ဆောက်ဂိတ်နေရာမှာ မော်ရင်ဟိုနဲ့အစားထိုးသင့်တယ်လို့ မီဒိုအကြံပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်ဂိတ်လက်အောက်မှာ ကစားခဲ့ဖူးတဲ့ အီဂျစ်သားမီဒိုက အင်္ဂလန်အသင်းအနေနဲ့ ဆောက်ဂိတ်နေရာမှာ မော်ရင်ဟိုကိုအစားထိုးသင့်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းဟာ မော်ရင်ဟိုလိုနည်းပြမျိုးလည်း လိုအပ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲမှာ ပွဲ ၅၀ ပြည့်ခဲ့ပေမယ့် တိုင်လီမန်းစ် ၊ မာတင်တို့ရဲ့ဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို ၄၈ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၁၀ ပွဲအရေးနိမ့်ခဲ့ပါတယ်။

မစ်ဒယ်ဘရော့အသင်းမှာတုန်းက ဆောက်ဂိတ်လက်အောက်မှာ ၃ နှစ်တာကာလကိုဖြတ်သန်းခဲ့တဲ့ မီဒိုက နည်းပြဟောင်းအနေနဲ့ အင်္ဂလန်အသင်းကို ကိုင်တွယ်ရာမှာ လိုအပ်ချက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ “အင်္ဂလန်က မှန်ကန်တဲ့နည်းပြမျိုးလိုအပ်နေတာပါ။ သူတို့က ဆောက်ဂိတ်နဲ့ အချိန်ဖြုန်းနေသလိုပါပဲ။ မစ်ဒယ်ဘရော့ကို သူကိုင်တုန်းက တန်းဆင်းဇုန်တိုက်ပွဲဝင်နေရချိန်မှာ သူကြောက်ရွံ့နေခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအလုပ်ဆိုတာ မှန်ပေမယ့် အခုလည်းအင်္ဂလန်မှာ မစ်ဒယ်ဘရော့ကလိုဖြစ်နေပါတယ်”လို့ မီဒိုက ပြောကြားခဲ့ပါတယ်။

“တကယ်လို့မင်းသာ ဘောလုံးပွဲတစ်ပွဲကိုရှုံးဖို့ ကြောက်နေပြီဆိုရင် အမြဲတမ်းရှုံးဖို့ ကြောက်နေပါလိမ့်မယ်။ အဲ့တာက ကစားသမားတွေဆီကိုပါ ကူးစက်တတ်ပါတယ်။ အင်္ဂလန်မှာ ထိပ်တန်းကစားသမားတွေရှိနေပါတယ်။

ဒါပေမယ့် သူတို့ကိုသေချာလေးကိုင်တွယ်နိုင်မယ့် နည်းပြလိုအပ်နေပါတယ်။ ဆောက်ဂိတ်နဲ့တော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို အကြံပေးချင်တာကတော့ ဆောက်ဂိတ်နေရာမှာ မော်ရင်ဟိုလိုနည်းပြ လိုအပ်ပါတယ်”လို့ မီဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ဆောက်ဂိတ်ဟာ မစ်ဒယ်ဘရော့အသင်းကို ၂၀၀၈ – ၀၉ ရာသီမှာ ကိုင်တွယ်ခဲ့ပြီး ၁၈ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီး တန်းဆင်းခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂလန်ယူ- ၂၁ အသင်းမှာ အောင်မြင်ခဲ့တာကြောင့် ဆောက်ဂိတ်ဟာ ရွိုင်းဟော့ဆန်နေရာမှာ အစားဝင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဆာက္ဂိတ္ေနရာမွာ ေမာ္ရင္ဟိုနဲ႔အစားထိုးသင့္တယ္လုိ႔ မီဒိုအၾကံျပဳ

