ဆေးလ်ဗားကိုပါနည်းပြအဖွဲ့မှာအားဖြည့်ဖို့ ယွန်းဘတ်စီစဉ်နေ

PC ; Internet

အာဆင်နယ်အသင်းကိုယာယီတာဝန်ယူနေတဲ့ ယွန်းဘတ်ဟာ အသင်းရဲ့ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဂီလ်ဘာတိုဆေးလ်ဗားကို နည်းပြအဖွဲ့ထဲခေါ်ယူအားဖြည့်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ယွန်းဘတ်နဲ့ဆေးလ်ဗားဟာ အာဆင်နယ်အသင်းရဲ့အတောက်ပဆုံးရာသီဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ရာသီမှာ အတူတွဲကစားခဲ့ကြသူတွေပါ။ဆေးလ်ဗားဟာ ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သလို ၂၀၁၆ ခုနှစ်မှာ ဂရိကလပ်ပါနာသီနာကော့စ်ရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

PC ; Internet

၁၉၉၈ ခုနှစ်မှာ အာဆင်နယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ယွန်းဘတ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ကြိမ်၊အက်ဖ်အေဖလားချန်ပီယံဆု ၂ကြိမ် ရရှိခဲ့ဖူးပြီး အာဆင်နယ်ကို ရာသီအကုန်ထိကိုင်တွယ်သွားဖို့ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။သူ့အနေနဲ့ အသင်းကိုလမ်းကြောင်းမှန်ပေါ်ပို့ဆောင်ပေးနိုင်ရင် အမြဲတမ်းနည်းပြဖြစ်ဖို့အခွင့်အရေးရှိပေမယ့် နည်းပြအဖွဲ့အတွင်းမှာလိုအပ်တဲ့ကွက်လပ်တွေကိုတော့ အရင်ဆုံးဖြည့်ဆီးဖို့လိုအပ်နေပါတယ်။

PC ; Internet

အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သူတွေစာရင်းမှာ ဘရန်ဒန်ရော်ဂျာ၊အာတီတာ၊ဗီအဲရာ၊အယ်လီဂရီ၊နူနိုဆန်တို၊ပိုချက်တီနိုနဲ့အန်ဆယ်လော့တီတို့ ပါဝင်နေပါတယ်။ဒါပေမဲ့ ယွန်းဘတ်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးတွေကိုမျှော်လင့်ထားပါတယ်။“ကျွန်တော် အာဆင်နယ်အသင်းကိုဘယ်လောက်အထိ ကိုင်တွယ်ရမယ်ဆိုတာ မသိပေမယ့် အရာအားလုံးပေးဆပ်ပြီး အပြုံးတွေပြန်မြင်ရအောင်လုပ်သွားမှာပါ။ ရက်သတ္တပတ်အနည်းငယ်လောက် အလုပ်များခဲ့သလို ခင်ဗျားတို့ရဲ့ထောက်ပံ့မှုကိုလည်း အသင်းကလိုအပ်နေပါတယ်။ အလုပ်စကြတာပေါ့”လို့ ဆွီဒင်လက်ရွေးစင်ဟောင်းက တွစ်တာမှာရေးသားထားပါတယ်။

(zawgyi)

အာဆင္နယ္အသင္းကိုယာယီတာ၀န္ယူေနတဲ့ ယြန္းဘတ္ဟာ အသင္းရဲ႕ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္သူ ဂီလ္ဘာတိုေဆးလ္ဗားကို နည္းျပအဖြဲ႔ထဲေခၚယူအားျဖည့္ဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ယြန္းဘတ္နဲ႔ေဆးလ္ဗားဟာ အာဆင္နယ္အသင္းရဲ႕အေတာက္ပဆံုးရာသီျဖစ္ခဲ့တဲ့ ၂၀၀၃-၀၄ရာသီမွာ အတူတြဲကစားခဲ့ၾကသူေတြပါ။ေဆးလ္ဗားဟာ ၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလက္ေရြးစင္အသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့သလို ၂၀၁၆ ခုႏွစ္မွာ ဂရိကလပ္ပါနာသီနာေကာ့စ္ရဲ႕ နည္းစနစ္ဒါရိုက္တာအျဖစ္ ေဆာင္ရြက္ခဲ့သူျဖစ္ပါတယ္။၁၉၉၈ ခုႏွစ္မွာ အာဆင္နယ္ကစားသမားဘ၀ စတင္ခဲ့တဲ့ ယြန္းဘတ္ကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၂ႀကိမ္၊အက္ဖ္ေအဖလားခ်န္ပီယံဆု ၂ႀကိမ္ ရရွိခဲ့ဖူးၿပီး အာဆင္နယ္ကို ရာသီအကုန္ထိကိုင္တြယ္သြားဖို႔ရွိတယ္လို႔ သတင္းေတြထြက္ေနပါတယ္။သူ႔အေနနဲ႔ အသင္းကိုလမ္းေၾကာင္းမွန္ေပၚပို႔ေဆာင္ေပးႏိုင္ရင္ အၿမဲတမ္းနည္းျပျဖစ္ဖို႔အခြင့္အေရးရွိေပမယ့္ နည္းျပအဖြဲ႔အတြင္းမွာလိုအပ္တဲ့ကြက္လပ္ေတြကိုေတာ့ အရင္ဆံုးျဖည့္ဆီးဖို႔လိုအပ္ေနပါတယ္။အာဆင္နယ္နည္းျပသစ္ျဖစ္လာႏိုင္သူေတြစာရင္းမွာ ဘရန္ဒန္ေရာ္ဂ်ာ၊အာတီတာ၊ဗီအဲရာ၊အယ္လီဂရီ၊ႏူႏိုဆန္တို၊ပိုခ်က္တီႏိုနဲ႔အန္ဆယ္ေလာ့တီတို႔ ပါ၀င္ေနပါတယ္။ဒါေပမဲ့ ယြန္းဘတ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္နဲ႔ အေကာင္းဆံုးေတြကိုေမွ်ာ္လင့္ထားပါတယ္။“ကၽြန္ေတာ္ အာဆင္နယ္အသင္းကိုဘယ္ေလာက္အထိ ကိုင္တြယ္ရမယ္ဆိုတာ မသိေပမယ့္ အရာအားလံုးေပးဆပ္ျပီး အျပံဳးေတြျပန္ျမင္ရေအာင္လုပ္သြားမွာပါ။ ရက္သတၱပတ္အနည္းငယ္ေလာက္ အလုပ္မ်ားခဲ့သလို ခင္ဗ်ားတို႔ရဲ႕ေထာက္ပ့ံမႈကိုလည္း အသင္းကလိုအပ္ေနပါတယ္။ အလုပ္စၾကတာေပါ့”လို႔ ဆြီဒင္လက္ေရြးစင္ေဟာင္းက တြစ္တာမွာေရးသားထားပါတယ္။