
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆာဒီယို မာနေးဟာ သူ့ရဲ့ မွေးရပ်မြေမှာ ဆေးရုံ တည်ဆောက်သွားဖို့ အတွက် ဆီနီဂေါသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး လုပ်ဆောင်ကြမယ့် အစီအစဉ်တွေကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံကို မာနေးရဲ့ မွေးရပ်မြေ ဘမ်ဘာလီမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ဆေးရုံအတွက် လိုအပ်မယ့် ဆရာဝန်၊ ဆေးအကူ ၊ ဆေးဝါး ထောက်ပံ့ရေးကိစ္စတွေအတွက်ပါ မာနေးက သမ္မတကို တင်ပြ အကူအညီ တောင်းခဲ့တာပါ။
ဆေးရုံတည်ဆောက်တာဟာ မာနေးအတွက် ပထမဆုံး မွေးရပ်မြေအတွက် ကူညီပေးတဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။
ရှေ့ပိုင်းမှာ စာသင်ကျောင်း၊ ကစားကွင်းလည်း ဆောက်လုပ်လှူဒါန်းခဲ့ပါသေးတယ်။
“ကျွန်တော့်မွေးရပ်မြေက ပြည်သူတွေအတွက် ကြီးမားတဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ ပေးချင်တာပါ” ဆိုပြီး မာနေးက ပြောဖူးပါတယ်။
မာနေးဟာ ဆီနီဂေါအသင်းအတွက် ကစားပေးချိန် ၊ ဆီနီဂေါနိုင်ငံကို ပြန်သွားချိန်တွေမှာလည်း အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက် ဆိုပြီး ဟိတ်ကြီး ဟန်ကြီး မရှိပါဘူး။ ရေသန့်ဘူးတွေ ကူသယ်တဲ့ အခါမျိုးတွေလည်း ရှိပါတယ်။
ငယ်ငယ်တုန်းက ဆင်းရဲနွမ်းပါးလို့ ကျောင်းမတက်ခဲ့ရတဲ့ မာနေးဟာ ပိုက်ဆံတွေ ရှာလို့ ရလာချိန်မှာ ဆီနီဂေါက ဆင်းရဲတဲ့ မိသားစုတွေကို လစဉ် ငွေကြေးထောက်ပံ့ပေးတာမျိုးလည်း ရှိပါတယ်။
“ကျွန်တော် ငယ်ငယ်က ထမင်းတစ်လုပ်တောင် နပ်မမှန်ခဲ့တဲ့ ဘဝကို ဖြတ်သန်းပြီး ရှင်သန် ရပ်တည်နိုင်ဖို့ အခက်အခဲတွေကို ကြိုးစားဖြတ်သန်းခဲ့ရတာပါ။
အတန်းပညာလည်း မတတ်တဲ့ ကျွန်တော်က လူတစ်ယောက်မှာရှိသင့်တဲ့ အခြေခံလိုအပ်ချက်တွေတောင် မရှိနိုင်ခဲ့တဲ့ အချိန်တွေအရမ်းများခဲ့တာပါ။”
“အခုတော့ ကျွန်တော့်မှာလိုအပ်မှုတွေ ပြည့်စုံနေပြီမို့ ခက်ခဲနေတဲ့သူတွေကို ကူညီပေးပြီး ကျောင်းတွေ၊ ကစားကွင်းတွေဆောက်ပေးတယ်။
သူတို့လိုအပ်နေတဲ့ အဝတ်၊ ဖိနပ်နဲ့ အစားအသောက်တွေ လိုအပ်တဲ့အချိန်တိုင်း ကူညီထောက်ပံ့ပေးဖြစ်နေတာပါ။” ဆိုပြီး မာနေးက ပြောခဲ့ဖူးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေဆး႐ုံေဆာက္ဖို႔ သမၼတနဲ႔ ေတြ႕တဲ့ လီဗာပူးရဲ႕ ပရဟိတကစားသမား မာေနး
လီဗာပူးအသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ဆာဒီယို မာေနးဟာ သူ႔ရဲ႕ ေမြးရပ္ေျမမွာ ေဆး႐ုံ တည္ေဆာက္သြားဖို႔ အတြက္ ဆီနီေဂါသမၼတနဲ႔ ေတြ႕ဆုံခဲ့ၿပီး လုပ္ေဆာင္ၾကမယ့္ အစီအစဥ္ေတြကို ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။
ေဆး႐ုံကို မာေနးရဲ႕ ေမြးရပ္ေျမ ဘမ္ဘာလီမွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။ ေဆး႐ုံအတြက္ လိုအပ္မယ့္ ဆရာ၀န္၊ ေဆးအကူ ၊ ေဆး၀ါး ေထာက္ပံ့ေရးကိစၥေတြအတြက္ပါ မာေနးက သမၼတကို တင္ျပ အကူအညီ ေတာင္းခဲ့တာပါ။
ေဆး႐ုံတည္ေဆာက္တာဟာ မာေနးအတြက္ ပထမဆုံး ေမြးရပ္ေျမအတြက္ ကူညီေပးတဲ့ အျဖစ္အပ်က္ မဟုတ္ပါဘူး။ ေရွ႕ပိုင္းမွာ စာသင္ေက်ာင္း၊ ကစားကြင္းလည္း ေဆာက္လုပ္လႉဒါန္းခဲ့ပါေသးတယ္။”ကြၽန္ေတာ့္ေမြးရပ္ေျမက ျပည္သူေတြအတြက္ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေတြ ေပးခ်င္တာပါ” ဆိုၿပီး မာေနးက ေျပာဖူးပါတယ္။
မာေနးဟာ ဆီနီေဂါအသင္းအတြက္ ကစားေပးခ်ိန္ ၊ ဆီနီေဂါႏိုင္ငံကို ျပန္သြားခ်ိန္ေတြမွာလည္း ေအာင္ျမင္တဲ့ ေဘာလုံးသမားတစ္ေယာက္ ဆိုၿပီး ဟိတ္ႀကီး ဟန္ႀကီး မရွိပါဘူး။ ေရသန႔္ဘူးေတြ ကူသယ္တဲ့ အခါမ်ိဳးေတြလည္း ရွိပါတယ္။ ငယ္ငယ္တုန္းက ဆင္းရဲႏြမ္းပါးလို႔ ေက်ာင္းမတက္ခဲ့ရတဲ့ မာေနးဟာ ပိုက္ဆံေတြ ရွာလို႔ ရလာခ်ိန္မွာ ဆီနီေဂါက ဆင္းရဲတဲ့ မိသားစုေတြကို လစဥ္ ေငြေၾကးေထာက္ပံ့ေပးတာမ်ိဳးလည္း ရွိပါတယ္။
“ကြၽန္ေတာ္ ငယ္ငယ္က ထမင္းတစ္လုပ္ေတာင္ နပ္မမွန္ခဲ့တဲ့ ဘဝကို ျဖတ္သန္းၿပီး ရွင္သန္ ရပ္တည္ႏိုင္ဖို႔ အခက္အခဲေတြကို ႀကိဳးစားျဖတ္သန္းခဲ့ရတာပါ။ အတန္းပညာလည္း မတတ္တဲ့ ကြၽန္ေတာ္က လူတစ္ေယာက္မွာရွိသင့္တဲ့ အေျခခံလိုအပ္ခ်က္ေတြေတာင္ မရွိႏိုင္ခဲ့တဲ့ အခ်ိန္ေတြအရမ္းမ်ားခဲ့တာပါ။”
“အခုေတာ့ ကြၽန္ေတာ့္မွာလိုအပ္မႈေတြ ျပည့္စုံေနၿပီမို႔ ခက္ခဲေနတဲ့သူေတြကို ကူညီေပးၿပီး ေက်ာင္းေတြ၊ ကစားကြင္းေတြေဆာက္ေပးတယ္။ သူတို႔လိုအပ္ေနတဲ့ အဝတ္၊ ဖိနပ္နဲ႔ အစားအေသာက္ေတြ လိုအပ္တဲ့အခ်ိန္တိုင္း ကူညီေထာက္ပံ့ေပးျဖစ္ေနတာပါ။” ဆိုၿပီး မာေနးက ေျပာခဲ့ဖူးပါတယ္။