ဆောက်သမ်တန်နဲ့ပွဲက ဆိုးလ်ရှားအတွက် အနိုင်ကစားရမယ့်အမှတ်ယူပွဲ၊ ပွဲထွက်လူစာရင်းဘယ်လိုဖြစ်မလဲ…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူဟာ ဒီကနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့အဝေးကွင်းကစားရမှာဖြစ်ပြီး ပေါ့ဂ်ဘာနဲ့ တွန်မီနေးတို့ဒဏ်ရာရနေကြတာကြောင့်ကွင်းလယ်အခင်းအကျင်းက စိတ်ဝင်စားစရာဖြစ်လာပါတယ်။

ဆောက်သမ်တန်ဟာ လက်ရှိမှာခြေစွမ်းကောင်းမွန်နေပြီး ၇ ပွဲဆက်တိုင်ရှုံးပွဲမရှိဘဲ ၅ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့လို့ အဆင့် ၅ နေရာကိုရယူထားပါတယ်။ ဒါကြောင့် မန်ယူအတွက်ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမှာပါ။

ဗန်ဒီဘိခ်လား မာတစ်လား…?

လေ့လာသူတွေကတော့ မန်ယူဟာ အစ္စတန်ဘူလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဗန်ဒီဘိခ်ကို ပွဲထွက်လူစာရင်းကနေအသုံးပြုဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဆောက်သမ်တန်ဟာ ဒန်နီအင့်နဲ့ ရက်မွန့်တို့ ဒဏ်ရာရနေတာတောင် ကစားပုံကောင်းမွန်နေဆဲဖြစ်လို့ ဆိုးလ်ရှားဟာ အစ္စတန်ဘူလ်နဲ့ပွဲတုန်းကလို တိုက်စစ်အသားပေးတဲ့ ကစားဟန်နဲ့ပွဲထွက်ဖို့မသေချာပါဘူး။

ဒါပေမယ့် ၄-၂-၃-၁ ကစားကွက်ကိုအလေးထားတဲ့ ဆိုလ်းရှားဟာ လူနေရာချထားမှုအပိုင်းကိုတော့ ခံစစ်ကိုကူညီပေးဖို့အတွက်ဦးစားပေးပါလိမ့်မယ်။ ဒီအတွက် ဗန်ဒီဘိခ်အစားအတွေ့အကြုံပိုရင့်တဲ့ မာတစ်က ဖရက်ဒ်နဲ့တွဲဖက်လာဖို့ ရှိနေတာပါ။

မာတာလား မာရှယ်လား…?

တိုက်စစ်မှာတော့ ဆိုးလ်ရှားဟာ နောက်ပိုင်း ပွဲတွေမှာ မာတာကို ညာတောင်ပံမှာပွဲထုတ်လာခဲ့တာတွေ့ရပါတယ်။ မာတာဟာ ပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်းသိလို့ ပွဲထွက်လာဖို့ရှိပါတယ်။

တိုက်စစ်မှာ ကာဗာနီ…?

ဘယ်တောင်ပံမှာတော့ ရက်ရှ်ဖို့ဘဲနေရာရမှာဖြစ်ပြီး အထောင်တိုက်စစ်အတွက် မာရှယ်နဲ့ ကာဗာနီ တို့ထဲကဘယ်သူ့ကိုသုံးမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ကာဗာနီဟာ အစ္စတန်ဘူလ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်သူ့လှုပ်ရှားမှုတွေက အကောင်းဆုံးဖြစ်ခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒီတော့ သူ့ကိုဆက်သုံးမလားဆိုတာ ဆိုးလ်ရှားစဉ်းစားရပါမယ်။ ကာဗာနီကိုလည်း ဆက်သုံးပြီး မာရှယ်ကိုလည်းပွဲထွက်စေချင်တယ်ဆိုရင်တော့ နေရာပျောက်သွားမှာ မာတာဘဲဖြစ်ပါလိမ့်မယ်။

ဆိုးလ်ရှားရဲ့ ဖြစ်နိုင်ချေလူစာရင်း

ဖြစ်နိုင်ချေအရှိဆုံးကတော့ အဲဗာတန်နဲ့ပွဲတုန်းကပွဲထွက်ပုံစံလိုမျိုးဘဲ ဖြစ်နိုင်နေပြီး အပြောင်းအလဲအနည်းငယ်လောက်ဘဲရှိမယ်လို့ မျှော်လင့်ရပါတယ်။ မန်ယူရဲ့ဖြစ်နိုင်ချေလူစာရင်းကတော့….ဒီဂီယာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ တဲလက်စ်၊ ဖရက်ဒ်၊ မာတစ်၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ မာတာ နဲ့ မာရှယ်တို့ပါဘဲ။

တိုက်စစ်ပိုင်းအပြောင်း အလဲဖြစ်နိုင်တဲ့ပုံစံကတော့ ကာဗာနီ ကအထောင်အဖြစ်ပွဲထွက်လာရင် ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံ၊ မာရှယ်က ညာတောင်ပံမှာ ကစားရဖို့ရှိနေကြောင်းပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာက္သမ္တန္နဲ႔ပြဲက ဆိုးလ္ရွားအတြက္ အႏိုင္ကစားရမယ့္အမွတ္ယူပြဲ၊ ပြဲထြက္လူစာရင္းဘယ္လိုျဖစ္မလဲ…?

