ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ခင် ဗာရန်ကို ယူနိုက်တက်ဆီ ရောင်းချင်တဲ့ ရီးရဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့ သက်ဆိုင်တဲ့ ကစားသမားအပြောင်းအရွေ့ကိစ္စတွေကတော့ မကြာခဏ ထွက်ပေါ်နေတာပါပဲ။ အခုကတော့ ရီးရဲလ်အသင်းသားတစ်ယောက် ယူနိုက်တက်ဆီ ရောက်လာနိုင်တဲ့ အကြောင်းပါ။ ရီးရဲလ်မက်ဒရစ်အသင်းက သူတို့အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်ကို ယူနိုက်တက်အသင်းထံကို ရောင်းချဖို့ အတွက် စဉ်းစားနေကြောင်း ကြားသိရပါတယ်။

အသက် ၂၇နှစ် အရွယ် ဗဟိုနောက်ခံလူ ဗာရန်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ကာလရှည် ရပ်တည်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗာရန် တို့ ချုပ်ထားတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အသင်းနဲ့ ကစားသမားအကြား စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးညှိနှိုင်း ပြောဆိုတာတွေလည်း အခုအချိန်အထိ တိတိပပ မရှိပါဘူး။ တချို့သတင်းတွေအရတော့ ဗာရန်က သူ့ကို ခေါ်ယူချင်တဲ့ ကလပ်များကို အပြောင်းအရွှေ့အတွက် နောက်နှစ် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းဖို့ ပြောထားတယ်လို့ ကြားရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာငွေရေးကြေးရေး အရ ယူရို သန်း ၄၀၀ ဝန်းကျင် အထိ အရှုံးပေါ်ခဲ့သလို အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်နေတဲ့ အနေအထားကြောင့် ငွေကြေးလိုအပ်မှု များပြားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရီးရဲလ်မက် ဒရစ်အသင်း၏ဥက္ကဌက ဗာရန်ကိုပြောင်းရွှေ့ ကြေးအလွတ်နဲ့ ထွက်ခွာခွင့်မပေးလိုတဲ့ အတွက် လာမယ့် နွေအပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဗာရန်ကိုခေါ်ယူဖို့ နှစ်သက်မှုရှိ ပြီး၊ ပိုက်ဆံလည်းသုံးနိုင်မယ့် ယူနိုက်တက်ဆီကို သူတို့ရဲ့ ကစားသမားကို ပို့ချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ၀န်းကျင်ရရှိပါက ဗာရန်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မှာ ကျိန်းသေပေါက် ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။ ဗာရန်အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဌဖြစ်သူ ပီရက်ဇ်က ” တကယ်လို့ ရီးရဲလ်မှာ မနေချင်တဲ့ ကစားသမားဆိုရင် အသင်းကနေ ထွက်သွားလို့ရပါတယ်” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






