ဆောက်သမ်တန်ကို come back နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှ ယူနိုက်တက်ကစားသမားတွေရဲ့ Rating သတ်မှတ်ချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကတော့ ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာလာရောက်ကစားခဲ့ရပြီး ပထမပိုင်းမှာ ၂ ဂိုးပြတ်ဦးဆောင်ခြင်းခံထားရပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်တိုက်စစ်မှူး ကာဗာနီရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃-၂ ဂိုးနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ကတော့ ပထမပိုင်းမှာ Set-piece ကနေ ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကို ဘီနာရက်ခ်က ခေါင်းတိုက်ဂိုး နဲ့ ဝက်စ်ပရောက်တ်က ဖရီးကစ်ကနေ သွင်းယူပေးခဲ့ပါတယ်။

ဆိုးလ်ရှားက ဒုတိယပိုင်းမှာ ကာဗာနီကို လူစားအပြောင်းအလဲပြုလု်ပ်ပြီး ထည့်သွင်းလာခဲ့ပါတယ်။ အဲ့နောက် အသက် ၃၃ နှစ်သားက ဖာနန်ဒက်စ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကိုပါသွင်းယူပြီး ပြန်လာနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေရရှိတဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်တွေကတော့

ဒီဂီယာ – ၅ မှတ်
စပိန်သားကတော့ ဒီနေ့ပွဲမှာ အမှားများခဲ့ပြီး အဖွင့်ဂိုး ၂ ဂိုးစလုံးကို ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့နောက် ဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဒင်းဟန်ဒါဆန်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ဝမ်ဘစ်ဆာကာ – ၆ မှတ် | ညာနောက်ခံကစားသမားကတော့ ဒီနေ့ပွဲမှာ ခြေစွမ်းအနည်းငယ်ပျောက်ခဲ့ပေမယ့် တိုက်စစ်ကို အကောင်းဆုံးလိုက်ပါနိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် – ၆ မှတ် | ဗဟိုနောက်ခံလူ လင်ဒီလော့ဖ်ကတော့ ဒုတိယပိုင်းမှာ တိုးတက်လာခဲ့ပြီး အရေးပါတဲ့ဖျက်ထုတ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

မက်ဂွါရီ – ၆ မှတ် | အင်္ဂလန်သားကတော့ ဒီနေ့ပွဲမှာ ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့ပြီး အဖွင့်ဂိုးမှာလည်း သူ့ရဲ့အမှားပါဝင်နေခဲ့ပါတယ်။

တယ်လက်စ် – ၆ မှတ် | ဘရာဇီးလ်သားကတော့ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ပထမဆုံးပြန်လာနိုင်ခဲ့ပေမယ့် ခြေစွမ်းပျောက်ခဲ့ကာ ဒုတိယပိုင်းမှာ ဘရန်ဒန်ဝီလီယံနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဖရက်ဒ် – ၆ မှတ် | ဝက်စ်ပရောက်တ်ရဲ့ဖရီးကစ်ပေးလိုက်ရတာက သူ့အမှားမကင်းပေမယ့် တစ်ပွဲလုံးအနေအထားမှာ အကောင်းဆုံးကစားပေးနိုင်ခဲ့ပါတယ်။

မာတစ် – ၆ မှတ် | မာတစ်ရဲ့ခြေစွမ်းကလည်း ပုံမှန်အောက်ရောက်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးနေ့ရက်တွေက နောက်မှာကျန်ရစ်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဗန်ဒီဘိခ် – ၆ မှတ် | အေဂျက်စ်ကွင်းလယ်လူဟောင်းကတော့ ဒီနေ့ပွဲခြေစွမ်းက သာမန်လောက်သာ ရှိခဲ့ပါတယ်။

ဖာနန်ဒက်စ် – ၇ မှတ် | ပေါ်တူဂီသားရဲ့ဒီနေ့ပွဲခြေစွမ်းကတော့ အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိခဲ့ပြီး ဒုတိယပိုင်းမှာကာဗာနီရဲ့ဖန်တီးပေးမှုကို အကောင်းဆုံးအဆုံးသတ်ပြီး ချေပဂိုးရယူပေးခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် – ၆ မှတ် | ဒီနေ့ပွဲမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ အင်္ဂလန်သားတစ်ယောက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ် – ၅ မှတ် | မေဆင်တစ်ယောက် ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ကာဗာနီနဲ့လူစားလဲခံခဲ့ရပါတယ်။

