ဆော်ဒီအိမ်ရှေ့မင်းသားရဲ့တကယ့်ပစ်မှတ်က နယူးကာဆယ်

Photo-Internet

 

Photo-Internet

ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားဖြစ်တဲ့ မိုဟာမက်ဘင်ဆယ်လ်မန်ဟာ သူ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယူးကာဆယ်အသင်းကိုပေါင်သန်း ၃၄၀ နဲ့ဝယ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ ဆော်ဒီအစိုးရရဲ့ငွေကြေးထောက်ပံ့မှုကိုရယူထားတဲ့ Public Investment Fund ကနေတစ်ဆင့် အင်္ဂလန်လုပ်ငန်းရှင်အချို့နဲ့ချိတ်ဆက်ကာ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဘင်ဆယ်လ်မန်ဟာ မန်ယူကိုပေါင် ၂ ဘီလီယံနဲ့ဝယ်ယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်လို့ မန်ယူပရိသတ်တွေက သူတို့အသင်းအတွက်ကျေနပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း ဘင်ဆယ်လ်မန်ဟာ အမန်ဒါစတာဗီလီ ဦးဆောင်တဲ့ ဗြိတိန်လုပ်ငန်းရှင်အချို့နဲ့အတူ နယူးကာဆယ်ကိုဝယ်ဖို့ ဆွေးနွေးနေတာ ၄ လလောက်တောင်ရှိနေပြီလို့ ဆိုပါတယ်။

Photo-Internet

ဘင်ဆယ်လ်မန်ဟာ နယူးကာဆယ်ကိုဝယ်ဖြစ်ရင်ရှယ်ယာ ၈၀%အထိရယူထားမှာဖြစ်ပြီး စတာဗီလီတို့ဘက်က ၂၀%ပိုင်ဆိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။ စတာဗီလီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကနယူးကာဆယ်ကိုဝယ်ယူဖို့ကြိုးစားခဲ့သေးပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။

Photo-Internet

နယူးကာဆယ်ပိုင်ရှင် မိုက်အက်ရှ်လေဟာ ကလပ်ကို ၂၀၁၇ ကရောင်းချဖို့ကြေညာခဲ့ပြီးနောက် ဆွေးနွေးမှုတွေအတော်များများလုပ်ခဲ့သေးပေမယ့် အောင်မြင်ခဲ့ခြင်းမရှိလို့ အခုချိန်အထိရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ သူတို့သာ နယူးကာဆယ်ကိုဝယ်ယူဖြစ်မယ်ဆိုရင် အသုံးစရိတ်ပေါင်သန်း ၂၀၀ အထိထုတ်ပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။

Photo-Internet

ဘင်ဆယ်လ်မန်ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ မန်စီးတီးပိုင်ရှင်တွေဖြစ်တဲ့ ယူအေအီးစော်ဘွားတွေအောင်မြင်နေတာကို အားကျနေသူဖြစ်ပါတယ်။ သူတို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ သြဇာအာဏာပြိုင်ဆိုင်နေကြတဲ့ စော်ဘွားတွေဖြစ်ပါတယ်။

Photo-Internet

Zawgyi

ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ႕တကယ္႔ပစ္မွတ္က နယူးကာဆယ္

ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသားျဖစ္တဲ႔ မိုဟာမက္ဘင္ဆယ္လ္မန္ဟာ သူ႔ရဲ႕စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ နယူးကာဆယ္အသင္းကိုေပါင္သန္း ၃၄၀ နဲ႔၀ယ္ယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနေၾကာင္း သိရပါတယ္။ ေဆာ္ဒီအစိုးရရဲ႕ေငြေၾကးေထာက္ပ႔ံမႈကိုရယူထားတဲ႔ Public Investment Fund ကေနတစ္ဆင့္ အဂၤလန္လုပ္ငန္းရွင္အခ်ဳိ႕နဲ႔ခ်ိတ္ဆက္ကာ ေဆြးေႏြးမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ဘင္ဆယ္လ္မန္ဟာ မန္ယူကိုေပါင္ ၂ ဘီလီယံနဲ႔၀ယ္ယူမယ္ဆိုတဲ႔သတင္းေတြထြက္ေပၚခဲ့သူျဖစ္လို႔ မန္ယူပရိသတ္ေတြက သူတို႔အသင္းအတြက္ေက်နပ္ခဲ့ၾကပါေသးတယ္။ ဒါေပမယ္႔လည္း ဘင္ဆယ္လ္မန္ဟာ အမန္ဒါစတာဗီလီ ဦးေဆာင္တဲ႔ ၿဗိတိန္လုပ္ငန္းရွင္အခ်ဳိ႕နဲ႔အတူ နယူးကာဆယ္ကို၀ယ္ဖို႔ ေဆြးေႏြးေနတာ ၄ လေလာက္ေတာင္ရွိေနၿပီလို႔ ဆိုပါတယ္။

ဘင္ဆယ္လ္မန္ဟာ နယူးကာဆယ္ကို၀ယ္ျဖစ္ရင္ရွယ္ယာ ၈၀%အထိရယူထားမွာျဖစ္ၿပီး စတာဗီလီတို႔ဘက္က ၂၀%ပိုင္ဆိုင္မွာျဖစ္တယ္လို႔လည္းဆိုပါတယ္။ စတာဗီလီဟာ ၿပီးခဲ့တဲ႔ ၂၀၁၇ ကနယူးကာဆယ္ကို၀ယ္ယူဖို႔ႀကိဳးစားခဲ့ေသးေပမယ္႔ ေအာင္ျမင္ခဲ့ျခင္းမရွိပါဘူး။

နယူးကာဆယ္ပိုင္ရွင္ မိုက္အက္ရွ္ေလဟာ ကလပ္ကို ၂၀၁၇ ကေရာင္းခ်ဖို႔ေၾကညာခဲ့ၿပီးေနာက္ ေဆြးေႏြးမႈေတြအေတာ္မ်ားမ်ားလုပ္ခဲ့ေသးေပမယ္႔ ေအာင္ျမင္ခဲ့ျခင္းမရွိလို႔ အခုခ်ိန္အထိေရာင္းခ်ႏိုင္ျခင္းမရွိေသးပါဘူး။ သူတို႔သာ နယူးကာဆယ္ကို၀ယ္ယူျဖစ္မယ္ဆိုရင္ အသုံးစရိတ္ေပါင္သန္း ၂၀၀ အထိထုတ္ေပးလိမ့္မယ္လို႔လည္း ဆိုပါတယ္။

ဘင္ဆယ္လ္မန္ဟာ အဂၤလိပ္ေဘာလုံးေလာကမွာ မန္စီးတီးပိုင္ရွင္ေတြျဖစ္တဲ႔ ယူေအအီးေစာ္ဘြားေတြေအာင္ျမင္ေနတာကို အားက်ေနသူျဖစ္ပါတယ္။ သူတို႔ဟာ အေရွ႕အလယ္ပိုင္းေဒသမွာ ၾသဇာအာဏာၿပိဳင္ဆိုင္ေနၾကတဲ႔ ေစာ္ဘြားေတြျဖစ္ပါတယ္။