ဆောက်သမ်တန်နဲ့ပွဲမှာ ဘာလိုဖြစ်ဖြစ် ယူနိုက်တက် နိုင်မယ်လို့ မိုက်ကယ် အိုဝင်က ထပ်ပြောပြန်ပြီ ပရိသတ်တို့ရေ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိဒ်နဲ့ပွဲတုန်းက မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်ကြောင့် ယူနိုက်တက်ပရိသတ်တွေရင်ထိပ်ခဲ့ကြရပေမယ့် လိဒ် ယူနိုက်တက်ကို ( ၅-၁ ) အနိုင်ရရှိခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်။

အခု တစ်ပတ်မှာတော့ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းသွားရောက် ကစားရဖို့ ရှိပါတယ်။

အင်္ဂလန် ဂန္တဝင်ကစားသမားကြီး မိုက်ကယ်အိုဝင်ကတော့ အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက်က ဆောက်သမ်တန်ကို ( ၃-၁ ) ရလာဒ်နဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အိုဝင်က BetVictor နဲ့ တွေ့ဆုံရာမှာ “ မန်ချက်စတာ ယူနိုက်တက်က လိဒ်နဲ့ အိမ်ကွင်းပွဲစဥ်မှာ အတော်လေးကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

လိဒ်က သူတို့အတွက် ကစားရပိုလွယ်ကူစေသလို ဖြစ်သွားခဲ့တယ်လို့ ထင်ပေမယ့် ယူနိုက်တက်ကစားပုံအချို့ကလည်း ကောင်းမွန်မှုရှိခဲ့ပါတယ်။

ပေါ့ဘာ နှင့် ဖာနန်ဒက်စ်က အခွင့်အရေးတွေ တစ်ကြိမ်ပြီး တစ်ကြိမ် ဖန်တီးပေးခဲ့ပါတယ်။

ဂရင်းဝုဒ် ဂိုးသွင်းနိုင်တဲ့အပေါ် ပျော်ရွှင်မိပါတယ်။

သူဟာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ဆန်ချို ၊ ဗာရန်းတို့ ပါလာအုံးမှာပါ။

ဒါကြောင့် သူတို့က လက်ရှိ အကောင်းဆုံးအနေအထား ပိုင်ဆိုင်ထားပါတယ်။”လို့ ဆိုခဲ့ပါတယ်။

“ ဆောက်သမ်တန်က အဲဗာတန်နဲ့ ပွဲစဥ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ကစားသမားသစ် အဒမ် အမ်းစထရောင်းက လှပတဲ့ သွင်းဂိုးရယူခဲ့ပါတယ်။

သူတို့ ဒုတိယပိုင်းမှာ ခြေစွမ်းကျဆင်းသွားတာက စိုးရိမ်စရာပါ။

အမ်းစထရောင်းကလွဲပြီး ဂိုးရနိုင်မယ့် လမ်းကြောင်းမမြင်ပါဘူး။

သူတို့က ပြီးခဲ့တဲ့ ရာသီ လိဂ်မှာ ဒုတိယမြောက် ပေးဂိုးအများဆုံးအသင်းဖြစ်ပါတယ်။

ဒီရာသီလည်း အဆိုပါနေရာမှာ များစွာတိုးတက်မှုရှိလိမ့်မယ်လို့ မထင်ပါဘူး ။”

“ ဒီပွဲစဥ်မှာတော့ ယူနိုက်တက်ရဲ့အနိုင်ရလာဒ်က လွဲပြီး ကျန်တာဘာမှ မမြင်မိပါဘူး။

ပြီးခဲ့တဲ့အပတ်မှာ သူတို့က အရမ်းကောင်းခဲ့ပါတယ်။

ဒါကြောင့် ယိုယွင်းနေတဲ့ စိန့်ရဲ့ ခံစစ်ကို ထိုးဖော်နိုင်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာက္သမ္တန္နဲ႔ပြဲမွာ ဘာလိုျဖစ္ျဖစ္ ယူႏိုက္တက္ ႏိုင္မယ္လို႔ မိုက္ကယ္ အိုဝင္က ထပ္ေျပာျပန္ၿပီ ပရိသတ္တို႔ေရ

