ်ပြီး တွေ့နိုင်ခြေရှိတဲ့ပြိုင်ဘက်တွေထဲမှာ မက်ဒရစ်အခြေစိုက်အသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ အက်သလက်တီကိုအသင်းတို့လည်း ပါဝင်နေပါတယ်။ ဒီပွဲမတိုင်ခင် ၂၄ပွဲမှာ ၈၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဆဲလ်ဘတ်ကတော့ ယူရိုပါလိဂ် ၃၂သင်းအဆင့်ကို ကူးပြောင်းရတော့မှာဖြစ်ပြီး အုပ်စုအဖွင့် ၅ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၉နှစ်အရွယ်ရှိ တိုက်စစ်မှူး ဟာလန်းလည်း ပထမဆုံးအကြိမ်ဂိုးပေါက်ပျောက်သွားပါတယ်။
Photo Credit
ဆဲလ်ဘတ်က ပွဲအစကတည်းက လျင်လျင်မြန်မြန်တိုက်စစ်ဆင်ခဲ့ပြီး ၁၅ စက္ကန့်အကြာမှာပဲ ဂိုးသမား အလီဆင်နဲ့ ဟာလန်းတစ်ယောက်ချင်းရင်ဆိုင်တွေ့မယ့်အခွင့်အရေးရခဲ့ပေမယ့် ဗန်ဒိုက် တားဆီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာပဲ ဂိုးပေါက်တည့်မှု ၉ကြိမ်အထိ ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်က ရှော်လ်ကေးနဲ့ယူနိုက်တက်ပွဲနောက်ပိုင်း ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ ဂိုးပေါက်အများဆုံးတည့်တဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
Photo Credit
အလီဆင်က ပထမပိုင်းမှာ ဂိုးပေါက်ကာကွယ်မှု ၆ကြိမ်အထိပြုလုပ်ခဲ့ရပေမယ့် ပထမပိုင်းမှာ အကောင်းဆုံးအခွင့်အရေးဖန်တီးနိုင်ခဲ့တာက လီဗာပူးဖြစ်ခဲ့ပြီး လူကပ်မခံထားရတဲ့ ဆာလာ အနီးကတ်ကန်သွင်းတာ ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ နောက်ပြီး ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင် ၈ကိုက်အကွာကနေ ဆာလာ နောက်တစ်ကြိမ်ကန်သွင်းတာလည်း ဂိုးဘားပေါ် ကျော်သွားပါတယ်။
Photo Credit
ဒီပွဲရဲ့အလှည့်အပြောင်း ၂ရပ်က ဆဲလ်ဘတ်ဂိုးသမား စတန်ကိုဗစ် ဖန်တီးခဲ့တာဖြစ်ပြီး ပွဲချိန် ၅၇ မိနစ်မှာ မာနေးဆီက ဘောလုံးကို လုယူဖို့ စည်းထဲကနေ ထွက်အလာမှာ မာနေးက ကီတာဆီ ထောင့်ဖြတ်ပေးလိုက်ပါတယ်။ ကီတာကလည်း ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ကန်သွင်းကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးက ဆဲလ်ဘတ်ကစားသမားဟောင်းတွေဖြစ်ပါတယ်။
Photo Credit
နောက် စက္ကန့် ၁၀၀အကြာမှာလည်း စတန်ကိုဗစ်က ရှေ့ထွက်တားဆီးဖို့ ကြိုးစားရာမှာ ဆာလာက တကယ့်ကို ထောင့်ကျဉ်းအနေအထားကနေ ညာခြေနဲ့ ကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း အဆုံးသတ်ဂိုးရရှိခဲ့ပြီး ၈ကိုက်အကွာကနေ လွဲချော်ခဲ့တာထက် အခု သူ့ရဲ့သွင်းဂိုးက ဂိုးရဖို့ အများကြီးပိုခက်ပါတယ်။
Photo Credit
Zawgyi
ဆဲလ္ဘတ္ကို ဂိုးျပတ္အႏိုင္ယူၿပီး အုပ္စုပထမအျဖစ္ လီဗာပူး ေနာက္တစ္ဆင့္တက္ (ဆဲလ္ဘတ္ ၀-၂ လီဗာပူး)