ဟန်ဒါဆန် – ၇ မှတ် | အသက် ၂၃ နှစ်သားဟာ ဒီဂီယာအစားလူစားဝင်ခဲ့ပေမယ့် ဂိုးပေါက်ကို ၂ ကြိမ်တိုင်ကာကွယ်နိုင်ခဲ့ပါတယ်။

ကာဗာနီ – ၉ မှတ် | ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားကတော့ လူစားဝင်တိုက်စစ်မှူး ကာဗာနီဖြစ်ပြီး ဒုတိယပိုင်းမှာမှ လူစားဝင်ခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ချေပဂိုး နဲ့ နောက်ကျအနိုင်ဂိုးတွေကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာက္သမ္တန္ကို come back နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွ ယူႏိုက္တက္ကစားသမားေတြရဲ႕ Rating သတ္မွတ္ခ်က္မ်ား

ယူႏိုက္တက္အသင္းကေတာ့ ေဆာက္သမ္တန္အသင္းကို အေ၀းကြင္းမွာလာေရာက္ကစားခဲ့ရျပီး ပထမပိုုင္းမွာ ၂ ဂိုးျပတ္ဦးေဆာင္ျခင္းခံထားရေပမယ့္ ဒုတိယပိုင္းမွာ လူစား၀င္တိုက္စစ္မွဴး ကာဗာနီရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔အတူ ၃-၂ ဂိုးနဲ႔ ျပန္လာႏုိင္ခဲ့ပါတယ္။

ေဆာက္သမ္တန္ကေတာ့ ပထမပိုင္းမွာ Set-piece ကေန ၂ ဂိုးစလံုးကို သြင္းယူေပးႏုိင္ခဲ့ပါတယ္။ သြင္းဂိုးေတြကို ဘီနာရက္ခ္က ေခါင္းတိုက္ဂိုး နဲ႔ ၀က္စ္ပေရာက္တ္က ဖရီးကစ္ကေန သြင္းယူေပးခဲ့ပါတယ္။
ဆိုးလ္ရွားက ဒုတိယပိုင္းမွာ ကာဗာနီကို လူစားအေျပာင္းအလဲျပဳလု္ပ္ျပီး ထည့္သြင္းလာခဲ့ပါတယ္။ အဲ့ေနာက္ အသက္ ၃၃ ႏွစ္သားက ဖာနန္ဒက္စ္ရဲ႕ဂိုးကို ဖန္တီးေပးႏိုင္ခဲ့သလို အသင္းအတြက္ အႏိုင္ဂိုး ၂ ဂိုးစလံုးကိုပါသြင္းယူျပီး ျပန္လာႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြရရွိတဲ့ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ေတြကေတာ့

ဒီဂီယာ – ၅ မွတ္| စပိန္သားကေတာ့ ဒီေန႔ပြဲမွာ အမွားမ်ားခဲ့ျပီး အဖြင့္ဂိုး ၂ ဂိုးစလံုးကို ခြင့္ျပဳေပးခဲ့ရပါတယ္။ အဲ့ေနာက္ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ ဒင္းဟန္ဒါဆန္နဲ႔ လူစားလဲခံခဲ့ရပါတယ္။

၀မ္ဘစ္ဆာကာ – ၆ မွတ္ | ညာေနာက္ခံကစားသမားကေတာ့ ဒီေန႔ပြဲမွာ ေျခစြမ္းအနည္းငယ္ေပ်ာက္ခဲ့ေပမယ့္ တိုက္စစ္ကို အေကာင္းဆံုးလိုက္ပါႏိုင္ခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ – ၆ မွတ္ | ဗဟုိေနာက္ခံလူ လင္ဒီေလာ့ဖ္ကေတာ့ ဒုတိယပိုင္းမွာ တိုးတက္လာခဲ့ျပီး အေရးပါတဲ့ဖ်က္ထုတ္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မက္ဂြါရီ – ၆ မွတ္ | အဂၤလန္သားကေတာ့ ဒီေန႔ပြဲမွာ ပံုမွန္ေျခစြမ္းေအာက္ေရာက္ခဲ့ျပီး အဖြင့္ဂိုးမွာလည္း သူ႕ရဲ႕အမွားပါ၀င္ေနခဲ့ပါတယ္။

