ဆေးစစ်ဖို့ ယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကို ကစားသမားတစ်ဦး ရောက်ရှိလာ
Photo Credit
Photo Credit
ယူနိုက်တက်အသင်းနဲ့ ဆေးစစ်ဆေးမှုခံယူဖို့ အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာတဲ့ကစားသမားက ဂျန့်အသင်းကွင်းလယ်လူ ဆန်ဒါဘာ့ဂျ်မဟုတ်ဘဲ အရန်အသင်းဂိုးသမားသာဖြစ်ကြောင်း သိရပါတယ်။
Photo Credit
ယနေ့အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၂၁နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား ဆန်ဒါဘာ့ဂျ်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရေးအတွက် အသင်းနဲ့ ဆေးစစ်ဆေးမှုခံယူဖို့ ကာရင်တန်ကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရပေမယ့် တကယ်တမ်း ရောက်လာတာက အသက် ၁၅နှစ်အရွယ် ဂိုးသမားတစ်ဦးဖြစ်နေပါတယ်။
Photo Credit
MEN နဲ့ Mail သတင်းဌာနတို့ရဲ့ဖော်ပြချက်အရ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်လာတာ ဆန်ဒါဘာ့ဂျ်မဟုတ်ဘဲ ဂိုးသမားတစ်ဦးသာဖြစ်ကြောင်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသတင်းက လူမှုမီဒီယာမှာ ပရိသတ်တွေကြား အတော်လေးရေပန်းစားသွားပါတယ်။
Photo Credit
”ဟုတ်ပြီကွ…ယူနိုက်တက်တော့ လုပ်နိုင်ပြီ”။ ”ကျွန်တော်ကတော့ ဘာ့ဂျ်လို့သတင်းထွက်ခဲ့တဲ့ ၅မိနစ်တာကာလလေးမှာ ပျော်ရွှင်သွားခဲ့တယ်”။ ”မနက်ဖြန်လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားကတော့ ‘ဒါက ကစားသမားသစ်ခေါ်ယူလိုက်သလိုပါပဲ’လို့ ပြောမှာ မြင်ယောင်နေသေးတယ်””လာမယ့်ရက်ပိုင်းလောက်ကို ကျော်သွားလို့ရနိုင်မလား…အပြောင်းအရွှေ့သတင်းတွေက တစ်ကမ္ဘာလုံး ပျံ့နေတာပဲ”လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ရေးခဲ့ပါတယ်။
Photo Credit
Zawgyi
ယူနိုက်တက်အသင်းနဲ့ ဆေးစစ်ဆေးမှုခံယူဖို့ အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာတဲ့ကစားသမားက ဂျန့်အသင်းကွင်းလယ်လူ ဆန်ဒါဘာ့ဂ်ျမဟုတ်ဘဲ အရန်အသင်းဂိုးသမားသာဖြစ်ကြောင်း သိရပါတယ်။
ယနေ့အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၂၁နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား ဆန်ဒါဘာ့ဂ်ျဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရေးအတွက် အသင်းနဲ့ ဆေးစစ်ဆေးမှုခံယူဖို့ ကာရင်တန်ကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရပေမယ့် တကယ်တမ်း ရောက်လာတာက အသက် ၁၅နှစ်အရွယ် ဂိုးသမားတစ်ဦးဖြစ်နေပါတယ်။