လိဒ္နဲ႔ပြဲတုန္းက မိုက္ကယ္အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြရင္ထိပ္ခဲ့ၾကရေပမယ့္ လိဒ္ ယူႏိုက္တက္ကို ( ၅-၁ ) အႏိုင္ရရွိခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ယူႏိုက္တက္ပရိသတ္ေတြ ေပ်ာ္႐ႊင္ခဲ့ရပါတယ္။အခု တစ္ပတ္မွာေတာ့ ေဆာက္သမ္တန္အသင္းနဲ႔ အေဝးကြင္းသြားေရာက္ ကစားရဖို႔ ရွိပါတယ္။

အဂၤလန္ ဂႏၲဝင္ကစားသမားႀကီး မိုက္ကယ္အိုဝင္ကေတာ့ အဆိုပါ ပြဲစဥ္မွာ ယူႏိုက္တက္က ေဆာက္သမ္တန္ကို ( ၃-၁ ) ရလာဒ္နဲ႔ အႏိုင္ရရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

အိုဝင္က BetVictor နဲ႔ ေတြ႕ဆုံရာမွာ “ မန္ခ်က္စတာ ယူႏိုက္တက္က လိဒ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ အေတာ္ေလးေကာင္းမြန္ခဲ့တာေတြ႕ရပါတယ္။ လိဒ္က သူတို႔အတြက္ ကစားရပိုလြယ္ကူေစသလို ျဖစ္သြားခဲ့တယ္လို႔ ထင္ေပမယ့္ ယူႏိုက္တက္ကစားပုံအခ်ိဳ႕ကလည္း ေကာင္းမြန္မႈရွိခဲ့ပါတယ္။ ေပါ့ဘာ ႏွင့္ ဖာနန္ဒက္စ္က အခြင့္အေရးေတြ တစ္ႀကိမ္ၿပီး တစ္ႀကိမ္ ဖန္တီးေပးခဲ့ပါတယ္။ ဂရင္းဝုဒ္ ဂိုးသြင္းႏိုင္တဲ့အေပၚ ေပ်ာ္႐ႊင္မိပါတယ္။ သူဟာ ကမာၻ႔ထိပ္တန္းတိုက္စစ္မႉးတစ္ဦးျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ယူႏိုက္တက္ရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ဆန္ခ်ိဳ ၊ ဗာရန္းတို႔ ပါလာအုံးမွာပါ ။ ဒါေၾကာင့္ သူတို႔က လက္ရွိ အေကာင္းဆုံးအေနအထား ပိုင္ဆိုင္ထားပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

“ ေဆာက္သမ္တန္က အဲဗာတန္နဲ႔ ပြဲစဥ္မွာ အေကာင္းဆုံး စတင္ႏိုင္ခဲ့ၿပီး ကစားသမားသစ္ အဒမ္ အမ္းစထေရာင္းက လွပတဲ့ သြင္းဂိုးရယူခဲ့ပါတယ္။ သူတို႔ ဒုတိယပိုင္းမွာ ေျခစြမ္းက်ဆင္းသြားတာက စိုးရိမ္စရာပါ ။ အမ္းစထေရာင္းကလြဲၿပီး ဂိုးရႏိုင္မယ့္ လမ္းေၾကာင္းမျမင္ပါဘူး ။ သူတို႔က ၿပီးခဲ့တဲ့ ရာသီ လိဂ္မွာ ဒုတိယေျမာက္ ေပးဂိုးအမ်ားဆုံးအသင္းျဖစ္ပါတယ္။ ဒီရာသီလည္း အဆိုပါေနရာမွာ မ်ားစြာတိုးတက္မႈရွိလိမ့္မယ္လို႔ မထင္ပါဘူး ။”

“ ဒီပြဲစဥ္မွာေတာ့ ယူႏိုက္တက္ရဲ႕အႏိုင္ရလာဒ္က လြဲၿပီး က်န္တာဘာမွ မျမင္မိပါဘူး ။ ၿပီးခဲ့တဲ့အပတ္မွာ သူတို႔က အရမ္းေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္ ယိုယြင္းေနတဲ့ စိန႔္ရဲ႕ ခံစစ္ကို ထိုးေဖာ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းမိပါတယ္။”