တယ္လက္စ္ – ၆ မွတ္ | ဘရာဇီးလ္သားကေတာ့ ကိုဗစ္ပိုးေတြ႕ရွိခဲ့ျပီးေနာက္ ပထမဆံုးျပန္လာႏုိင္ခဲ့ေပမယ့္ ေျခစြမ္းေပ်ာက္ခဲ့ကာ ဒုတိယပိုင္းမွာ ဘရန္ဒန္၀ီလီယံနဲ႔ လူစားလဲခံခဲ့ရပါတယ္။

ဖရက္ဒ္ – ၆ မွတ္ | ၀က္စ္ပေရာက္တ္ရဲ႕ဖရီးကစ္ေပးလိုက္ရတာက သူ႕အမွားမကင္းေပမယ့္ တစ္ပြဲလံုးအေနအထားမွာ အေကာင္းဆံုးကစားေပးႏုိင္ခဲ့ပါတယ္။

မာတစ္ – ၆ မွတ္ | မာတစ္ရဲ႕ေျခစြမ္းကလည္း ပံုမွန္ေအာက္ေရာက္ခဲ့ျပီး သူ႕ရဲ႕အေကာင္းဆံုးေန႔ရက္ေတြက ေနာက္မွာက်န္ရစ္ခဲ့ျပီလို႔ ဆိုရမွာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ – ၆ မွတ္ | ေအဂ်က္စ္ကြင္းလယ္လူေဟာင္းကေတာ့ ဒီေန႔ပြဲေျခစြမ္းက သာမန္ေလာက္သာ ရွိခဲ့ပါတယ္။

ဖာနန္ဒက္စ္ – ၇ မွတ္ | ေပၚတူဂီသားရဲ႕ဒီေန႔ပြဲေျခစြမ္းကေတာ့ အေကာင္းဆံုးအေနအထားတစ္ရပ္မွာ ရွိခဲ့ျပီး ဒုတိယပိုင္းမွာကာဗာနီရဲ႕ဖန္တီးေပးမႈကို အေကာင္းဆံုးအဆံုးသတ္ျပီး ေခ်ပဂိုးရယူေပးခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ – ၆ မွတ္ | ဒီေန႔ပြဲမွာ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ အသံုးမခ်ႏိုင္ခဲ့ဘဲ အဂၤလန္သားတစ္ေယာက္ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။

ေမဆင္ဂရင္း၀ုဒ္ – ၅ မွတ္ | ေမဆင္တစ္ေယာက္ ပထမပိုင္းမွာ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ အသံုးမခ်ႏုိင္ခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ ကာဗာနီနဲ႔လူစားလဲခံခဲ့ရပါတယ္။

ဟန္ဒါဆန္ – ၇ မွတ္ | အသက္ ၂၃ ႏွစ္သားဟာ ဒီဂီယာအစားလူစား၀င္ခဲ့ေပမယ့္ ဂိုးေပါက္ကို ၂ ၾကိမ္တိုင္ကာကြယ္ႏိုင္ခဲ့ပါတယ္။

ကာဗာနီ – ၉ မွတ္ | ဒီေန႔ပြဲရဲ႕အေကာင္းဆံုးကစားသမားကေတာ့ လူစား၀င္တိုက္စစ္မွဴး ကာဗာနီျဖစ္ျပီး ဒုတိယပိုင္းမွာမွ လူစား၀င္ခဲ့ေပမယ့္ ဖာနန္ဒက္စ္ရဲ႕ဂိုးကို ဖန္တီးေပးႏိုင္ခဲ့သလို ေခ်ပဂိုး နဲ႔ ေနာက္က်အႏိုင္ဂိုးေတြကိုပါ သြင္းယူေပးႏိုင္ခဲ့ပါတယ္။