မန္ယူဟာ ဒီကေန႔ညမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္နဲ႔အေဝးကြင္းကစားရမွာျဖစ္ၿပီး ေပါ့ဂ္ဘာနဲ႔ တြန္မီေနးတို႔ဒဏ္ရာရေနၾကတာေၾကာင့္ကြင္းလယ္အခင္းအက်င္းက စိတ္ဝင္စားစရာျဖစ္လာပါတယ္။

ေဆာက္သမ္တန္ဟာ လက္ရွိမွာေျခစြမ္းေကာင္းမြန္ေနၿပီး ၇ ပြဲဆက္တိုင္ရႈံးပြဲမရွိဘဲ ၅ ပြဲႏိုင္ၿပီး ၂ ပြဲသေရက်ခဲ့လို႔ အဆင့္ ၅ ေနရာကိုရယူထားပါတယ္။ ဒါေၾကာင့္ မန္ယူအတြက္ခက္ခဲတဲ့ ပြဲစဥ္ျဖစ္လာမွာပါ။

ဗန္ဒီဘိခ္လား မာတစ္လား…?

ေလ့လာသူေတြကေတာ့ မန္ယူဟာ အစၥတန္ဘူလ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ဗန္ဒီဘိခ္ကို ပြဲထြက္လူစာရင္းကေနအသုံးျပဳဖို႔ရွိေနတယ္လို႔ ဆိုပါတယ္။ ေဆာက္သမ္တန္ဟာ ဒန္နီအင့္နဲ႔ ရက္မြန႔္တို႔ ဒဏ္ရာရေနတာေတာင္ ကစားပုံေကာင္းမြန္ေနဆဲျဖစ္လို႔ ဆိုးလ္ရွားဟာ အစၥတန္ဘူလ္နဲ႔ပြဲတုန္းကလို တိုက္စစ္အသားေပးတဲ့ ကစားဟန္နဲ႔ပြဲထြက္ဖို႔မေသခ်ာပါဘူး။

ဒါေပမယ့္ ၄-၂-၃-၁ ကစားကြက္ကိုအေလးထားတဲ့ ဆိုလ္းရွားဟာ လူေနရာခ်ထားမႈအပိုင္းကိုေတာ့ ခံစစ္ကိုကူညီေပးဖို႔အတြက္ဦးစားေပးပါလိမ့္မယ္။
ဒီအတြက္ ဗန္ဒီဘိခ္အစားအေတြ႕အႀကဳံပိုရင့္တဲ့ မာတစ္က ဖရက္ဒ္နဲ႔တြဲဖက္လာဖို႔ ရွိေနတာပါ။

မာတာလား မာရွယ္လား…?

တိုက္စစ္မွာေတာ့ ဆိုးလ္ရွားဟာ ေနာက္ပိုင္း ပြဲေတြမွာ မာတာကို ညာေတာင္ပံမွာပြဲထုတ္လာခဲ့တာေတြ႕ရပါတယ္။ မာတာဟာ ပရီးမီးယားလိဂ္အေၾကာင္း ေကာင္းေကာင္းသိလို႔ ပြဲထြက္လာဖို႔ရွိပါတယ္။

တိုက္စစ္မွာ ကာဗာနီ…?

ဘယ္ေတာင္ပံမွာေတာ့ ရက္ရွ္ဖို႔ဘဲေနရာရမွာျဖစ္ၿပီး အေထာင္တိုက္စစ္အတြက္ မာရွယ္နဲ႔ ကာဗာနီ တို႔ထဲကဘယ္သူ႔ကိုသုံးမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ပါတယ္။ ကာဗာနီဟာ အစၥတန္ဘူလ္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္သူ႔လႈပ္ရွားမႈေတြက အေကာင္းဆုံးျဖစ္ခဲ့ၿပီးေျခစြမ္းျပႏိုင္ခဲ့တာပါ။ ဒီေတာ့ သူ႔ကိုဆက္သုံးမလားဆိုတာ ဆိုးလ္ရွားစဥ္းစားရပါမယ္။ ကာဗာနီကိုလည္း ဆက္သုံးၿပီး မာရွယ္ကိုလည္းပြဲထြက္ေစခ်င္တယ္ဆိုရင္ေတာ့ ေနရာေပ်ာက္သြားမွာ မာတာဘဲျဖစ္ပါလိမ့္မယ္။

ဆိုးလ္ရွားရဲ႕ ျဖစ္ႏိုင္ေခ်လူစာရင္း

ျဖစ္ႏိုင္ေခ်အရွိဆုံးကေတာ့ အဲဗာတန္နဲ႔ပြဲတုန္းကပြဲထြက္ပံုစံလိုမ်ိဳးဘဲ ျဖစ္ႏိုင္ေနၿပီး အေျပာင္းအလဲအနည္းငယ္ေလာက္ဘဲရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မန္ယူရဲ႕ျဖစ္ႏိုင္ေခ်လူစာရင္းကေတာ့….ဒီဂီယာ၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဘစ္ဆာကာ၊ တဲလက္စ္၊ ဖရက္ဒ္၊ မာတစ္၊ ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္၊ မာတာ နဲ႔ မာရွယ္တို႔ပါဘဲ။

တိုက္စစ္ပိုင္းအေျပာင္း အလဲျဖစ္ႏိုင္တဲ့ပုံစံကေတာ့ ကာဗာနီ ကအေထာင္အျဖစ္ပြဲထြက္လာရင္ ရက္ရွ္ဖို႔ဒ္က ဘယ္ေတာင္ပံ၊ မာရွယ္က ညာေတာင္ပံမွာ ကစားရဖို႔ရွိေနေၾကာင္းပါ။