ဆောက်သမ်တန်နဲ့သရေပွဲအပြီးမှာ သူ့ရဲ့တစ်ရာသီစာလက်မှတ်ကို အာဆင်နယ်ပရိသတ်လွှင့်ပစ်ခဲ့

photo-social media

photo-gettyimages

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၉ နေရာရောက်နေတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်း ၂-၂ သရေကျခဲ့ပြီးနောက် အာဆင်နယ်နည်းပြအမ်မရီအပေါ် ဖိအားတွေက ဒီ့ထက်မကပိုတိုးလာပါတယ်။ လက်စတာရဲ့ ၉ ဂိုးပြတ်သွင်းယူခြင်းခံထားရတဲ့ အဲဒီအသင်းကိုတောင် အာဆင်နယ်ဟာ အိမ်ကွင်းမှာ ရှုံးတော့မလိုဖြစ်ခဲ့တာပါ။ လာကာဇက်တီရဲ့ဂိုးတွေနဲ့ ၂ ကြိမ်တိုင်လိုက်လံချေပခဲ့ရပြီး အဲဒီထဲမှာ ဒုတိယချေပဂိုးဆိုရင် နာကျင်အချိန်ပို ၉၆ မိနစ်ရောက်မှ သွင်းနိုင်ခဲ့တာပါ။

photo-gettyimages

အဲဒီပွဲရလဒ်နဲ့ခြေစွမ်းကြောင့် အာဆင်နယ်ပရိသတ်အများစုဟာ အတော်လေးကို မကျေနပ်ဖြစ်နေကြပါတယ်။ အာဆင်နယ်ပရိသတ်ရုပ်သံလို့ ခေါ်ဆိုနိုင်တဲ့ You Tube ချန်နယ်တစ်ခုဖြစ်တဲ့ AFTV မှာဆိုရင် အာဆင်နယ်ပရိသတ်တစ်ယောက်ဟာ ဒေါသထွက်ထွက်နဲ့ သူ့ရဲတစ်ရာသီစာလက်မှတ်ကို လွှင့်ပစ်ခဲ့ပါတယ်။ AFTV ဆိုတာ အာဆင်နယ်ပရိသတ်တွေအတွက် တစ်ပွဲချင်းစီပြီးတိုင်းမှာ သူတို့ရဲ့အမြင်ကို ပြန်လည်ဝေမျှနိုင်ဖို့ လုပ်ထားတဲ့ You Tube ချန်နယ်ဖြစ်ပြီး အထူးသဖြင့် အာဆင်နယ်အသင်းအနိုင်မရတဲ့အချိန်တွေမှာဆိုရင် ရစရမရှိအောင် ဝေဖန်ပြောဆိုကြတဲ့ရုပ်သံဖိုင်တွေကို တင်တာကြောင့် တခြားအသင်းပရိသတ်တွေကတောင် စိတ်ဝင်စားကြတဲ့ချန်နယ်လည်း ဖြစ်ပါတယ်။

photo-gettyimages

ဆောက်သမ်တန်နဲ့သရေပွဲအပြီး AFTV နဲ့အင်တာဗျူးမှာ အာဆင်နယ်ပရိသတ်တစ်ယောက်ဟာ သူ့အသင်းကိုကြည့်ရတာ ဘယ်လောက်ဒေါသထွက်စရာကောင်းကြောင်းပြောခဲ့ကာ ဒါလည်းမလိုတော့ဘူးဆိုပြီး သူ့ရဲ့တစ်ရာသီစာလက်မှတ်ကို လွှင့်ပစ်ပြခဲ့တာပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်မရခဲ့တာကြောင့် အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ် ၆ ပွဲဆက်နိုင်ပွဲပျောက်မှုဖြစ်ခဲ့ရပါတယ်။ တိုက်စစ်မှာ အူဘာမီယန်၊လာကာဇက်တီနဲ့ စံချိန်တင်ကြေးရှင်ပီပီတို့လိုကစားသမားတွေရှိနေပမယ့် အာဆင်နယ်ဟာ ဒီရာသီမှာ ဘန်လေနဲ့ဝုဗ်တို့လောက်အောင် လိဂ်သွင်းဂိုး ပိုမသွင်းနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အာဆင်နယ်ခံစဉ်ကလည်း နယူးကာဆယ်၊ပဲလေ့စ်နဲ့ဘုန်းမောက်တို့ထက်တောင် ဂိုးပိုပေးထားရပါတယ်။

[Zawgyi]