လက္ရွိခ်န္ပီယံ လီဗာပူးအသင္းဟာ ကစားရခက္တဲ့ ၾသစႀတီးယားေျမမွာ အိမ္ရွင္ဆဲလ္ဘတ္အသင္းကို ဒုတိယပုိင္းသြင္းဂိုးေတြနဲ႔အတူ ဂိုးျပတ္အႏိုင္ယူကာ အုပ္စုပထမအျဖစ္ ၁၆သင္း႐ံႈးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ေရးအတြက္ အနိမ့္ဆုံးသေရတစ္မွတ္လုိအပ္ခဲ့တဲ့ လီဗာပူးဟာ တစ္ဘက္ပဲြမွာ နာပိုလီက ဂ်န္႔ကို ၄-၀ ဂုိးနဲ႔အႏိုင္ရခဲ့လုိ႔ အုပ္စုပထမရဖုိ႔ အမွတ္ျပည့္လိုအပ္ခ့ဲပါတယ္။
လီဗာပူးဟာ တနလၤာေန႔မွာ ျပဳလုပ္မယ့္ ၁၆သင္းအဆင့္ မဲခဲြပြဲမွာ အုပ္စုပထမအျဖစ္ ပါ၀င္ခြင့္ရရွိသြားတာျဖစ္ၿပီး ေတြ႕ႏိုင္ေျခရွိတဲ့ၿပိဳင္ဘက္ေတြထဲမွာ မက္ဒရစ္အေျခစုိက္အသင္းေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ အက္သလက္တီကုိအသင္းတုိ႔လည္း ပါ၀င္ေနပါတယ္။ ဒီပဲြမတိုင္ခင္ ၂၄ပြဲမွာ ၈၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဆဲလ္ဘတ္ကေတာ့ ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ကို ကူးေျပာင္းရေတာ့မွာျဖစ္ၿပီး အုပ္စုအဖြင့္ ၅ပြဲစလုံး ဂိုးသြင္းယူႏုိင္ခဲ့တဲ့ အသက္ ၁၉ႏွစ္အရြယ္ရွိ တုိက္စစ္မွဴး ဟာလန္းလည္း ပထမဆုံးအႀကိမ္ဂိုးေပါက္ေပ်ာက္သြားပါတယ္။
ဆဲလ္ဘတ္က ပဲြအစကတည္းက လ်င္လ်င္ျမန္ျမန္တုိက္စစ္ဆင္ခဲ့ၿပီး ၁၅ စကၠန္႔အၾကာမွာပဲ ဂိုးသမား အလီဆင္နဲ႔ ဟာလန္းတစ္ေယာက္ခ်င္းရင္ဆုိင္ေတြ႕မယ့္အခြင့္အေရးရခဲ့ေပမယ့္ ဗန္ဒုိက္ တားဆီးႏိုင္ခဲ့ပါတယ္။ ပထမပိုင္းအတြင္းမွာပဲ ဂုိးေပါက္တည့္မႈ ၉ႀကိမ္အထိ ရွိခဲ့ၿပီး ၂၀၀၄ ခုႏွစ္က ေရွာ္လ္ေကးနဲ႔ယူႏိုက္တက္ပြဲေနာက္ပိုင္း ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ဘဲ ဂုိးေပါက္အမ်ားဆုံးတည့္တဲ့ပြဲအျဖစ္လည္း မွတ္တမ္း၀င္သြားပါတယ္။
အလီဆင္က ပထမပိုင္းမွာ ဂိုးေပါက္ကာကြယ္မႈ ၆ႀကိမ္အထိျပဳလုပ္ခဲ့ရေပမယ့္ ပထမပုိင္းမွာ အေကာင္းဆုံးအခြင့္အေရးဖန္တီးႏိုင္ခဲ့တာက လီဗာပူးျဖစ္ခဲ့ၿပီး လူကပ္မခံထားရတဲ့ ဆာလာ အနီးကတ္ကန္သြင္းတာ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။ ေနာက္ၿပီး ဒုတိယပိုင္းျပန္စၿပီး သိပ္မၾကာခင္ ၈ကိုက္အကြာကေန ဆာလာ ေနာက္တစ္ႀကိမ္ကန္သြင္းတာလည္း ဂိုးဘားေပၚ ေက်ာ္သြားပါတယ္။
ဒီပြဲရဲ႕အလွည့္အေျပာင္း ၂ရပ္က ဆဲလ္ဘတ္ဂိုးသမား စတန္ကိုဗစ္ ဖန္တီးခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာ မာေနးဆီက ေဘာလုံးကို လုယူဖို႔ စည္းထဲကေန ထြက္အလာမွာ မာေနးက ကီတာဆီ ေထာင့္ျဖတ္ေပးလုိက္ပါတယ္။ ကီတာကလည္း ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ကန္သြင္းကာ ဦးေဆာင္ဂုိးသြင္းယူႏိုင္ခဲ့ၿပီး သူတုိ႔ႏွစ္ဦးစလုံးက ဆဲလ္ဘတ္ကစားသမားေဟာင္းေတြျဖစ္ပါတယ္။
ေနာက္ စကၠန္႔ ၁၀၀အၾကာမွာလည္း စတန္ကိုဗစ္က ေရွ႕ထြက္တားဆီးဖို႔ ႀကိဳးစားရာမွာ ဆာလာက တကယ့္ကို ေထာင့္က်ဥ္းအေနအထားကေန ညာေျခနဲ႔ ကန္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း အဆုံးသတ္ဂိုးရရွိခဲ့ၿပီး ၈ကိုက္အကြာကေန လြဲေခ်ာ္ခဲ့တာထက္ အခု သူ႕ရဲ႕သြင္းဂိုးက ဂိုးရဖို႔ အမ်ားႀကီးပိုခက္ပါတယ္။