





စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်အယ်နာဆာဆီက ကမ္ဘာ့စံချိန်တင်ဖြစ်တဲ့
တရားဝင်ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း နာမည်ကြီးအပြောင်းအရွှေ့





ကျွမ်းကျင်သူဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ဖွင့်ဟလိုက်ပါတယ်။
သူတို့က တစ်နှစ်လစာ ပေါင် ၁၇၃ သန်းနဲ့ ၃၇ နှစ်အရွယ်ကစားသမားကို
၂ နှစ်ခွဲစာချုပ်ကမ်းလှမ်းမှုလုပ်ခဲ့တာပါ။ ဘောလုံးမှာတော့





စီရော်နယ်ဒိုအတွက် သူတို့ရဲ့ကမ်းလှမ်းမှုဟာ ကမ္ဘာ့စံချိန်တင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေတုန်းကလည်း စီရော်နယ်ဒိုဟာ ဆော်ဒီဘက်က ချဉ်းကပ်မှုကို





ရခဲ့သေးပေမယ့် ဥရောပဘောလုံးမှာသာ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။
လက်ရှိမှာ ကလပ်လက်မဲ့ဖြစ်နေတဲ့စီရော်နယ်ဒိုကတော့ သူနောက်ပြောင်းမယ့်
အသင်းကို မဆုံးဖြတ်ရသေးဘဲ ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်နေပါတယ်။





တကယ်လို့ သူသာ ဆော်ဒီကိုပြောင်းမယ်ဆို ကမ္ဘာပေါ်မှာ လစာအများဆုံး
အားကစားသမားအဖြစ် ၂၃ နှစ်အရွယ် အမ်ဘက်ပီကို ကျော်တက်သွားမှာပါ။





အမ်ဘက်ပီဟာ ပီအက်စ်ဂျီမှာ တစ်နှစ်ကို ပေါင် ၁၀၆.၇ သန်းတောင်ရနေပြီး
သူ့အသင်းဖော်မက်ဆီကတော့ တတိယလစာအများဆုံးသူအဖြစ်
တစ်နှစ်ကို ပေါင် ၆၂.၅ သန်းရနေပါတယ်။ ကမ္ဘာပေါ်မှာ စတုတ္ထလစာ





အများဆုံးအားကစားသမားက ပီအက်စ်ဂျီကပဲဖြစ်တဲ့ နေမာဖြစ်ပြီး
တစ်နှစ်ကို ပေါင် ၅၈.၃ သန်းရနေတာပါ။ ဘတ်စ်ကတ်ဘောကြယ်ပွင့်





စတီဖန်ကာရီကတော့ တစ်နှစ်ပေါင် ၃၈.၁ သန်းနဲ့ ထိပ်ဆုံး ၅ ဦး
စာရင်းဝင်ပါလိမ့်မယ်။ မန်ယူနဲ့နောက်ဆုံးဖြစ်ပျက်သွားခဲ့တဲ့
အခြေအနေကြောင့် ဥရောပထိပ်တန်းအသင်းတွေကတော့





စီရော်နယ်ဒိုကို စိတ်မဝင်စားကြတော့ပါဘူး။





zawgyi
ေဆာ္ဒီကိုသာေျပာင္းမယ္ဆို လစာအမ်ားဆုံးအားကစားသမားအျဖစ္ ကမာၻ႔စံခ်ိဳးမယ့္ စီေရာ္နယ္ဒို
စီေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္အယ္နာဆာဆီက ကမာၻ႔စံခ်ိန္တင္ျဖစ္တဲ့





တရားဝင္ကမ္းလွမ္းမႈတစ္ခုကို လက္ခံရရွိခဲ့ေၾကာင္း နာမည္ႀကီးအေျပာင္းအေ႐ႊ႕
ကြၽမ္းက်င္သူဂ်ာနယ္လစ္ဖာဘရီဇီယို႐ိုမာႏိုက ဖြင့္ဟလိုက္ပါတယ္။





သူတို႔က တစ္ႏွစ္လစာ ေပါင္ ၁၇၃ သန္းနဲ႔ ၃၇ ႏွစ္အ႐ြယ္ကစားသမားကို
၂ ႏွစ္ခြဲစာခ်ဳပ္ကမ္းလွမ္းမႈလုပ္ခဲ့တာပါ။ ေဘာလုံးမွာေတာ့
စီေရာ္နယ္ဒိုအတြက္ သူတို႔ရဲ႕ကမ္းလွမ္းမႈဟာ ကမာၻ႔စံခ်ိန္တင္ျဖစ္ပါတယ္။





ၿပီးခဲ့တဲ့ေႏြတုန္းကလည္း စီေရာ္နယ္ဒိုဟာ ေဆာ္ဒီဘက္က ခ်ဥ္းကပ္မႈကို
ရခဲ့ေသးေပမယ့္ ဥေရာပေဘာလုံးမွာသာ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။





လက္ရွိမွာ ကလပ္လက္မဲ့ျဖစ္ေနတဲ့စီေရာ္နယ္ဒိုကေတာ့ သူေနာက္ေျပာင္းမယ့္
အသင္းကို မဆုံးျဖတ္ရေသးဘဲ ကမာၻ႔ဖလားကိုသာ အာ႐ုံစိုက္ေနပါတယ္။
တကယ္လို႔ သူသာ ေဆာ္ဒီကိုေျပာင္းမယ္ဆို ကမာၻေပၚမွာ လစာအမ်ားဆုံး





အားကစားသမားအျဖစ္ ၂၃ ႏွစ္အ႐ြယ္ အမ္ဘက္ပီကို ေက်ာ္တက္သြားမွာပါ။
အမ္ဘက္ပီဟာ ပီအက္စ္ဂ်ီမွာ တစ္ႏွစ္ကို ေပါင္ ၁၀၆.၇ သန္းေတာင္ရေနၿပီး





သူ႔အသင္းေဖာ္မက္ဆီကေတာ့ တတိယလစာအမ်ားဆုံးသူအျဖစ္
တစ္ႏွစ္ကို ေပါင္ ၆၂.၅ သန္းရေနပါတယ္။ ကမာၻေပၚမွာ စတုတၳလစာ
အမ်ားဆုံးအားကစားသမားက ပီအက္စ္ဂ်ီကပဲျဖစ္တဲ့ ေနမာျဖစ္ၿပီး





တစ္ႏွစ္ကို ေပါင္ ၅၈.၃ သန္းရေနတာပါ။ ဘတ္စ္ကတ္ေဘာၾကယ္ပြင့္
စတီဖန္ကာရီကေတာ့ တစ္ႏွစ္ေပါင္ ၃၈.၁ သန္းနဲ႔ ထိပ္ဆုံး ၅ ဦး





စာရင္းဝင္ပါလိမ့္မယ္။ မန္ယူနဲ႔ေနာက္ဆုံးျဖစ္ပ်က္သြားခဲ့တဲ့
အေျခအေနေၾကာင့္ ဥေရာပထိပ္တန္းအသင္းေတြကေတာ့
စီေရာ္နယ္ဒိုကို စိတ္မဝင္စားၾကေတာ့ပါဘူး။