ေဆာက္သမ္တန္နဲ႔သေရပြဲအၿပီးမွာ သူ႔ရဲ႕တစ္ရာသီစာလက္မွတ္ကို အာဆင္နယ္ပရိသတ္လႊင့္ပစ္ခ့ဲ

ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၁၉ ေနရာေရာက္ေနတဲ့ ေဆာက္သမ္တန္ကို အိမ္ကြင္း ၂-၂ သေရက်ခဲ့ၿပီးေနာက္ အာဆင္နယ္နည္းျပအမ္မရီအေပၚ ဖိအားေတြက ဒီ့ထက္မကပိုတိုးလာပါတယ္။ လက္စတာရဲ႕ ၉ ဂိုးျပတ္သြင္းယူျခင္းခံထားရတ့ဲ အဲဒီအသင္းကိုေတာင္ အာဆင္နယ္ဟာ အိမ္ကြင္းမွာ ရႈံးေတာ့မလိုျဖစ္ခဲ့တာပါ။ လာကာဇက္တီရဲ႕ဂိုးေတြနဲ႔ ၂ ႀကိမ္တိုင္လိုက္လံေခ်ပခဲ့ရၿပီး အဲဒီထဲမွာ ဒုတိယေခ်ပဂိုးဆိုရင္ နာက်င္အခ်ိန္ပို ၉၆ မိနစ္ေရာက္မွ သြင္းႏုိင္ခဲ့တာပါ။

အဲဒီပြဲရလဒ္နဲ႔ေျခစြမး္ေၾကာင့္ အာဆင္နယ္ပရိသတ္အမ်ားစုဟာ အေတာ္ေလးကို မေက်နပ္ျဖစ္ေနၾကပါတယ္။ အာဆင္နယ္ပရိသတ္ရုပ္သံလို႔ ေခၚဆုိႏိုင္တဲ့ You Tube ခ်န္နယ္တစ္ခုျဖစ္တဲ့ AFTV မွာဆုိရင္ အာဆင္နယ္ပရိသတ္တစ္ေယာက္ဟာ ေဒါသထြက္ထြက္နဲ႔ သူ႔ရဲတစ္ရာသီစာလက္မွတ္ကို လႊင့္ပစ္ခဲ့ပါတယ္။ AFTV ဆိုတာ အာဆင္နယ္ပရိသတ္ေတြအတြက္ တစ္ပြဲခ်င္းစီၿပီးတုိင္းမွာ သူတို႔ရဲ႕အျမင္ကို ျပန္လည္ေ၀မွ်ႏိုင္ဖုိ႔ လုပ္ထားတဲ့ You Tube ခ်န္နယ္ျဖစ္ၿပီး အထူးသျဖင့္ အာဆင္နယ္အသင္းအႏိုင္မရတဲ့အခ်ိန္ေတြမွာဆုိရင္ ရစရမရွိေအာင္ ေ၀ဖန္ေျပာဆိုၾကတဲ့ရုပ္သံဖိုင္ေတြကို တင္တာေၾကာင့္ တျခားအသင္းပရိသတ္ေတြကေတာင္ စိတ္၀င္စားၾကတဲ့ခ်န္နယ္လည္း ျဖစ္ပါတယ္။

ေဆာက္သမ္တန္နဲ႔သေရပြဲအၿပီး AFTV နဲ႔အင္တာဗ်ဴးမွာ အာဆင္နယ္ပရိသတ္တစ္ေယာက္ဟာ သူ႔အသင္းကိုၾကည့္ရတာ ဘယ္ေလာက္ေဒါသထြက္စရာေကာင္းေၾကာင္းေျပာခဲ့ကာ ဒါလည္းမလုိေတာ့ဘူးဆိုၿပီး သူ႔ရဲ႕တစ္ရာသီစာလက္မွတ္ကို လႊင့္ပစ္ျပခဲ့တာပါ။ ေဆာက္သမ္တန္နဲ႔ပြဲမွာ အႏိုင္မရခဲ့တာေၾကာင့္ အာဆင္နယ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၆ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈျဖစ္ခဲ့ရပါတယ္။ တုိက္စစ္မွာ အူဘာမီယန္၊လာကာဇက္တီနဲ႔ စံခ်ိန္တင္ေၾကးရွင္ပီပီတို႔လိုကစားသမားေတြရွိေနပမယ့္ အာဆင္နယ္ဟာ ဒီရာသီမွာ ဘန္ေလနဲ႔၀ုဗ္တို႔ေလာက္ေအာင္ လိဂ္သြင္းဂိုး ပိုမသြင္းႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ အာဆင္နယ္ခံစဥ္ကလည္း နယူးကာဆယ္၊ပဲေလ့စ္နဲ႔ဘုန္းေမာက္တို႔ထက္ေတာင္ ဂိုးပိုေပးထားရပါတယ္။