ေဆာက္ဂိတ္လက္ေအာက္မွာ ကစားခဲ့ဖူးတဲ့ အီဂ်စ္သားမီဒိုက အဂၤလန္အသင္းအေနနဲ႔ ေဆာက္ဂိတ္ေနရာမွာ ေမာ္ရင္ဟိုကိုအစားထိုးသင့္တယ္လို႔ ေထာက္ခံေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ အဂၤလန္အသင္းဟာ ေမာ္ရင္ဟိုလိုနည္းျပမ်ိဳးလည္း လိုအပ္တယ္လို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာ ဘယ္လ္ဂ်ီယံအသင္းနဲ႔ပြဲမွာ ပြဲ ၅၀ ျပည့္ခဲ့ေပမယ့္ တိုင္လီမန္းစ္ ၊ မာတင္တို႔ရဲ႕ဂိုးေတြနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို ၄၈ ပြဲအထိ ကိုင္တြယ္ခဲ့ျပီး ၁၀ ပြဲအေရးနိမ့္ခဲ့ပါတယ္။
မစ္ဒယ္ဘေရာ့အသင္းမွာတုန္းက ေဆာက္ဂိတ္လက္ေအာက္မွာ ၃ ႏွစ္တာကာလကိုျဖတ္သန္းခဲ့တဲ့ မီဒိုက နည္းျပေဟာင္းအေနနဲ႔ အဂၤလန္အသင္းကို ကိုင္တြယ္ရာမွာ လိုအပ္ခ်က္ရွိေနတယ္လို႔ ယံုၾကည္ေနပါတယ္။

“အဂၤလန္က မွန္ကန္တဲ့နည္းျပမ်ိဳးလိုအပ္ေနတာပါ။ သူတို႔က ေဆာက္ဂိတ္နဲ႔ အခ်ိန္ျဖဳန္းေနသလိုပါပဲ။ မစ္ဒယ္ဘေရာ့ကို သူကိုင္တုန္းက တန္းဆင္းဇုန္တိုက္ပြဲ၀င္ေနရခ်ိန္မွာ သူေၾကာက္ရြံ႕ေနခဲ့ပါတယ္။ သူ႕ရဲ႕ပထမဆံုးအလုပ္ဆုိတာ မွန္ေပမယ့္ အခုလည္းအဂၤလန္မွာ မစ္ဒယ္ဘေရာ့ကလိုျဖစ္ေနပါတယ္”လို႔ မီဒိုက ေျပာၾကားခဲ့ပါတယ္။

“တကယ္လို႔မင္းသာ ေဘာလံုးပြဲတစ္ပြဲကိုရံႈးဖို႔ ေၾကာက္ေနျပီဆိုရင္ အျမဲတမ္းရံႈးဖို႔ ေၾကာက္ေနပါလိမ့္မယ္။ အဲ့တာက ကစားသမားေတြဆီကိုပါ ကူးစက္တတ္ပါတယ္။ အဂၤလန္မွာ ထိ္ပ္တန္းကစားသမားေတြရွိေနပါတယ္။

ဒါေပမယ့္ သူတို႔ကိုေသခ်ာေလးကိုင္တြယ္ႏို္င္မယ့္ နည္းျပလိုအပ္ေနပါတယ္။ ေဆာက္ဂိတ္နဲ႔ေတာ့ မျဖစ္ႏုိင္ဘူးလို႔ထင္ပါတယ္။ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ကို အၾကံေပးခ်င္တာကေတာ့ ေဆာက္ဂိတ္ေနရာမွာ ေမာ္ရင္ဟိုလိုနည္းျပ လိုအပ္ပါတယ္”လို႔ မီဒိုက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာ မစ္ဒယ္ဘေရာ့အသင္းကို ၂၀၀၈ – ၀၉ ရာသီမွာ ကိုင္တြယ္ခဲ့ျပီး ၁၈ ပြဲမွာ ၁ ပြဲသာအႏိုင္ရရွိခဲ့ျပီး တန္းဆင္းခဲ့ရပါတယ္။ ဒါေပမယ့္ အဂၤလန္ယူ- ၂၁ အသင္းမွာ ေအာင္ျမင္ခဲ့တာေၾကာင့္ ေဆာက္ဂိတ္ဟာ ရြိဳင္းေဟာ့ဆန္ေနရာမွာ အစား၀င္ႏိုင္ခဲ့ပါတယ္။